Monday, 03 February 2020 03:08

20181118_073006_1.jpg






Weather Forcecast Services



မြန်မာ့ပင်လယ်ပြင်







84937765_1542409745914098_6927360847731752960_o.jpg

ဆောင်းခိုငှက်၊ ရေပျော်ငှက်များကို လေ့လာနိုင်မယ့် ရန်ကုန်မြို့နားက မိုးယွန်းကြီးအင်း ဘေးမဲ့တော

May Thu Thu ( Yangon Directory )
Source မိုးဇလ

unicode

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ထုတ်ပြန်သည့် မိုးလေဝသအခြေအနေများ

ယနေ့ညနေအထိ ခန့်မှန်းချက်များ

ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် အနီးတစ်ဝိုက်တွင် အများအားဖြင့် သာယာမည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မြန်မာ့ပင်လယ်ပြင်

လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနေမည်။

ယမန်နေ့ညနေတွင် တိုင်းထွာခဲ့သော ရန်ကုန်တိုင်း၏ အနိမ့်ဆုံးအပူချိန်မှာ 17°C ဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ 35°C ဖြစ်သည်။

ချင်းပြည်နယ်၊ ဟားခါးမြို့၏ အနိမ့်ဆုံးအပူချိန်မှာ 1°C ဖြစ်နေပြီး အလွန်အေးသောအခြေအနေသို့ရောက်ရှိနေကြောင်း သိရသည်။

ယနေ့ညအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရွာသွန်းမှုအခြေအနေတို့ကို အောက်ဖော်ပြပါဇယားမှာ ကြည့်ရှူလေ့လာနိုင်ပါသည်။


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.