Thursday, 30 January 2020 04:28

Astrology-3-770x470_1.jpg

၃၀.၁.၂၀၂၀ မွ ၅.၂.၂၀၂၀ အထိ ခုနွစ္ရက္သားသမီးမ်ား၏ တစ္ပတ္အတြင္း ကံၾကမၼာ၊ အဆိုးအေကာင္းမ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

တနဂၤေႏြ

အလုပ္အကိုင္ဟူသမၽွတြင္ ေႏွာင့္ေႏွးၾကန္႔ၾကာမႈရွိေနတတ္ပါေသာ္လည္း အျမတ္အစြန္းမ်ားစြာရရွိပါလိမ့္မည္။ စိတ္ပ်က္ျခင္း၊ အားငယ္ျခင္းမ်ားႏွင့္အတူ မိမိကိုယ္မိမိယုံၾကည္မႈ နည္းပါးေနရပါလိမ့္မည္။ အိမ္ေနရာအေျပာင္းအေ႐ႊ႕ရွိႏိုင္ပါသည္။ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ပတ္သက္၍ အိမ္ေထာင္ဖက္ႏွင့္ စကားမ်ားရပါလိမ့္မည္။ ဤကာလတြင္ တစ္ပါးသူမ်ားႏွင့္ ပူးတြဲစပ္တူလုပ္ကိုင္ေဆာင္႐ြက္မႈမ်ား မျပဳသင့္ေသးပါ။ ဆန္႔က်င္ဘက္လိင္မ်ား၏ အက်ိဳးေက်းဇူး ခံစားရပါလိမ့္မည္။ အေနာက္အရပ္ေဒသမ်ားသို႔ ခရီးေဝးသြားရပါလိမ့္မည္။ အခ်စ္ေရးတြင္ အမွန္အတူ ေရွာင္ထြက္၍မရႏိုင္ေသာ လက္တြဲေဖာ္ႏွင့္ တစ္သက္အၿမဲေပ်ာ္႐ႊင္စြာ ပူးေပါင္းႏိုင္ေစမည့္ အခြင့္အေရးေကာင္းမ်ား ရရွိလာပါလိမ့္မည္။
ယၾတာ။ ။ ေမြးေန႔နံနက္တြင္ အျဖဴေရာင္ ပန္းပြင့္ (၉) ပြင့္ ကပ္လႉေပးပါ။

တနလၤာ

မိမိ၏အထက္လူႀကီးမ်ားမွ ယုံၾကည္အားကိုးမႈျဖင့္ အကူအညီေတာင္းခံျခင္းမ်ားကို ေျဖရွင္းမႈျပဳေပးရပါလိမ့္မည္။ အေတြးအေခၚႏွင့္ အသိတရားမ်ားသည္ ေရွးယခင္ကထက္ပိုမို၍ တိုးတက္မႈရွိေနပါလိမ့္မည္။ ေဆြမ်ိဳးမိသားစုအသိုင္းအဝိုင္းၾကားတြင္ ေလးစားမႈ အေရးေပးမႈခံရပါလိမ့္မည္။ ခရီးယာယီထြက္ခြာရျခင္းမ်ား ႀကဳံရပါလိမ့္မည္။ ဖခင္ဘက္မွ ေဆြမ်ိဳးသားခ်င္းမ်ား၏ ပံ့ပိုးကူညီမႈမ်ား ရရွိပါလိမ့္မည္။ အိုးအိမ္၊ ယာဥ္ကား ပိုင္ဆိုင္မႈရရွိခံစားရတတ္ပါသည္။ ဌာနဆိုင္ရာအတြင္း ရာထူးတိုးေနာက္က်မႈ ျဖစ္ေစတတ္ပါသည္။ အခ်စ္ေရးတြင္ အမုန္းအသြင္၊ ၾကဥ္ေရွာင္ခြာ၍ အၿပဳံးဆင္ဝန္ေဆာင္ပါမွသာ အျပစ္မ်ားမပါသည့္ အခ်စ္မ်ားစြာရွိႏိုင္ေသာ ခ်စ္သူမ်ိဳးျဖင့္ ဆုံေတြ႕ၾကည္ႏူးခြင့္ ရႏိုင္ပါလိမ့္မည္။
ယၾတာ ။ ။ မိတ္ေဆြတစ္ဦးအား ဆီးေဖ်ာ္ရည္ တစ္ခြက္ ဒါနျပဳေပးပါ။

