Saturday, 07 September 2019 02:26

yq-c5-30042019.jpg

ဒီတစ်ခါမှာတော့ FAလေးတွေအတွက်သတင်းကောင်းလေးတစ်ခုကိုပြောပြချင်ပါတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကတည်းက လူပြောများခဲ့တဲ့ facebook Dating ဆိုတဲ့ Function လေးဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာတော့ တရားဝင်ထွက်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။

 

ဒီ Function လေးကို Facebook သုံးစွဲသူတွေ အလွယ်တကူသုံးစွဲနိုင်စေရန် မိမိလက်ရှိအကောင့်နဲ့ပဲ ဆက်လက်အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် တခြား profile တစ်ခုကိုတော့ နာမည်နဲ့ အသက် ထည့်သွင်းပြီး ထပ်တည်ဆောက်ပေးဖို့ လိုပါတယ် ။

ဒီအစီအစဉ်မှာပါဝင်ပြီးသူတွေအနေနဲ့လည်း အသုံးမပြုရသေးတဲ့ သူတွေအတွက် အတွေ့အကြုံများကို ပြန်လည်မျှဝေနိုင်ဦးမှာပါ။
ချိန်းတွေ့တဲ့အခါမှာလည်း ပြဿနာတွေမဖြစ်ပေါ်လာစေရန် စီစဉ်ပေးထားတယ်လို့လည်းသိရပါတယ်။ အဲ့ဒီ့အပြင် Secret Crush ဆိုတဲ့လုပ်ဆောင်ချက်ပါဝင်လာမှာဖြစ်ပါတယ် ။

ကိုယ့်ရဲ့ Secret Crush List မှာ Facebook သို့မဟုက် Instagram မှ သူငယ်ချင်း ၉ ဦးနှင့်အထက်ထားရှိနိုင်ပြီး ကိုယ်ကလဲ တခြား တစ်ယောက်ယောက်ရဲ့ Crush List ထဲ ရောက်နေတယ်ဆိုရင် notification တက်လာမှာပါ။

လက်ရှိအချိန်မှာတော့ Facebook Dating ကို ဘိုလီးဗီးယား ၊ ဘရာဇီး ၊ ဗီယက်နမ် ၊ ကိုလံဘီယာ ၊ ကနေဒါ ၊ အာဂျင်တီးနား ၊ ဂိုင်ယာနာ ၊ အီကွေဒါ ၊ မက္ကဆီကို ၊ မလေးရှား ၊ လာအို ၊ ပါရာဂွေး ၊ ဖိလစ်ပိုင် ၊ ပီရူး ၊ စကာင်္ပူ ၊ ထိုင်း ၊ ဆူရာနမ် ၊ ဥရုဂွေး ၊ ချီလီ နှင့် အမေရိကန် စတဲ့ နိုင်ငံတွေမှာ အသုံးပြုနိုင်ပြီးဖြစ်ပြီိး ကျန်ဥရောပနိုင်ငံတွေကိုတော့ လာမယ့် ၂၀၂၀ နှစ်စပိုင်းမှာ အသုံးပြုနိုင်မယ်လို့သိရပါတယ် ။


Read times Last modified on Saturday, 07 September 2019 03:31
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.