Thursday, 10 October 2019 05:45

laptop-01-stock-gty-jef-190724_hpMain_16x9t_1600.jpg

Laptop တစ်လုံးဟာ ယနေ့ခေတ်မှာ လုပ်ငန်းတွေအတွက် လူသုံးများတဲ့ အရာဝတ္ထုတစ်ခုဖြစ်နေပါပြီ။

အများဆုံးအသုံးပြုနေတဲ့ အရာဖြစ်လို့ အသေးအဖွဲလေးတွေကို ဂရုမစိုက်နိုင်ခဲ့ရင် စက်ကိရိယာတွေထိခိုက်ပြီး မြန်မြန်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သင့် Laptop ကြာရှည်အသုံးခံဖို့အတွက် မပြုလုပ်သင့်တဲ့ အချက်(၆)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ laptop ကို အသုံးမပြုသေးရင် ဖွင့်ပြီးမထားပါနဲ့။ အဆက်မပြတ်အသုံးပြုခြင်းက အအေးခံစနစ်နဲ့ အသုံးပြုမှူနှူန်းကို ထိခိုက်စေနိုင်ပါတယ်။ သင်က တစ်နေ့ကို အကြိမ်များစွာအသုံးပြုမယ်ဆိုရင် အလိုအလျောက်ပိတ်တဲ့စနစ်ကို အသုံးပြုပါ။

Air con မှာ ထားရှိသင့်တဲ့ အပူချိန် တွက်ချက်နည်းနဲ့ မီတာခ လျော့ကျစေမယ့်နည်း

၂။ သင်က laptop သုံးရင်းနဲ့ ကော်ဖီ သို့မဟုတ် အချိုရည်တွေသောက်တတ်ပါသလား? Laptop တွေနဲ့ အရည်တွေကို အတူတူရောမထားသင့်တာ အကုန်လုံးသိပြီးကြမှာပါ။ ဒါပေမဲ့ ပူတဲ့ရည်က မဖိတ်ရင်တောင် အန္တရာယ်ရှိစေပါတယ်။

၃။ ပူတဲ့ခွက်တွေကို လက်တော့စ်ဖုံးပေါ်မှာ မထားပါနဲ့ ။ ဒါက မျက်နှာပြင်ကြားခံဝတ္ထုကို ထိခိုက်စေနိုင်ပါတယ်။

၎။ ကြောင်တွေရဲ့ ကိုယ်နွေးမှုအပူချိန်ဟာ အလုပ်လုပ်တဲ့ ကိရိယာတွေပေါ်သက်ရောက်သွားစေပြီး သူတို့ရဲ့အမွှေးတွေကလည်း ဖွဲ့စည်းထားတဲ့စနစ်တွေထဲထိ ရောက်နိုင်ပါတယ်။ စက်ရဲ့ရှိသင့်တဲ့ အပူချိန်ထက်လွန်ကဲမှူဖြစ်စေပြီး စက်ရဲ့လုပ်ဆောင်မှုတွေကို ထိခိုက်စေတာကြောင့် ကြောင်တွေ လက်တော့ပေါ်တက်တာကို ခွင့်မပြုသင့်ပါဘူးနော်။

Computer Software Services

၅။ ဒါ့အပြင် ကွန်ပျူတာအရှေ့မှာ အစာမစားသင့်ပါဘူး။ အစားအစာအမှုန်အစတွေက ကီးဘုတ်ထဲကျသွားတဲ့အခါ ပိုးဟပ်၊ ပုရွက်ဆိတ်ကဲ့သို့သော မနှစ်မြို့ဖွယ် အကောင်တွေကို ရောက်လာစေပါတယ်။

၆။ နည်းပညာတွေအရ သင်က လက်တော့စ်ကို အလွန်အကျွံအားသွင်းလို့မရပါဘူး။ နောက်ဆုံးပေါ် ဘတ်ထရီတွေဟာ လစ်တီယံ အိုင်းရွန်းတွေနဲ့ ပြုလုပ်ထားတာကြောင့် ဖြစ်ပါတယ်။

ဒီအပေါ်က အချက်တွေကို သတိထားအသုံးပြုမယ်ဆိုရင် သင့်လက်တော့စ်ဟာ ကြာရှည်အသုံးခံပြီး မပျက်မစီးပဲရှိနေမှာ ဖြစ်ပါတယ်။

Source; Shwe Ba


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.