Published in Best of Yangon...

မြန်မာနိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ Fashion Show တစ်ခုဖြစ်တဲ့ Myanmar International Fashion Week 2017 ပွဲကြီးကိုတော့ Star Event Production က ဦးဆောင်ပြီး ဒီဇင်ဘာလ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ ရန်ကုန်မြို့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် မြန်မာနိုင်ငံက ဒီဇိုင်နာတွေသာ မကဘဲ နိုင်ငံခြားက ဒီဇိုင်နာတွေပါ ပါဝင်ပြသကြမှာ ဖြစ်ပါတယ်။ “ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် Fashion ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Fashion Show ဖြစ်ဖို့  Myanmar Int'l Fashion Week…

Published in Nightlife

Vestige Myanmar ရဲ့ Executive Director နဲ့ Her Alchemy ရဲ့ Founder ဖြစ်သူ Nida Taylor ရဲ့  အကြံပြု ချက်လေးကို အခုလို တင်ဆက်ပေးထားပါတယ်။ကခုန်လို့ကောင်းမယ့် အဝတ်အစားတွေကို ဝတ်ပါ။ ကိုယ်ရွေးမယ့် အဝတ်အစားကတော့ ဘောင်းဘီတို အမျိုးမျိုးနဲ့ အင်္ကျီက စွပ်ကျယ် (သို့) ဂျင်းတွေပါ။ ပိုပြီး ပြင်ပြင်ဆင်ဆင်ဖြစ်တယ်လို့ ခံစားရအောင် ဂါဝန် လည်း ဝတ်ချင်ဝတ်မယ်။ ဒါပေမယ့် သိပ်မကြပ်တဲ့ဟာကိုပဲ ဝတ်မယ်။ ကလပ်မှာ ပျော်ရွှင်ချင်တယ်ဆိုရင် အရမ်း တိုလွန်း ကြပ်လွန်းတဲ့ဟာ မဝတ်ပါနဲ့ ကိုယ်က ပျော်ချင်လို့သွားတာ၊ ကိုယ့် အဝတ်အစားကြောင့် စိတ်ကို အမြဲ သတိထားနေရလိမ့်မယ်။…

Published in Khit Yangon

မင်္ဂလာပါ ချစ်တို့ရေ။ ဒီနေ့အတွက်တော့ ကမ်းခြေသွားမယ့် ပျိုမေတွေအတွက် fashion tips လေး ရေးပေးချင်ပါတယ်။ နောက် ကမ်းခြေသွားတဲ့အခါ မရှိမဖြစ်သယ်ယူသွားရမယ့် အရာလေးတွေလည်း ရေးပေးသွားပါ့မယ်။ ကမ်းခြေဆိုတာကတော့ အားလုံးသိတဲ့အတိုင်း တခြားအပန်းဖြေနေရာတွေနဲ့မတူ စိတ်လက်ပိုမို ပေါ့ပါးလန်းဆန်းစေတဲ့အပြင် အမြဲတမ်းကြားနေရတဲ့ လှိုင်းပုတ်သံ၊ အထူးသဖြင့် ရေလှိုင်းသံတွေက အချစ်စိတ်တွေ တိုးပွားစေတယ်လို့ ဖတ်ဖူးပါတယ်။ ဒါကြောင့်လည်း ပျားရည်ဆမ်းခရီးတွေမှာဆို စုံတွဲတွေကို ကမ်းခြေသွားဖို့ကိုပဲ recommend ပေးတတ်ကြတာပါ။ နောက် စိတ်ဖိစီးမှုများနေတဲ့သူတွေလည်း ကမ်းခြေကိုပဲ အပန်းဖြေဖို့သွားသင့်တယ်လို့ ဆိုကြတယ် မဟုတ်လား။ ကမ်းခြေဆိုတာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားရမယ့် နေရာလေးပါ။ ပဲများမယ်ဆိုရင်တောင် အတင်းကြီး အားမထုတ်ဘဲ သူ့ဘာသာသူပဲ စတိုင်ကျနေသလိုလို ပဲများရတဲ့ နေရာလေးပေါ့။…

