Thursday, 17 October 2019 06:29

Screenshot from 2019 10 17 13 21 22

မြန်မာနိုင်ငံမှ နိုင်ငံပေါင်း ( ၁၆ ) နိုင်ငံသို့ သက်သာသောနှုန်းထားများဖြင့် ဖုန်းခေါ်ဆိုနိုင်ပြီ ဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုနိုင်သောနိုင်ငံများမှာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ နော်ဝေး၊ ဟောင်ကောင်၊ ဂျာမနီ၊ တရုတ်၊ မလေးရှား၊ အန္ဒိယ၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ သြစတြေးလျ နိုင်ငံများဘဲ ဖြစ်ပါတယ်။

ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုတော့ တစ်မိနစ် ၄၅ ကျပ်နှုန်းနဲ့ ဖုန်းခေါ်ဆိုနိုင်ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် နော်ဝေး နိုင်ငံများကိုတော့ တစ်မိနစ် ၁၀၀ ကျပ်နဲ့ ဝန်ဆောင်ခမလိုဘဲ ဖုန်းခေါ်ဆိုနိုင်ပြီ ဖြစ်ပါတယ်။

တစ်မိနစ် ၅၀ ကျပ်နှုန်းဖြင့် ဟောင်ကောင်နှင့် ဂျာမနီ နိုင်ငံကို ဖုန်းခေါ်ဆိုနိုင်ပြီး ကျန် ( ၉ ) နိုင်ငံဖြစ်တဲ့ တရုတ်၊ မလေးရှား၊ အန္ဒိယ၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန် နှင့် သြစတြေးလျ နိုင်ငံများကိုတော့ တစ်မိနစ် ၂၇ ကျပ်နှုန်းဖြင့် ဖုန်းခေါ်ဆိုနိုင်မှာဘဲ ဖြစ်ပါတယ်။

သွားရောက်လည်ပတ်သင့်တဲ့ အာရှတိုက်ရဲ့ အလှပဆုံးမြို့ (၆) မြို့

ဝန်ဆောင်ခမှာ တစ်ပတ်လျှင် ၁၉၉ ကျပ် နှင့် တစ်လလုံးဆိုရင်တော့ ၄၉၉ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

အဆိုပါဈေးသက်သက်သာသာနှင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်တဲ့ အစီအစဉ်ကို Ooredoo Myanmar မှ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ( ၁၆ ) နိုင်ငံ၏ နိုင်ငံကုဒ်တွေကို အောက်က ဇယားထဲမှာ ဖော်ပြပေးထားပါတယ်။

Screenshot from 2019 10 17 11 28 30

May Thu Thu


Read times Last modified on Thursday, 17 October 2019 07:01
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.