Published in About Yangon

ကမ္ဘာပေါ်တွင် ရာသီဥတုဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များ ပိုမိုမြန်ဆန်လာခြင်းကြောင့် နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ ရန်ကုန်မြို့အပါအဝင် မြို့ကြီးငါးမြို့မှာ ရေအောက်သို့ နစ်မြုပ်သွားမည်ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက်မိုးလေ၀သခန့်မှန်းသည့်အဖွဲ့ အစည်းကြီးက ခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားလိုက်သည်။

Published in Yangon Trends

    လာမည့်ဧပြီလ ၂၄ရက်နေ့ နောက်ပိုင်းတွင် ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် ၇ ခု၌ မိုးရွာနိုင်မည်ဟုခန့်မှန်းထားသဖြင့် အပူချိန်လျော့ကျနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) ကသိရပါတယ်။

Published in Yangon Trends

ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် မိုးများလာနိုင်ပြီး ရေကြီး၊ မြေပြိုမှု အန္တရာယ် သတိထားကြရန် ဦးထွန်းလွင်က ပြောပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ မိုးကြိုကာလနဲ့ မိုးဦးကာလတွေမှာ မိုးလျော့နည်းခဲ့ပြီး မိုးဦးတွင် မိုးနည်းခြင်း နဲ့ မိုးလယ်တွင် ရေကြီးမှုတို့ကို သတိပြုရန်လိုပါတယ်။ မိုးဦးကာလ( ဇွန်လ) တွင် မိုးနည်းနေရာမှ မိုးရာသီကာလများတွင် မိုးများလာနိုင်သည့် အခြေအနေ ခန့်မှန်းရရှိထားသဖြင့် မိုးလယ်ကာလများတွင် မိုးကောင်းနိုင်ပြီး မိုးရွာသွန်းမှု၏ အစွန်းရောက် အန္တရာယ်များကို သတိထားဖို့ လိုအပ်ပါတယ်။ မိုးလေဝသအခြေအနေ ဝန်ဆောင်မှုလုပ်ငန်းများကို á€ąá€Ąá€Źá€€á€šá€ąá€–ဏယဝပပဍ လင့်ခ်တွင် á€ąá€–ဏယဝပ်ပးထဏးပဍတယယ။ http://bit.ly/2Hzoeyg

Published in Yangon Trends

  မေ ၂၄ ရက် ညနေပိုင်းမှ စတင်ကာ ရန်ကုန်မြို့တော် အပါအဝင် ရန်ကုန်တိုင်းအတွင်း နေရာအတော်များများ၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်မှုများ၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်ခဲ့၍ လျှပ်စစ်အန္တရာယ်သတိထားကြရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က သတိပေးကြေညာထားသည်။ ရန်ကုန်မြို့ရှိ လျှပ်စစ်ရုံးများ >>> http://bit.ly/2VLMMrG   ရန်ကင်းမြို့နယ်ရှိ စက်မှု(၁)လမ်း၊ ဗဟန်း(၃)လမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ လမ်းမကြီးများနှင့် လမ်းအချို့တွင် အချိန်အနည်းငယ်ကြာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ Read More >>> á€œá€˝á€şá€•á€šá€…á€…á€šá€“á€Źá€á€šá€Ąá€Źá€¸á€ąá€•á€¸á€žá€ąá€˜á¤á€Źá€ťá€–á€„á€šá€ˇ လျှပ်စစ်မီး ဖြန့်ဝေပေးမည် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ဓာတ်အားလိုင်းကြိုးများ လျော့အိကျခြင်း၊ ပြုတ်ကျခြင်း၊ ပြတ်ကျခြင်းများ ဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ်ဖြစ်ပွားနိုင်မှုကို သတိမူကြရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က ထုတ်ပြန်ကြေညာခဲ့သည်။ Source : Myanmar Times

Published in Daily Life

  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ မေလ (၃၀)ရက်နေ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။

Published in Daily Life

  ယခုနှစ်မိုးရာသီတွင် မိုးကြိုးအန္တရာယ်မှ ကာကွယ်နိုင်ရန် အလွယ်တကူလိုက်နာနိုင်သော အချက်များကို အောက်တွင်ဖော်ပြထားသည်။ ပြင်ပတွင်ရောက်ရှိနေပါက အောက်ပါတို့ကို ရှောင်ရှားပါ။ (၁) ကုန်းမြင့်နဲ့ကွင်းပြင်များ (ထီးတည်းတည်ရှိနေသောသစ်ပင်များ)(၂) အကာအကွယ်မဲ့သော လေသာဆောင်များ(၃) လယ်တဲ/ဇရပ် စသည့်အဆောက်အဦးငယ်များ(၄) မိုး/ပျော် ပွဲစား ခိုနားနေဆောင်များ(၅) ဘေ့စ်ဘော နားနေကျင်းများ(၆) ဆက်သွယ်ရေးတာဝါတိုင်များ(၇) အလံတိုင်များ(၈) မီးတိုင်များ(၉) ပြင်ပအကာအကွယ်မဲ့ သစ်သား/သံဖြင့်ပြုလုပ်ထားသာ အားကစားပွဲကြည့်စင်များ (၁၀) သတ္ထုဖြင့်ပြုလုပ်ထားသော ခြံစည်းရိုးများ(၁၁) အမိုးဖွင့်ကားများ(၁၂) ဂေါက်သီး (လူ/ပစ္စည်း) စသည်တို့ သယ်ယူရန်သုံးသော စက်တပ်ယာဉ်များ(၁၃) ရေ(ပင်လယ်၊ သမုဒ္ဒယာ၊ရေကန်၊ရေကူးကန်၊မြစ်၊ ချောင်း၊ စသဖြင့်) (၁၄) သတ္ထုအရိုးကိုင်းများဖြင့်ပြုလုပ်ထားသောထီးများ မိုးလေဝသအခြေအနေ ဝန်ဆောင်မှုလုပ်ငန်း >>> http://bit.ly/2Hzoeyg အဆောက်အဦးအတွင်း ရောက်ရှိနေပါက အောက်ပါတို့ကို ရှောင်ရှားပါ။…

Published in Daily Life

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ (၁၁)ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

Published in Daily Life

  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တိုင်းနှင့် ပြည်နယ်များရှိ အမြင့်ဆုံးနှင့် အနိမ့်ဆုံးအပူချိန်များကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

Published in Daily Life

ရန်ကုန်တိုင်းအပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

Published in Daily Life

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ညနေအထိ ခန့်မှန်းချက်အရ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ မိုးသည်းထန်နိုင်ပါသည်။

Page 1 of 2