Tuesday, 11 February 2020 03:01

82966654_2246863585616076_4281567088230793216_o.jpg

ပိုက္ဆံဟာ ဘဝမွာ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ေသေသခ်ာခ်ာ စီမံခန႔္ခြဲတတ္ဖို႔လိုအပ္ပါတယ္။

အေသးအမႊားအရာေလးေတြေၾကာင့္ တစ္လတစ္လ မလိုအပ္တဲ့ ထြက္ေငြေတြ မ်ားေနတတ္ပါတယ္။ အဲ့ေသးေသးမႊားမႊားေလးေတြ အႀကိမ္ေရမ်ားလာတဲ့အခါ သင့္ရဲ႕ဘ႑ာေရးကိုပါ ထိခိုက္လာေစႏိုုင္ပါတယ္။

အဲ့လုိမျဖစ္ေအာင္ မိမိရဲ႕ ေငြထြက္ေပါက္ေတြကို တတ္ႏိုင္သေလာက္ ပိတ္ဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္ဘဝရဲ႕ ဘယ္လိုေနရာေတြမွာ ပိုုက္ဆံေခြၽတာလို႔ရတယ္ဆိုတာကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေရသန႔္ဘူးမ်ား ဝယ္ေသာက္ျခင္း

ေရသန႔္ဘူး ဝယ္ေသာက္တာ ဘာမ်ား ပိုကုန္မွာမို႔လို႔လဲလို႔ သင္ေတြးေကာင္းေတြးေနႏိုင္ပါတယ္။ ဒါေပမယ့္ ေရသန႔္ဘူးေတြဟာ 1Litre ပဲပါဝင္တာျဖစ္ၿပီး ထိုေရဘူးတစ္ဘူးအတြက္ ၃၀၀ က်ပ္၊ သို႔မဟုတ္ ၄၀၀ က်ပ္ ကုန္က်ႏိုုင္ပါတယ္။ တစ္ေန႔ကို ၂ ဘူးဝယ္ေသာက္တယ္ဆိုရင္ အနည္းဆုံး ၆၀၀ က်ပ္ေတာ့ ကုန္က်ႏိုင္ပါတယ္။ အကယ္၍ 20Litre ဘူးႀကီးကို အိမ္မွာဝယ္ထားတယ္ဆိုရင္ ထိုဘူးႀကီးအတြက္ ၈၀၀ က်ပ္ခန႔္ပဲ ကုန္မွာျဖစ္ပါတယ္။ ပထမဆုံးအႀကိမ္မွာေတာ့ ဘူးခြံအတြက္ ႀကိဳတင္ေငြေပးေကာင္းေပးရႏိုင္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ၈၀၀ က်ပ္ဝန္းက်င္ပဲ ကုန္က်မွာျဖစ္ပါတယ္။ သင္ဟာ တစ္ေန႔ကိုေရ 2Litre ေသာက္သူဆိုရင္ ၁၀ ရက္အထိခံႏိုုင္ပါတယ္။ ေရသန႔္ဘူး အေသးေတြပဲ ဝယ္ေသာက္မယ္ဆိုရင္ ၁၀ ရက္မွာ ၆,၀၀၀ က်ပ္ ကုန္က်မွာျဖစ္ၿပီး ေရသန႔္ဘူးႀကီး ဝယ္ေသာက္ရင္ေတာ့ ၁၀ ရက္မွာ ၈၀၀ က်ပ္ဝန္းက်င္ပဲ ကုန္က်မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ၅,၂၀၀ က်ပ္ သင္ေခြၽတာႏိုုင္မွာျဖစ္ပါတယ္။ ၅,၂၀၀ က်ပ္ဆိုတာ သာမန္ဝင္ေငြပဲရွိေနတဲ့သူအတြက္ေတာ့ တန္ဖိုးရွိတဲ့ပမာဏပါ။

