Wednesday, 15 May 2019 04:45

 

ygn_zoo.jpg

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲမှာ မိသားစုတွေ အပန်းဖြေနိုင်ရုံသာမက ပျော်ရွှင်စရာ ဂိမ်းများကိုပါ ဆော့ကစားနိုင်မယ့် အစီအစဉ်အသစ်တစ်ခုကိုပါ အသစ်တိုးချဲ့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

Zipline စီးမလား။ Tree Climbing တက်မလား။ Quick Jump ခုန်မလား။ ဒီလို သည်းထိတ်ရင်ဖိုဖွယ် ပျော်ရွှင်စရာ ကစားနည်း အသစ် (၃) မျိုးကို ဧပြီလ (၂၆) ရက်နေ့မှစပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲမှာ စတင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ safety အတွက်လည်း 100% တာဝန်ယူထားတာမို့ နည်းပြရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ပဲလိုပါတယ်။

လမ်းစည်းကမ်းဖောက်ဖျက်သူများကို အမြင့်ဆုံးဒဏ်ငွေ ၃ သောင်းအထိ ဒဏ်ရိုက်သွားမည်ဖြစ်

ကစားနည်း​တွေ ​ဆော့ကစားဖို့အတွက်​​တော့ အသက်​အရွယ်​ ကန့်​သတ်​ထားတာ မရှိပေမယ့် သတ်​မှတ်​ထားတဲ့ အ​လေးချိန်​၊ အရပ်​၊ စည်းကမ်းချက်​​တွေတော့ ရှိပါတယ်။ ​ဆော့ကစားမယ့်​သူ​တွေက စည်းကမ်းချက်​​တွေကို ​ရေးသားထားတဲ့ အချက်​အလက်​​တွေလိုက်​နာ​ကြောင်း ​ဖောင်​ဖြည့်​ပြီးမှ ​ကစားလို့ရမှာပါ။

ဈေးနှုန်းတွေကတော့ Zipline ကတော့ တစ်ဦးလျှင် ၄၀၀၀ ကျပ်ဖြစ်ပြီး Tree Climbing နဲ့ Quick Jump တွေကတော့ တစ်ဦးလျှင် ၁၅၀၀ ကျပ်ဖြစ်ပါတယ်။ ဒီဈေးနှုန်းတွေကတော့ မိမိသွားတဲ့ အချိန်ကာလပေါ် မူတည်ပြီးတော့လည်း အပတ်စဉ် အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.