Thursday, 26 September 2019 10:12

BR Hackathon

အူရီဒူးမြန်မာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP Myanmar) တို့သည် ၎င်းတို့၏ ဒုတိယအကြိမ်မြောက် The Hackathon နည်းပညာဆိုင်ရာ ပြိုင်ပွဲအား Impact Hub နှင့် ပူးပေါင်း၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အောက်တိုဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လျှောက်လှမ်းရာတွင် နေ့စဉ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ပြေလည်စေနိုင်မည့် လက်တွေ့ကျသော ဖြေရှင်းချက်များအား ဒီဂျစ်တယ် နည်းပညာပိုင်းဆိုင်ရာ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်နှင့် စွန့်ဦးတီထွင်မှုစွမ်းရည်များအား အသုံးပြု၍ ဖန်တီးနိုင်သည့် မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအား အသိအမှတ်ပြု ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ချက်ဖြင့် The Hackathon 2019 အား ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ယခုနှစ်တွင် The Hackathon 2019 သည် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူများ၊ လူငယ်များနှင့် Startup များအား
(၁) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ
(၂) ပညာရေး ကဏ္ဍ နှင့်
(၃) ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကဏ္ဍ ဟူသည့် ကဏ္ဍ (၃) ရပ်အတွက် ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များအား ဖန်တီးရန် ဖိတ်ခေါ်ခဲ့သည်။

Read More >>>ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်အဖြစ် ( ၄ ) နှစ်ဆက်တိုက် ရပ်တည်နေတဲ့ Oxford

ကွန်ပြူတာ ပရိုပရမ် ရေးဆွဲခြင်း၊ ဒီဇိုင်း၊ ဆက်သွယ်ရေး၊ လူမှုဖူလုံရေးနှင့် ထိရောက်သော ဖြေရှင်းချက်များအား ဖန်တီးအဖြေရှာလိုသော မည်သူမဆို The Hackathon 2019 နည်းပညာဆိုင်ရာ ပြိုင်ပွဲတွင် ပါဝင်နိုင်မည် ဖြစ်သည်။

၎င်းတို့၏ အတွေ့အကြုံများအပေါ် မူတည်၍ ပြိုင်ပွဲဝင်များအား အငယ်တန်းအဆင့်နှင့် ပညာရှင် အဆင့်ဟူ၍ သတ်မှတ်ပိုင်းခြားပေးသွားမည် ဖြစ်သည်။

အဆင့်တစ်ခုချင်းစီမှ အနိုင်ရရှိသည့် အဖွဲ့ (၃) ဖွဲ့သည် ၎င်းတို့၏ စီမံကိန်းများအား ဆက်လက်လုပ်ကိုင်ရန် ငွေကြေးထောက်ပံ့မှုများအပြင် အူရီဒူးနှင့် UNDP တို့မှ ပူးပေါင်းပြုလုပ်သွားမည့် ဖွံဖြိုးတိုးတက်မှု သင်တန်းကိုလည်း တက်ရောက်သင်ယူခွင့် ရရှိသွားမည် ဖြစ်သည်။

The Hackathon သည် မြန်မာနိုင်ငံမှ လူငယ်များ၏ ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ် တီထွင်နိုင်စွမ်းနှင့် စွန့်ဦးတီထွင်နိုင်စွမ်းများအား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးမြန်မာနှင့် UNDP တို့မှ ပူးပေါင်းပြုလုပ်သည့် အထူးအစီအစဉ်တစ်ခု ဖြစ်သည်။

ရင်ချင်းဆက်အမြွှာနှစ်ဦးကို ပထမဦးဆုံး အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့တဲ့နေ့

မြန်မာနိုင်ငံမှ လူငယ်များ၏ ဆန်းသစ်သော အိုင်ဒီယာများအား ဖော်ထုတ်ပေးနိုင်ရန်၊ ထိုမှတဆင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များအား မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်နည်းပညာ အသုံးပြု၍ ဖန်တီးပုံဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤ အစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

The Hackathon 2019 နည်းပညာပြိုင်ပွဲနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက www.thehackathon2019.com တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး ပြိုင်ပွဲအတွက် လျှောက်လွှာများအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့အထိ လက်ခံသွားမည် ဖြစ်သည်။

Source MBD


Read times Last modified on Thursday, 26 September 2019 10:30
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.