Saturday, 11 May 2019 05:20

 

water_bus.jpg

Yangon Water Bus ပြေးဆွဲမှုကို အဆင့်(၃)ဆင့်နဲ့ဆောင်ရွက်လျက်ရှိရာ ဒုတိယအဆင့်အနေနဲ့ ငမိုးရိပ်ချောင်းနဲ့ သံလျင်ကို ပြေးဆွဲပေးဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့Tint Tint Myanmar ကုမ္ပဏီကနေ သိရပါတယ်။

ဒီခရီးစဉ်ကို ဒုတိယအဆင့်အနေနဲ့ ငမိုးရိပ်ချောင်းနဲ့ သံလျင်ကို ပြေးဆွဲပေးဖို့ ဆောင်ရွက်နေပြီဖြစ်ပြီး တတိယအဆင့်အနေနဲ့ Yangon Water Bus ကို အထူးခရီးစဉ်တွေနဲ့ ပေါင်းစပ်ပြီးတိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ငမိုးရိပ်ချောင်းမှာ ပြေးဆွဲနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနကို တင်ပြထားပြီး ဆိပ်ခံတံတားဆောက်လုပ်ဖို့အတွက် ခွင့်ပြုချက်ကျမလာသေးတာကြောင့် ဆောက်လုပ်ခွင့် မရသေးဘူးလို့ အဆိုပါ ကုမ္ပဏီက ဆိုပါတယ်။

Yangon Water Bus ဟာ လက်ရှိ စနေ၊တနင်္ဂနွေပိတ်ရက်တွေမှာ အထူးခရီးစဉ်တွေဖြစ်တဲ့ သန်လျင်ရေလယ်ကျောက်တန်းခရီးစဉ်၊ တွံတေးခရီးစဉ်တွေနဲ့ ညနေပိုင်းအချိန်တွေမှာ နေ၀င်ချိန်ကြည့်ရှုနိုင်ဖို့အတွက်လည်း အပျော်စီးအနေနဲ့စီးနင်းနိုင်အောင် တိုးချဲ့ပေးထားပါတယ်။

ကမ္ဘာ့ရေနံဈေးနှုန်း ပြန်ကျနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်လက်မြှင့်တက်နေဆဲ

ဒါ့အပြင် နေ့စဉ် ဆိပ်ကမ်း(၇)ခုအပါအ၀င် ဆာဗာချောင်ဆိပ်ကမ်းနဲ့ သမ္မတဆိပ်ကမ်းတွေကိုလည်း ခရီးသွားပြည်သူတွေ စီးနင်းနိုင်အောင် ပြေးဆွဲပေးနေပြီး ငမိုးရိပ်ချောင်းနဲ့ သံလျင်ကို ပြေးဆွဲပေးဖို့ ပြည်ပမှ သင်္ဘောများ မှာယူထားတယ်လို့ သိရပါတယ်။

လက်ရှိပြေးဆွဲပေးနေတဲ့ ရေယာဉ်တွေကတော့ ပြည်ပက မှာယူထားတဲ့သဘောင်္(၆)စင်း၊ ပြည်တွင်းကသဘောင်္(၇)စီးအပြင် မြန်မာ့ရေကြောင်းကသဘောင်္(၇)စင်းနဲ့ပြေးဆွဲပေးလျက်ရှိပြီး နောက်ပိုင်းမှာလည်း လိုအပ်ပါက အစီးရေထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။

Yangon Water Bus ပြေးဆွဲမှုကို(၂၀၁၇)ခုနှစ် အောက်တိုဘာလထဲက ရန်ကုန်မြစ်ရှိ ဆိပ်ကမ်း(၇)ခုမှာ Water Bus (၅)စီးနဲ့ ပြေးဆွဲပေးခဲ့တာဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းတွေကတော့ ဗိုလ်တထောင်ဆိပ်ကမ်း၊ လမ်းသစ်ဆိပ်ကမ်း၊ ကြည့်မြင်တိုင်ဆိပ်ကမ်း၊ ရွှေပိတောက်ဆိပ်ကမ်းနဲ့ အင်းစိန်ဆိပ်ကမ်းအစရှိတဲ့မှတ်တိုင်တို့ဖြစ်ပါတယ်။

Source : MRTV-4


Read 69 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.