အိမ္သုံးပရိေဘာဂေတြကို အသစ္အတိုင္း ျပန္လည္ေတာက္ပေစတဲ့ သဘာဝနည္းလမ္းေကာင္းမ်ား

(၂) ေဈးမဆစ္ျခင္း

ေဈးဆစ္ရတာ ဝါသနာမပါဘူးလို႔ သင္ဆင္ေျခေပးေကာင္းေပးႏိုင္ပါတယ္။ တကယ္လည္း အခ်ိဳ႕ေနရာေတြက ေဈးမဆစ္သင့္ပါဘူး။ ဒါေပမယ့္ ေန႔စဥ္ဘဝမွာ ေဈးဆစ္လို႔ရတဲ့ ေနရာေတြ အမ်ားႀကီးရွိပါတယ္။ ေဈးမဆစ္လိုက္မိလို႔ မတန္တဆေဈးနဲ႔ ခံလိုက္ရတာေတြမ်ားရင္ သင့္ရဲ႕ဘတ္ဂ်က္ ထိခိုက္လာပါလိမ့္မယ္။ ဥပမာ တကၠဆီစီးတယ္ပဲဆိုပါစို႔။ လွည္းတန္းကေန ေျမနီကုန္းကိုသြားမယ္။ ပုံမွန္အားျဖင့္ ၁,၅၀၀ က်ပ္ကေန ၂,၀၀၀ က်ပ္အထိပဲ ရွိပါလိမ့္မယ္။ အေရးမႀကီးရင္ ၁,၅၀၀ နဲ႔ လိုက္ႏိုုင္တဲ့သူကိုေစာင့္လို႔ရပါတယ္။ အေရးႀကီးေနရင္ေတာ့ ၂,၀၀၀ က်ပ္နဲ႔လည္း သြားရႏိုုင္ပါတယ္။ ဒါေပမယ့္ ၂,၅၀၀ လို႔ ေတာင္းတဲ့ဒ႐ိုင္ဘာကို သင္က ေဈးမဆစ္ဘူးဆိုရင္ေတာ့ သင္ေဈးမတန္တဆေပးေနတာပါ။ ထို ၅၀၀ ဟာ ၁၀ ႀကိမ္ စီးရင္ ၅,၀၀၀ က်ပ္ျဖစ္လာမွာပါ။ ဒါဟာ မိမိကိုယ္တိုင္ သတိမထားမိပဲ ပိုက္ဆံျဖဳန္းလိုက္မိတဲ့ ေနရာမ်ိဳးျဖစ္ေနတတ္ပါတယ္။ တကၠဆီမွ မဟုတ္ပါဘူး။ အျခားေဈးဝယ္တဲ့ေနရာေတြမွာလည္း ေဈးဆစ္တတ္ဖို႔လိုပါတယ္။ အခ်ိဳ႕ေဈးေရာင္းသူေတြဟာ ေဈးအမွန္ကိုပဲ ေျပာတတ္ၾကေပမယ့္ အခ်ိဳ႕ေဈးေရာင္းသူေတြကေတာ့ သင္ေဈးဆစ္မွာကို ႀကိဳတင္မွန္းထားၿပီး ေဈးတင္ထားတတ္ၾကပါတယ္။ သင္ကေဈးမဆစ္တဲ့အခါမွာေတာ့ မတန္တဆေဈးနဲ႔ဝယ္လိုက္သလိုျဖစ္သြားတတ္ပါတယ္။

(၃) အင္တာနက္ Package ေတြရဲ႕ အက်ိဳးေက်းဇူးကို အသုံးမခ်တတ္ျခင္း

အခ်ိဳ႕ေတြက အင္တာနက္သုံုးတာသာ ဝါသနာပါၿပီး ဘယ္ Operator က ဘယ္လိုပ႐ိုမိုးရွင္းေတြ၊ Plan ေတြေပးေနမွန္း မသိၾကပါဘူး။ သာမန္ႏႈန္းထားနဲ႔ပဲ အင္တာနက္သုံးေနတတ္ၾကပါတယ္။ ဒီေတာ့ ဘယ္ေလာက္မွ မသုံးရေသးခင္မွာပဲ ျဖည့္ထားတဲ့ပိုက္ဆံ ကုန္သြားတတ္ၾကပါတယ္။ ျမန္မာႏိုုင္ငံမွာ Mobile Operator ၄ ခုရွိၿပီး ၄ ခုလုံးက Promotion Plan ေတြအမ်ိဳးမ်ိဳး ေပးေနၾကပါတယ္။ တစ္ခုခ်င္းစီမွာ အားနည္းခ်က္ အားသာခ်က္ေတြရွိၿပီး မိမိအသုံးျပဳတဲ့ပုံစံေပၚမူတည္ကာ စိတ္ႀကိဳက္ေ႐ြးခ်ယ္အသုံးျပဳႏိုင္ပါတယ္။ အကယ္၍ မိမိက အင္တာနက္ အဆက္မျပတ္သုံးတတ္သူဆိုရင္ေတာ့ Daily အစား monthly ယူျခင္းက ပိုက္ဆံပိုေခြၽတာႏိုုင္မွာျဖစ္ပါတယ္။