Published in Health & Beauty

သင်ဟာ မတ်လ ၂၁ ရက်ကနေ ဧပြီ ၁၉ ရက်အတွင်း မွေးဖွားတဲ့သူဆိုရင် မိဿရာသီဖွားပါ။ မိဿ ရာသီဖွားတွေက စတိုင် အားဖြင့်ပြောရရင် ဖန်တီးမှုစွမ်းအားကောင်းသလို ဖက်ရှင်အမြင်လည်း တော်တော်လေးရှိတဲ့သူလို့ ဆိုနိုင်ပါတယ်။ သူတို့တွေဟာ များသောအားဖြင့် အရမ်းခေတ်စားနေတဲ့ ဒီဇိုင်းမျိုးတွေ လိုက်ဝတ်ပြီး စတိုင်ကျတာမျိုးထက်၊ သိပ်တိုတဲ့ အ၀တ်အစား တွေဝတ်ပြီး လူကြည့်ခံရတာမျိုးထက်၊ သူတို့ဘာသာသူတို့ ယုံကြည်မှုရှိတဲ့အရာမျိုးတွေကို တွဲစပ်ဝတ်ဆင်တတ်ကြတာကြောင့် ဖက်ရှင်အမြင်ရှိတဲ့သူလို့ အားလုံးက လက်ခံထားတတ်ကြပါတယ်။ ဒီရာသီဖွားတွေဟာ ဖက်ရှင်နဲ့ပတ်သက်ရင် trendsetter တွေလို့တောင် ပြောနိုင်ပါတယ်။ သူတို့မှာပုံမှန်ဝတ်ဆင်နေတဲ့ ဒီဇိုင်းတွေရှိနေတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကိုတစ်ခါနဲ့တစ်ခါ မထပ်အောင် ဘယ်လိုဝတ်ဆင်ရမယ်၊ fresh ဖြစ်အောင်ဆင်မြန်းရမယ်ဆိုတာ သူတို့သိပါတယ်တဲ့။ ဒီတော့ မိဿ ရာသီဖွားတွေရဲ့…

Published in Health & Beauty

အလှအပဆိုတာ ယဉ်ကျေးမှုတစ်ခုကို ဖြတ်သန်းနေ တာဖြစ်ပြီး ခေတ်အလိုက် ဝတ်စားဆင်ယင်ဖို့ လိုအပ် တယ်လို့ ဖက်ရှင်နဲ့ ပတ်သက်ပြီး အကြံပြုပြောကြား လိုက်တဲ့ Beauty Blogger မဝင်းမင်းသန်းနဲ့ တွေ့ဆုံ မေးမြန်းခဲ့တဲ့အထဲက တချို့ကို ကောက်နှုတ်ဖော်ပြလိုက် ပါတယ်။အရင်ဆုံး Beauty Blogger တစ်ယောက်ဖြစ်လာပုံကို ပြောပြပါဦး။ ကျွန်တော်အရင်တုန်းက ၂၀၁၃ မြန်မာပြည်အတွက် စခဲ့တယ်။ အဲတော့ ကနေဒါမှာနေခဲ့တုန်းက မြန်မာပြည်မှာလည်း အလှအပနဲ့ ကျန်းမာရေး အမျိုးသမီး တွေအတွက်ပြောတဲ့သူသိပ်မရှိသေးဘူး။ ကိုယ်ကလည်း ထမဦးဆုံး Blogger တစ်ယောက်အနေနဲ့ မိတ်ကပ်လေးတွေလိမ်းပြတယ်ပြောပြတယ်။ အဓိကတော့ မြန်မာပြည်ပြန်ရောက်ရင် ကိုယ့်အတွက်လည်း လုပ်ငန်းတွေအဆင်ပြေအောင် ပုံစံပေါ့ ကိုယ့်ကိုလူသိအောင်ဆိုတဲ့ပုံစံနဲ့စခဲ့တာပါ။ ဘာရည်ရွယ်ချက်ကြီးမှ မရှိဘူး။ မြန်မာပြည်ပြန်ရောက်ရင်တော့ ဘာလုပ်ဆိုတာကတော့…

Published in Health & Beauty

ကိုယ့်သူငယ်ချင်းတွေထဲမှာ၊ ဒါမှမဟုတ် ကိုယ်ကိုယ် တိုင်က သူများတွေထက်ကြီးတဲ့ ရင်သားမျိုးကို ပိုင်ဆိုင်ထားသူဆိုရင် အဝတ်အစားရွေးချယ်ရာမှာ နည်းနည်းတော့ အခက်အခဲ ရှိနေနိုင်ပါတယ်။ ဘာလို့ လဲဆိုတော့ အွန်လိုင်းရှော့က မှာလိုက်ရင်လည်း ရင်သားနေရာက အဆင်မပြေ၊ ဟော.. . ရှော့ပင်းမောတွေ သွားဝယ်ရင်လည်း တစ်ထည် ရဖို့ အခေါက်ခေါက် အခါခါ ဆိုင်တွေထဲ ဝင်မွှေရတဲ့ ဘဝကိုး။ ဒီလိုပြဿနာ မျိုးဆို ရင်သားကြီးတဲ့ ပျိုမေ တွေ အမြဲကြုံရတဲ့ ဘယ်သူမှမသိတဲ့ ဒုက္ခ တစ်မျိုးပါ။ ဒီတော့ ခုပြောပြမယ့် အဝတ်အစား ၆ မျိုးလောက်သာ ချစ်တို့မှာရှိရင် ဒီပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်နေပါပြီနော်။ ရှေ့ကြယ်သမီးတပ်အင်္ကျီများ ရင်သားကြီးတဲ့ ပျိုမေတွေ မဖြစ်မနေ…

