Thursday, 12 September 2019 08:05

13s1.jpg

အမြန်လမ်းနှင့်ပတ်သတ်လို့ယာဉ်အန္တာရယ်ပေါင်းများစွာကို ကြားသိမြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ် ။ အဲ့ဒီလို ယာဉ်အန္တာရယ်တွေ လျော့ပါးသွားစေရန်အတွက်အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မောင်းလျှင် ရှောင်ကျဉ်ရမယ့် စည်းကမ်းချက်များကို ဖော်ပြပေးလိုက်ပါတယ် ။

၁။ ယာဉ်ပေါ်ပါလာသူများ အားလုံး ထိုင်ခုံခါးပတ် စနစ်တကျ ပတ်ထားဖို့လိုပါတယ် ၊ ဒါမှသာ အန္တာရယ်ကြုံလာတဲ့အခါ အထိခိုက်နည်းမှာဖြစ်ပါတယ် ။

၂။အမြန်လမ်းမကြီး ပေါ်တွင် မောင်းနှင်နေစဉ် အချက်ပြလမ်းညွန် ဆိုင်းဘုတ်များကို လိုက်နာဖို့လိုပါတယ်၊သတ်မှတ်ထားသော အရှိန်ထက် ကျော်လွန်ပြီးမမောင်းရပါ ။

၃။ မော်တော်ယာဉ်အား အမြန်နှုန်းဖြင့် မောင်းနှင်နေစဉ် နောက်လှည့်စကားပြောခြင်း၊ ရေသောက်ခြင်း၊ လက်ကိုင်ဖုန်းပြောခြင်း၊ ကွမ်း၊ တံတွေးထွေးခြင်း စတဲ့ အပြုအမူများကို ရှောင်ကျဉ်ရပါမယ်။

၎။ အမြန်လမ်းမကြီးပေါ်မှာ ယာဉ်ရပ်နားခြင်း မပြုလုပ်ရပါ။တကယ်လို့ မော်တော်ယာဉ် စက်ချို့ယွင်းမှုကြောင့် ရွှေ့ပြောင်းခြင်း မပြုလုပ်နိုင်ခဲ့ပါက ပါကင်မီး၊ အချက်ပြမီး ဖွင့်ထားရပါမယ် ။

၅။ မော်တော်ယာဉ် အား အမြန်နှုန်းဖြင့် မောင်းနှင်နေစဉ် ရုတ်တရက် ယာဉ်ကြောပြောင်းခြင်း၊ ကွေ့ခြင်း၊ ရပ်ဆိုင်ခြင်း မပြုလုပ်သင့်ပါ။

၆။ အမြန်လမ်းမကြီးရဲ့ လက်ဝဲဘက်အစွန်ဆုံး ယာဉ်ကြောကို ကျော်တက်လိုသော အချိန်များကလွဲပြီး သာမန်ချိန်များတွင် အသုံးမပြုရပါ ။

၇။ အမြန်လမ်းမကြီးပေါ်က တံတားများ၊ ကွေ့များကို ကျော်ဖြတ်ရာမှာ အရှိန်လျော့မောင်းနှင်ရပါမယ်။

၈။ အမြန်လမ်းမကြီးပေါ်မှာ မော်တော်ယာဉ် မောင်းနှင်သူများ အနေနဲ့ အချိန်ပြည့် သတိကြီးစွာ မောင်းနှင်ဖို့ လိုအပ်ပါတယ် ။ ဒီအချက်တွေကို တစ်ဦးချင်းဆီ လိုက်နာရင်း ယာဉ်အန္တာရယ် လျော့ပါးစေဖို့ တင်ပြလိုက်ပါတယ်။

>>>ယာဉ်မောင်းလိုင်စင်ဖြေဆိုရန်အတွက် Online Booking ဘယ်လိုလုပ်မလဲ

တကယ်လို့ အမြန်လမ်းတစ်လျှောက် ခရီးသွားပြည်သူများအား နှောက်ယှက်ချင်း ၊ အန္တရယ်ပြုခြင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက

အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ် ။

၀၉-၄၂၀၈၈၈၈၀၁
၀၉-၄၂၀၈၈၈၈၇၀

>>>စက်တင်ဘာလကုန်ထိ ဆောင်ရွက်ပေးမည့် စီးတီးတက္ကစီယာဉ်များ၏ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများ

 


Read times Last modified on Thursday, 12 September 2019 08:36
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.