(၄) နာမည္ႀကီးကုန္ပစၥည္းမ်ားကိုသာအသုံးျပဳျခင္း

သင္ဟာ နာမည္ႀကီး Brand ေတြပဲ ဝယ္ဝတ္တဲ့သူဆိုရင္ေတာ့ တစ္လတစ္လ ထြက္ေငြက နည္းမွာမဟုတ္ပါဘူး။ အခ်ိဳ႕အရာေတြက နာမည္ႀကီး Brand ေတြျဖစ္ဖို႔ မလိုပါဘူး။ မိမိအတြက္ အသုံးဝင္ဖို႔ပဲလိုအပ္ပါတယ္။ မိမိကခ်မ္းသာေနရင္ေတာ့ စိတ္ႀကိဳက္သုံးခ်င္သလို သုံးႏိုင္ပါတယ္။ မိမိက ေငြေရးေၾကးေရးအရ အဆင္ေျပသူတစ္ဦးမဟုတ္ရင္ေတာ့ အဝတ္အစားနဲ႔ အသုံးအေဆာင္ပစၥည္းေတြဝယ္တဲ့အခါ အမွတ္တံဆိပ္ထက္ တကယ္အသုံးဝင္မဝင္ကိုပဲ ပိုၾကည့္သင့္ပါတယ္။ တစ္ခါတစ္ေလ နာမည္ႀကီး အက်ႌတစ္ထည္ရဲ႕တန္ဖိုးက သာမန္႐ိုး႐ိုး အက်ႌ ၅ထည္ရဲ႕ တန္ဖိုးေလာက္နဲ႔ ညီမွ်ေနတတ္ပါတယ္။ ပိုက္ဆံေခြၽတာခ်င္ရင္ေတာ့ နာမည္ႀကီးကုန္ပစၥည္းေတြကို ေရွာင္ရွားသင့္ပါတယ္။

သင့္အိမ္ထဲကို ျခင္ေတြ၊ ယင္ေတြ၊ ပိုးမႊားေတြ ဘယ္ေတာ့မွ မလာနိုင္ေအာင္ ကာကြယ္နည္း

(၅) ကူပြန္မ်ား၊ Discount မ်ားကို အထင္မႀကီးျခင္း

သင္ဟာ တစ္စုံတစ္ခုကို ပုံမွန္လုပ္တတ္တဲ့သူဆိုရင္ ကူပြန္ေတြဟာ ပိုက္ဆံေခြၽတာဖို႔ ကူညီေပးႏိုုင္ပါတယ္။ ဥပမာ Beauty Saloon သို႔မဟုတ္ နာမည္ႀကီးဆံပင္ညႇပ္ဆိုင္ စတာေတြကို ပုံမွန္သြားရင္ ကူပြန္ေတြရွိ၊ မရွိၾကည့္တတ္ရပါမယ္။ ကူပြန္ေတြရႏိုုင္တဲ့ နည္းလမ္းေတြက ဒီေခတ္ထဲမွာ အမ်ားႀကီးပါပဲ။ ေနာက္တစ္ခုက ပစၥည္းဝယ္တဲ့အခါ ဘယ္ေနရာမွာ Discount ခ်ေနလဲ သိဖို႔လိုပါတယ္။ ဥပမာ စိန္ေဂဟာက မီးဖိုေခ်ာင္သုံးပစၥည္းေတြကို Discount ခ်ေပးေနတယ္ ဆိုပါစိုု႔။ သင္က ပုံမွန္ေဈးနဲ႔ ေရာင္းေနတဲ့ အျခားစူပါမားကတ္တစ္ခုမွာ သြားဝယ္ရင္ Discount အခြင့္အေရးကို လက္လြတ္သြားပါလိမ့္မယ္။ အက်ိဳးဆက္က ပိုက္ဆံပိုကုန္သြားပါတယ္။ အဲ့ဒီလိုေန႔မ်ိဳးမွာ ပိုက္ဆံေခြၽတာႏိုင္ရက္နဲ႔ သင္ပိုက္ဆံပိုကုုန္မယ့္ ေနရာကိုေ႐ြးခဲ့သလို ျဖစ္သြားတာပါ။ Discount သတင္းေတြကိုလည္း အၿမဲလိုလို နားစြင့္ေနသင့္ၿပီး မိမိလိုအပ္တဲ့ပစၥည္းနဲ႔ Discount ခ်တဲ့အခ်ိန္တိုက္ဆိုင္တဲ့အခါမ်ိဳးမွာ ဝယ္ယူထားသင့္ပါတယ္။