Published in Health & Beauty

ဖက်ရှင်နဲ့အလှအပကို ချစ်တတ်သူတွေအတွက် Myanmar Plaza Beauty Show   Myanmar Plaza Beauty Show ကိုတော့ စက်တင်ဘာလ ၁ရက်ကနေ ၁၀ရက်အထိ Myanmar Plaza မှာ ကျင်းပပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီ Beauty Show လေးမှာ နာမည်ကျော် ဖက်ရှင်နဲ့ Cosmetic Brand တွေ အများကြီးရှိနေမှာပါ။ ပွဲကို လာရောက်မယ့် ပရိသတ်တွေအတွက် Promotion Voucher တွေ အများကြီး စီစဉ်ထားပြီး နာမည်ကျော်ဖက်ရှင် Stylist Yoko San နဲ့ နာမည်ကျော် Beauty Blogger PhyoDaybyDay တို့ပါ ပရိသတ်ကြီးနဲ့ အတူရှိပြီး…

Published in Features

မိုးမကျခင် အဆင်ပြေ ချောမွေ့တဲ့ ခရီးစဉ်တစ်ခုသွားဖို့အတွက် ပြင်ဆင်တဲ့အခါမှာ ဒါတွေပါပြီလား...? ခရီးသွားအေဂျင်စီလား၊ မိမိဘာသာ သွားမှာလား တစ်ခါတစ်လေ ခရီးသွားချင်ပေမဲ့ ကားလက်မှတ်တွေ ဖြတ်ရတာတစ်မျိုး၊ ဟိုတယ်ဘွတ်ကင် လုပ်ရတာတစ်မျိုးနဲ့ အလုပ်မရှုပ်ချင်ရင်တော့ ခရီးသွားအေဂျင်စီတွေနဲ့ ချိတ်တ်ဆက်ပြီးသွားတာ ကောင်းပါတယ်။

မင်္ဂလာပါချစ်တို့ရေ။ ဒီနေ့တော့ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ အသည်းပုံနားကပ်လေးတွေ တပ်လာတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်။ နားပေါက်ဖောက်ရတာ စိတ်ဝင်စားတဲ့သူတွေ၊ ဒါမှမဟုတ် နားကပ်ပိစိကွေးသေးလေးတွေ အများကြီးပန်ရတာ ကြိုက်တဲ့သူတွေကတော့ ဒီ trend ကို သဘောကျကြမယ်ထင်ပါတယ်။ မေသော်ကတော့ သဘောကျပေမယ့် ဖောက်ရမှာကြောက်သား။ ဒီလို အသည်းပုံနားကပ်လေးတွေ နားရဲ့ကိုယ်ကြိုက်တဲ့ နေရာမှာ ပန်ဆင်လာတဲ့ ရေစီးကြောင်းက instagram ကနေ စပြီး ဓာတ်ပုံလေးတွေ တင်ရာက စတယ်လို့ ဆိုရပါလိမ့်မယ်။ ဒါလေးကိုတော့ ဖက်ရှင်သတင်းအနေနဲ့ ရေးပေးတာပါနော်။ ဒီလိုမျိုးဖောက်ချင်တယ်ဆိုရင်လည်း တကယ်ကို တတ်သိနားလည် ပြီး နာမည်ကြီး piercing ဆိုင်တွေမှာသာ ဖောက်ကြဖို့ အကြံပြုချင်ပါတယ်ရှင်။ အချစ်တွေနဲ့မေမေသော် I am fashion…

အနုပညာဖန်တီးမှုတွေနဲ့အတူ မီဒီယာလုပ်ငန်းကို လုပ်ဆောင်နေတဲ့ Myanmar Media 7 က အခုဆိုရင် လူငယ်တွေအတွက် Trend ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်ဝတ်စုံတွေကို မိတ်ဆက်ပေးထားပါတယ်။ Trend ဖက်ရှင်ကိုတော့ လက်၇ှိမှာတော့ စီးပွားဖြစ် ရည်ရွယ်လုပ်ခဲ့တာမဟုတ်ဘဲ ၀ါသနာကို အခြေခံပြီး အပျော်သဘော လုပ်ဆောင်အစပျိုးဖြစ်တာလို့ Myanmar Media 7 က ကိုဝေမင်းမောင်က ပြောပါတယ်။ ဒီအမှတ်တံဆိပ်နဲ့ လူငယ် အမျိုးသား၊ အမျိုးသမီးဝတ် ၀တ်စုံတွေကို  SUPERIOR Clothing ဆိုင်နာမည်နဲ့ သီးသန့်ရောင်းချနေတာပါ။ တီရှပ်အသားပေး ဒီဇိုင်းစုံ နဲ့ ဂျက်ကတ်တွေလည်း ရရှိနိုင်ပြီး နောက်ပိုင်းမှာလည်း Trend ရဲ့ သီးသန့်ဒီဇိုင်းတွေကိုလည်း ထပ်ထုတ်ဦးမှာလို့ ဆိုပါတယ်။…

Page 1 of 4