Thursday, 10 October 2019 11:15

dt_190620_suicide_pills_800x450.jpg

လူ့ဘဝ သက်တမ်းတစ်လျှောက် လှုပ်ရှားရုန်းကန်ရင်းနဲ့ တစ်ချိန်မဟုတ် တစ်ချိန်တော့ စိတ်ဖိစီးမှုဆိုတာနဲ့ ထိပ်တိုက်တိုးရလေ့ ရှိပါတယ်။

သေကြောင်းကြံစည်မှု ဘာကြောင့် ဖြစ်တာလဲ

မိမိကိုယ်မိမိ သကြောင်းကြံစည်မှုရဲ့ အဓိက အကြောင်းအရင်းက စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပြီး စီးပွားရေးအဆင်မပြေလို့၊ စာမေးပွဲကျလို့၊ ချစ်သူကထားသွားလို့၊ လုပ်ငန်းခွင်မှာ အဆင်မပြေလို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေကြောင်းကြံစည်လေ့ ရှိပါတယ်။

စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ အကြောင်းအရင်းကိုလဲမသိ၊ ဘက်ညီအောင်ထိန်းချုပ်ခြင်းလဲ မလုပ်နိုင်ဘူးဆိုရင် ကြာလာတဲ့အခါ စိတ်ဓာတ်ကျခြင်း ဆိုတဲ့အဆင့်ကို ရောက်လာပါတော့တယ်။

ပထမဆုံးအနေနဲ့ မျှော်လင့်ချက်မဲ့လာမယ်၊ အသိတရား ကင်းကွာလာမယ်၊ နောက်ဆုံးမှာတော့ သူ့အတွက် လွတ်မြောက်ရာ ထွက်ပေါက်ရှာခြင်းအနေနဲ့ မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်းဆိုတဲ့ အဆင့်ကို ရောက်ရှိသွားပါတော့တယ်။

ဘယ်လိုအမူအရာတွေက သင်စိတ်ဓာတ်ကျနေပြီဆိုတာ ဖော်ပြနေသလဲ

ဘယ်လို ကာကွယ်နိုင်ကြမလဲ

အဲ့ဒီလို သေကြောင်းကြံစည်ခြင်းဆိုတဲ့ နောက်ဆုံးအဆင့်ကို မရောက်ရှိစေဖို့အတွက် ဘေးနားက မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေက ဝိုင်းဝန်းကူညီဖေးမပေးဖို့ လိုအပ်သလို အဓိက အရေးကြီးဆုံးကတော့ မိမိရဲ့ စိတ်သာလျှင် ဖြစ်ပါတယ်။

ကိုယ့်ကို ချစ်တဲ့ မိဘနဲ့ ညီကိုမောင်နှမတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ကိုယ့်အနားမှာ ရှိသေးတာကို မမေ့ပါနဲ့။ အရင်က ပျော်စရာကောင်းခဲ့တဲ့ အတိတ်တွေကို ပြန်သတိရပါ။ ဒီလိုအချိန်မှာ အတွေးပေါင်းစုံ ဝင်နေတတ်တယ်ဆိုပေမဲ့ အတတ်နိုင်ဆုံး အကောင်းဘက်က တွေးပါ၊

ကမ္ဘာပေါ်မှာ ကိုယ်မလုပ်ဖူးသေးတဲ့ အရာတွေ၊ ကိုယ်မမြည်းစမ်းကြည့်ရသေးတဲ့ အစားအသောက်တွေ၊ ကိုယ်မသွားဖူးသေးတဲ့ နေရာတွေကို ထိတွေ့ ခံစားရဦးမယ်ဆိုတာကို သတိရပါ။

ဘဝမှာ အမြဲတမ်း အဆိုးကြီးဘဲ ဖြစ်နေမှာတော့ မဟုတ်ပါဘူး၊ အခက်ခဲဆုံး အချိန်လေးကို ခဏသည်းခံပြီး ကျော်ဖြတ်လိုက်မယ်ဆိုရင် အဆင်ပြေပျော်ရွှင်ရမယ့် နေ့ရက်မျိုးတွေ ရောက်လာမှာပါ၊

ဘဝကြီးကို လွယ်လွယ်နဲ့ လက်မြောက် အရှုံးပေးလိုက်မယ့်အစား ဆက်လက် အသက်ရှင် နေထိုင်ဖို့ ထပ်ပြီး ကြိုးစားကြည့်သင့်ပါတယ်။

May Thu Thu


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.