Thursday, 10 October 2019 09:12

Myeik-2.jpg

မြန်မာနိုင်ငံတောင်ဘက်အစွန်းပိုင်းတွင် တည်ရှိသည့် မြိတ်ကျွန်းစုများသည် ဖြူနုနုသဲသောင်ပြင်များနှင့် ပင်လယ်သဘာဝ အလှအပမျိုးစုံကြောင့် ခရီးသွားဧည့်သည်များအကြား နိဗ္ဗာန်ဘုံလေး တစ်ခုသဖွယ် ဖြစ်နေပါတယ်။

မြိတ်ကျွန်းစုများထဲမှ လှပပြီး ခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုအပြည့်ပေးနိုင်တဲ့ မြိတ်ကျွန်းစု (၆)ခု ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လန်ပိကျွန်း

လန်ပိကျွန်းသည် မြိတ်ကျွန်းစု၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး အကြီးမားဆုံးနှင့် နာမည် အကျော်ကြားဆုံး ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ လန်ပိကျွန်းကို မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အဏ္ဏဝါအမျိုးသားဥယာဉ်အဖြစ် ၁၉၉၅ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၃ခုနှစ်မှာ အာဆီယံအမွေအနှစ်ပန်းခြံအဖြစ် ကြေညာခဲ့ပါတယ်။

၂။ Macleaod ကျွန်း

Macleaod ကျွန်းသည် ဖြူဖြူဖွေးဖွေးသဲသောင်ပြင်များ၊ အလွန်ကြည်လင်သော ရေပြင်ကြောင့် လာရောက်လည်ပတ်သူများ နှစ်သက်သည့် ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ရေငုပ်ခြင်း၊ ရွက်လှေစီးခြင်း၊ တောင်တက်ခြင်း များပြုလုပ်နိုင်သည့် အကောင်းဆုံးနေရာတစ်နေရာ ဖြစ်ပါတယ်။

ပိတ်ရက်မှာ အပန်းဖြေဖို့ကောင်းတဲ့ ရေးမြို့မှ ကမ်းခြေ (၄)ခု

၃။ ကြက်မောက်ကျွန်း (ခေါ်) အသည်းပုံကျွန်း

ကြက်မောက်ကျွန်းကို ကော့သောင်းမြို့မှ လှေဖြင့် (၄)နာရီကြာ သွားရောက်ရပါတယ်။ ကျွန်းရဲ့ထူးခြားချက်က ကျောက်ဆောင်ကြီးများ ဝန်းရံထားပြီး အလယ်မှာ စိမ်းပြာရောင် အသည်းပုံစံ ဖြစ်နေခြင်းဖြစ်ပါတယ်။ ကြက်မောက်ကျွန်းပေါ်မှာ ဂူအများအပြားရှိပြီး ခရီးသွားများက ရေအောက်ကမ္ဘာ၏ ရတနာများစုဝေးရာ ကျွန်းဟု တင်စားခေါ်ဝေါ်ကြပါတယ်။

၎။ ဘိုချိုကျွန်း

လန်ပိကျွန်း၏ မနီးမဝေး တောင်ဘက်ပိုင်းတွင် တည်ရှိပါတယ်။ ဆလုံလူမျိုးများ အခြေချနေထိုင်ရာ ဒေသဖြစ်သောကြောင့် ဆလုံလူမျိုးများ အကြောင်းကို အနီးကပ်လေ့လာနိုင်ပါတယ်။

၅။ ဖီလာကျွန်း

ကျွန်းဖီလာမှာ ကျယ်ပြန့်ရှည်လျားသော သဲသောင်ပြင်ရှိပြီး တစ်ခါတစ်လေ သောင်ပြင်ပေါ်မှာ စုဝေးတက်တဲ့ မျောက်များကို တွေ့မြင်ရနိုင်ပါတယ်။ ခရီးသွားဧည့်သည်များအနေဖြင့် ရွက်လှေစီးခြင်း၊ လှေလှော်ခြင်းများကို ပြုလုပ်နိုင်ပြီး အရောင်အသွေးစုံလင်သော သန္တာကျောက်တန်းများလည်း ပေါများသည့် ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။

သွားရောက်လည်ပတ်သင့်တဲ့ အာရှတိုက်ရဲ့ အလှပဆုံးမြို့ (၆) မြို့

၆။ ကျွန်းအမှတ် ၁၁၅

ကျွန်းအမှတ်၁၁၅ က မြိတ်ကျွန်းစု၏ အလှပဆုံး ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ကျွန်းရဲ့နေရာအများစုက တောအုပ်ဖြစ်သည့်အတွက် တောင်တက်ရင်းနဲ့ ရှားပါးငှက်မျိုးစိတ်များကိုပါ လေ့လာနိုင်ပါတယ်။

မြိတ်ကျွန်းစုများမှာ အတွေ့အကြုံအသစ်အနေဖြင့် ကိုယ်တိုင် ရေငုပ်ပြီး လှပတဲ့ ရေနေသတ္တဝါများကို ကြည့်ရှုနိုင်သလို တောအုပ်လေးများထဲမှာ တောင်တက်ပြီး တောရိုင်းတိရိစ္ဆာန်များ၊ လှပတဲ့ ရှုခင်းများကို ခံစားနိုင်ပါတယ်။ ထို့အပြင် ရှားပါးငှက်မျိုးစိတ်များ၊ ပုလဲမွေးမြူထုတ်လုပ်သည့် နေရာများကို လည်း သွားရောက်လေ့လာနိုင်ပါသေးတယ်။

Ref MOHT

May Thu Thu


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.