အားလုံးပိုက္ဆံကို တန္ဖိုးထားတတ္ၿပီး ေခြၽတာစြာ သုံးစြဲတတ္ၾကပါေစ။

Ref; ShweProperty

Unicode

အသေးအမွှားအရာလေးတွေကအစ သတိထားပြီး သင့်နေ့စဉ်အသုံးစရိတ်ကို ချွေတာလိုက်ပါ

ပိုက်ဆံဟာ ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သေသေချာချာ စီမံခန့်ခွဲတတ်ဖို့လိုအပ်ပါတယ်။

အသေးအမွှားအရာလေးတွေကြောင့် တစ်လတစ်လ မလိုအပ်တဲ့ ထွက်ငွေတွေ များနေတတ်ပါတယ်။ အဲ့သေးသေးမွှားမွှားလေးတွေ အကြိမ်ရေများလာတဲ့အခါ သင့်ရဲ့ဘဏ္ဍာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

အဲ့လိုမဖြစ်အောင် မိမိရဲ့ ငွေထွက်ပေါက်တွေကို တတ်နိုင်သလောက် ပိတ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်ဘဝရဲ့ ဘယ်လိုနေရာတွေမှာ ပိုက်ဆံချွေတာလို့ရတယ်ဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) ရေသန့်ဘူးများ ဝယ်သောက်ခြင်း

ရေသန့်ဘူး ဝယ်သောက်တာ ဘာများ ပိုကုန်မှာမို့လို့လဲလို့ သင်တွေးကောင်းတွေးနေနိုင်ပါတယ်။ ဒါပေမယ့် ရေသန့်ဘူးတွေဟာ 1Litre ပဲပါဝင်တာဖြစ်ပြီး ထိုရေဘူးတစ်ဘူးအတွက် ၃၀၀ ကျပ်၊ သို့မဟုတ် ၄၀၀ ကျပ် ကုန်ကျနိုင်ပါတယ်။ တစ်နေ့ကို ၂ ဘူးဝယ်သောက်တယ်ဆိုရင် အနည်းဆုံး ၆၀၀ ကျပ်တော့ ကုန်ကျနိုင်ပါတယ်။ အကယ်၍ 20Litre ဘူးကြီးကို အိမ်မှာဝယ်ထားတယ်ဆိုရင် ထိုဘူးကြီးအတွက် ၈၀၀ ကျပ်ခန့်ပဲ ကုန်မှာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်မှာတော့ ဘူးခွံအတွက် ကြိုတင်ငွေပေးကောင်းပေးရနိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ၈၀၀ ကျပ်ဝန်းကျင်ပဲ ကုန်ကျမှာဖြစ်ပါတယ်။ သင်ဟာ တစ်နေ့ကိုရေ 2Litre သောက်သူဆိုရင် ၁၀ ရက်အထိခံနိုင်ပါတယ်။ ရေသန့်ဘူး အသေးတွေပဲ ဝယ်သောက်မယ်ဆိုရင် ၁၀ ရက်မှာ ၆,၀၀၀ ကျပ် ကုန်ကျမှာဖြစ်ပြီး ရေသန့်ဘူးကြီး ဝယ်သောက်ရင်တော့ ၁၀ ရက်မှာ ၈၀၀ ကျပ်ဝန်းကျင်ပဲ ကုန်ကျမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ၅,၂၀၀ ကျပ် သင်ချွေတာနိုင်မှာဖြစ်ပါတယ်။ ၅,၂၀၀ ကျပ်ဆိုတာ သာမန်ဝင်ငွေပဲရှိနေတဲ့သူအတွက်တော့ တန်ဖိုးရှိတဲ့ပမာဏပါ။

