Monday, 09 September 2019 05:12

What-Psoriatic-Arthritis-Really-Feels-Like-1440x810.jpg

ဆင်တုပ်ကွေးရောဂါဖြစ်ပွားသူများ၌ အဓိကလက္ခဏာတစ်ခုဖြစ်သော အဆစ်အမြစ်များ နာကျင်ခြင်းဖြစ်ပွားတတ်ပြီး ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းသည် နာတာရှည် အဆစ်နာကျင်မှုဖြစ်ပွားသွားနိုင်ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ သွေးရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာရဲမြကပြောကြားသည်။

ဆင်တုပ်ကွေး၏ အဓိကလက္ခဏာများမှာ အဖျား ၁၀၃-၁၀၄ ဒီဂရီစင်တီဂရိတ် အထက်ဖြစ်ခြင်း၊ အဆစ်အမြစ်များနာကျင်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး အဖုအပိန့်များထွက်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်ခဲ့ရင် ဘယ်လိုသောက်စရာတွေက သင့်ကို သက်သာစေနိုင်မလဲ

ခရမ်းချဉ်သီး စားသုံးခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

“ဆင်တုပ်ကွေးဖြစ်ပွားသူတွေက အဓိက အဆစ်အမြစ်တွေနာကျင်တာဖြစ်တတ်တယ်။အဲဒီလို ဖြစ်ပွားသူတွေထဲကမှ ၁၀ ရာခိုင်နှုန်းကနာတာရှည်အဆစ်နာကျင်မှုဖြစ်ပွားနိုင်တယ်”ဟု ၎င်းက ဆိုသည်။


“ဆင်တုပ်ကွေးဖြစ်ပွားသူတွေက စဖျားပြီး နှစ်ရက်နေရင် အဖျားက ကျသွားတယ်။ ဒါပေမဲ့ အချိန်မရွေးပြန်ဖျားနိုင်တယ်။ ဒီလူနာတွေမှာ ထွက်လာတဲ့အဖုတွေကယားပါတယ်။ အဲဒါတွေကို ကုတ်ရင်းနဲ့ အရေပြားကြမ်းပြီး ထူသွားကြတာလည်းရှိတယ်။ အ ဖျားလုံးဝပျောက်ရင်တောင်မှ ယားတာက ကျန်နေတတ်တယ်”ဟု ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ အပူပိုင်းဒေသနှင့် ကူးစက်ရောဂါ များဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာစံ ပယ်ဖြူက ပြောကြားသည်။

ဆင်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းသည် ခြင်အမျိုးအစား (Aedes aegypti & Aedes albopictus) မှ သွေးလွန်တုပ်ကွေး ဖြစ်စေသောခြင်အမျိုးအစားနှင့် အတူတူဖြစ်ပြီး ရောဂါပိုးသယ်ဆောင်ထားသော ခြင်ကိုက် ခံရ၍ဖြစ်ကြောင်းနှင့် ခြင်ကိုက်ခံရပြီး သုံးရက်မှ ငါးရက်အတွင်း လက္ခဏာစတင်ခံစားရကြောင်း သိရသည်။

ဖြစ်ပွားသူလူနာအများစု၏ ၈၇ ရာခိုင် နှုန်းနှင့် ရာခိုင်နှုန်း ၉၀ သည် ကိုက်ခဲပြီး ၎င်းအပြင် ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အရေပြားအကွက်ပေါ်ခြင်းများ ဖြစ်တတ်ကြောင်း လည်း သိရသည်။

Source Daily Eleven


Read times Last modified on Monday, 09 September 2019 07:21
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.