Friday, 18 October 2019 08:27

4_57.jpg

ပြည်တွင်း၌ ပထမဆုံးအဖြစ် Steel Structure ဖြင့် တည်ဆောက်သည့် ၂၆ ထပ်အမြင့်ရှိအဆောက်အအုံ တည်ဆောက်မှုမှာ ရှေ့နှစ်လယ် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဆောက်အအုံသည် ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီးတွင် တည်ရှိပြီး Mottama Development မှ M Tower အမည်ဖြင့် တည်ဆောက်နေသည့်အဆောက်အအုံဖြစ်သည်။

"အဆောက်အအုံ တည်ဆောက်မှုပြီးတာနဲ့ ရုံးခန်းအတွက် ငှားရမ်းထားတဲ့သူတွေကို ပြင်ဆင်နိုင်ဖို့ လွှဲပြောင်းပေးမှာပါ။ ဒီ M Tower မှာ သုံးလွှာအထိက ဘဏ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ရှော့ပင်းမောတွေရှိမှာဖြစ်ပြီး ကျန်တဲ့အခန်းတွေကတော့ Office အနေနဲ့ငှားရမ်းပေးသွားမှာပါ"ဟု Mottama Development မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ကမ္ဘာ့ပေးကမ်းစွန့်ကြဲမှု အညွှန်းကိန်းတွင် ထိပ်ဆုံး၌ရှိနေသော မြန်မာနိုင်ငံ

ထိုသံမဏိအဆောက်အအုံကို ဟောင်ကောင်ကုမ္ပဏီတစ်ခုနှင့် အကျိုးတူ ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခြင်းဖြစ်သည်။

M Tower၏အဆောက်အအုံဒီဇိုင်းများသည် မြန်မာနိုင်ငံ၏ 5 A အဆင့်ရှိသော သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောက်လုပ်ထားခြင်းဖြစ်သည့်အပြင် လျှပ်စစ်ပစ္စည်းများ သွယ်တန်းတပ်ဆင်ရာတွင် အဆင်ပြေစေရန်အတွက် ကြမ်းခင်းအမြင့်များနှင့် ဖွဲ့စည်းတည်ဆောက်ထားကြောင်း၊ အဆောက်အအုံ၏ အပြင်မှန်များကိုလည်း သဘာဝကိုထိခိုက်မှုလျော့နည်းစေသည့် အပူနှင့်အသံကိုလျှော့ချပေးနိုင်မည့် နှစ်ထပ်မှန်တံခါးများ အသုံးပြုထားပြီး ယင်းအဆောက်အအုံသည် တစ်နာရီမိုင် ၁၂၀ လေပြင်းတိုက်နှုန်း နှင့် ၇ ဒသမ ၅ ရစ်ချက်တာစကေးရှိသည့် ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိကြောင်း အသိအမှတ်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

pyi myanmar


Read times Last modified on Friday, 18 October 2019 11:52
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.