(၂) ဈေးမဆစ်ခြင်း

ဈေးဆစ်ရတာ ဝါသနာမပါဘူးလို့ သင်ဆင်ခြေပေးကောင်းပေးနိုင်ပါတယ်။ တကယ်လည်း အချို့နေရာတွေက ဈေးမဆစ်သင့်ပါဘူး။ ဒါပေမယ့် နေ့စဉ်ဘဝမှာ ဈေးဆစ်လို့ရတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဈေးမဆစ်လိုက်မိလို့ မတန်တဆဈေးနဲ့ ခံလိုက်ရတာတွေများရင် သင့်ရဲ့ဘတ်ဂျက် ထိခိုက်လာပါလိမ့်မယ်။ ဥပမာ တက္ကဆီစီးတယ်ပဲဆိုပါစို့။ လှည်းတန်းကနေ မြေနီကုန်းကိုသွားမယ်။ ပုံမှန်အားဖြင့် ၁,၅၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်အထိပဲ ရှိပါလိမ့်မယ်။ အရေးမကြီးရင် ၁,၅၀၀ နဲ့ လိုက်နိုင်တဲ့သူကိုစောင့်လို့ရပါတယ်။ အရေးကြီးနေရင်တော့ ၂,၀၀၀ ကျပ်နဲ့လည်း သွားရနိုင်ပါတယ်။ ဒါပေမယ့် ၂,၅၀၀ လို့ တောင်းတဲ့ဒရိုင်ဘာကို သင်က ဈေးမဆစ်ဘူးဆိုရင်တော့ သင်ဈေးမတန်တဆပေးနေတာပါ။ ထို ၅၀၀ ဟာ ၁၀ ကြိမ် စီးရင် ၅,၀၀၀ ကျပ်ဖြစ်လာမှာပါ။ ဒါဟာ မိမိကိုယ်တိုင် သတိမထားမိပဲ ပိုက်ဆံဖြုန်းလိုက်မိတဲ့ နေရာမျိုးဖြစ်နေတတ်ပါတယ်။ တက္ကဆီမှ မဟုတ်ပါဘူး။ အခြားဈေးဝယ်တဲ့နေရာတွေမှာလည်း ဈေးဆစ်တတ်ဖို့လိုပါတယ်။ အချို့ဈေးရောင်းသူတွေဟာ ဈေးအမှန်ကိုပဲ ပြောတတ်ကြပေမယ့် အချို့ဈေးရောင်းသူတွေကတော့ သင်ဈေးဆစ်မှာကို ကြိုတင်မှန်းထားပြီး ဈေးတင်ထားတတ်ကြပါတယ်။ သင်ကဈေးမဆစ်တဲ့အခါမှာတော့ မတန်တဆဈေးနဲ့ဝယ်လိုက်သလိုဖြစ်သွားတတ်ပါတယ်။

(၃) အင်တာနက် Package တွေရဲ့ အကျိုးကျေးဇူးကို အသုံးမချတတ်ခြင်း

အချို့တွေက အင်တာနက်သုံးတာသာ ဝါသနာပါပြီး ဘယ် Operator က ဘယ်လိုပရိုမိုးရှင်းတွေ၊ Plan တွေပေးနေမှန်း မသိကြပါဘူး။ သာမန်နှုန်းထားနဲ့ပဲ အင်တာနက်သုံးနေတတ်ကြပါတယ်။ ဒီတော့ ဘယ်လောက်မှ မသုံးရသေးခင်မှာပဲ ဖြည့်ထားတဲ့ပိုက်ဆံ ကုန်သွားတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ Mobile Operator ၄ ခုရှိပြီး ၄ ခုလုံးက Promotion Plan တွေအမျိုးမျိုး ပေးနေကြပါတယ်။ တစ်ခုချင်းစီမှာ အားနည်းချက် အားသာချက်တွေရှိပြီး မိမိအသုံးပြုတဲ့ပုံစံပေါ်မူတည်ကာ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အကယ်၍ မိမိက အင်တာနက် အဆက်မပြတ်သုံးတတ်သူဆိုရင်တော့ Daily အစား monthly ယူခြင်းက ပိုက်ဆံပိုချွေတာနိုင်မှာဖြစ်ပါတယ်။

(၄) နာမည်ကြီးကုန်ပစ္စည်းများကိုသာအသုံးပြုခြင်း

သင်ဟာ နာမည်ကြီး Brand တွေပဲ ဝယ်ဝတ်တဲ့သူဆိုရင်တော့ တစ်လတစ်လ ထွက်ငွေက နည်းမှာမဟုတ်ပါဘူး။ အချို့အရာတွေက နာမည်ကြီး Brand တွေဖြစ်ဖို့ မလိုပါဘူး။ မိမိအတွက် အသုံးဝင်ဖို့ပဲလိုအပ်ပါတယ်။ မိမိကချမ်းသာနေရင်တော့ စိတ်ကြိုက်သုံးချင်သလို သုံးနိုင်ပါတယ်။ မိမိက ငွေရေးကြေးရေးအရ အဆင်ပြေသူတစ်ဦးမဟုတ်ရင်တော့ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေဝယ်တဲ့အခါ အမှတ်တံဆိပ်ထက် တကယ်အသုံးဝင်မဝင်ကိုပဲ ပိုကြည့်သင့်ပါတယ်။ တစ်ခါတစ်လေ နာမည်ကြီး အင်္ကျီတစ်ထည်ရဲ့တန်ဖိုးက သာမန်ရိုးရိုး အင်္ကျီ ၅ထည်ရဲ့ တန်ဖိုးလောက်နဲ့ ညီမျှနေတတ်ပါတယ်။ ပိုက်ဆံချွေတာချင်ရင်တော့ နာမည်ကြီးကုန်ပစ္စည်းတွေကို ရှောင်ရှားသင့်ပါတယ်။

(၅) ကူပွန်များ၊ Discount များကို အထင်မကြီးခြင်း

သင်ဟာ တစ်စုံတစ်ခုကို ပုံမှန်လုပ်တတ်တဲ့သူဆိုရင် ကူပွန်တွေဟာ ပိုက်ဆံချွေတာဖို့ ကူညီပေးနိုင်ပါတယ်။ ဥပမာ Beauty Saloon သို့မဟုတ် နာမည်ကြီးဆံပင်ညှပ်ဆိုင် စတာတွေကို ပုံမှန်သွားရင် ကူပွန်တွေရှိ၊ မရှိကြည့်တတ်ရပါမယ်။ ကူပွန်တွေရနိုင်တဲ့ နည်းလမ်းတွေက ဒီခေတ်ထဲမှာ အများကြီးပါပဲ။ နောက်တစ်ခုက ပစ္စည်းဝယ်တဲ့အခါ ဘယ်နေရာမှာ Discount ချနေလဲ သိဖို့လိုပါတယ်။ ဥပမာ စိန်ဂေဟာက မီးဖိုချောင်သုံးပစ္စည်းတွေကို Discount ချပေးနေတယ် ဆိုပါစို့။ သင်က ပုံမှန်ဈေးနဲ့ ရောင်းနေတဲ့ အခြားစူပါမားကတ်တစ်ခုမှာ သွားဝယ်ရင် Discount အခွင့်အရေးကို လက်လွတ်သွားပါလိမ့်မယ်။ အကျိုးဆက်က ပိုက်ဆံပိုကုန်သွားပါတယ်။ အဲ့ဒီလိုနေ့မျိုးမှာ ပိုက်ဆံချွေတာနိုင်ရက်နဲ့ သင်ပိုက်ဆံပိုကုန်မယ့် နေရာကိုရွေးခဲ့သလို ဖြစ်သွားတာပါ။ Discount သတင်းတွေကိုလည်း အမြဲလိုလို နားစွင့်နေသင့်ပြီး မိမိလိုအပ်တဲ့ပစ္စည်းနဲ့ Discount ချတဲ့အချိန်တိုက်ဆိုင်တဲ့အခါမျိုးမှာ ဝယ်ယူထားသင့်ပါတယ်။

အားလုံးပိုက်ဆံကို တန်ဖိုးထားတတ်ပြီး ချွေတာစွာ သုံးစွဲတတ်ကြပါစေ။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.