သင့္အိမ္မွာ အညံ့ေတြ ကင္းစင္ခ်င္ရင္ ရွင္းလင္းသင့္တဲ့ ပစၥည္း (၆) မ်ိဳး

အဂၤါ

ႀကဳံေတြ႕ရင္ဆိုင္ရမည့္ အခက္အခဲမ်ားစြာကို လြယ္ကူစြာျဖင့္ ေျဖရွင္းႏိုင္ပါလိမ့္မည္။ စီးပြားေရးလုပ္ငန္းမ်ား တိုးခ်ဲ႕၍လုပ္ကိုင္ရမည့္အျပင္ အျမတ္အစြန္းမ်ားစြာ ခံစားရရွိပါလိမ့္မည္။ ေ႐ႊ၊ ေငြ၊ ဥစၥာပစၥည္းမ်ား အဖတ္တင္စြာျဖင့္ စုေဆာင္းႏိုင္ပါလိမ့္မည္။ စိတ္႐ႈပ္ေထြးၿပီး မတည္မၿငိမ္ျဖစ္ရျခင္းမ်ားလည္း ႀကဳံရေစတတ္ပါသည္။ ရပ္ေဝးေဒသမွ အခက္အခဲရွိေနေသာ မိတ္ေဆြမ်ားကို ကူညီေထာက္ပံ့မႈျပဳေပးရပါလိမ့္မည္။ အာ႐ုံေၾကာအားနည္းျခင္း၊ ေျခသလုံးႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္းမ်ိဳး ခံစားရတတ္ပါသည္။ အခ်စ္ေရးတြင္ အေနာက္အရပ္မွ ခ်စ္သူကို အခက္အခဲေက်ာ္လြန္ေစမည့္ လက္တြဲအေဖာ္မြန္အျဖစ္ ရွာေဖြလက္တြဲသင့္ပါသည္။
ယၾတာ ။ ။ ကေလးမ်ားအား အုန္းႏို႔ဆန္ျပဳတ္ ဒါနျပဳေပးပါ။

ဗုဒၶဟူး

အထက္လူႀကီးမ်ားႏွင့္ပတ္သက္၍ စိတ္ထိခိုက္စရာ စိတ္တိုင္းမက်ျဖစ္စရာမ်ား ႀကဳံရပါလိမ့္မည္။ အလုပ္ေနရာ၊ ဌာနအေျပာင္းအလဲရွိႏိုင္ပါသည္။ မိမိေလ့လာသင္ယူရပါေသာ ပညာေရးကိစၥမ်ားတြင္ ပံ့ပိုးကူညီမႈမွမရွိ၊ ကိုယ္တိုင္ခက္ခဲစြာျဖင့္ လုံ႔လျပဳအားထုတ္မႈ ျပဳရပါလိမ့္မည္။ ဘာသာေရးကိစၥမ်ား၊ အလႉဒါနျပဳဖြယ္ကိစၥမ်ားတြင္ ထိထိေရာက္ေရာက္ ေဆာင္႐ြက္မႈျပဳရပါလိမ့္မည္။ အလုပ္မ်ားစြာ လုပ္ကိုင္ရျခင္းအတြက္ ပင္ပန္းႏြမ္းနယ္မႈမ်ား ျဖစ္ေပၚေနရပါလိမ့္မည္။ အခ်စ္ေရး၌ ခ်စ္ၾကသူအခ်င္းခ်င္း မေျပလည္မႈအေပၚတြင္ အၿပဳံးသာဓကျဖင့္ အမုန္းမာနဟူသမၽွ ခဝါခ်၍ ထာဝရလက္တြဲႏိုင္ရန္ ႀကိဳးစားရပါလိမ့္မည္။
ယၾတာ ။ ။ ေနအိမ္အတြင္းမွ ဖိနပ္အေဟာင္းမ်ားကို စြန္႔ပစ္လိုက္ပါ။

အိမ္ေျမႇာင္ စုတ္ထိုးရင္ ဘာျဖစ္နိုင္သလဲ

ၾကာသပေတး

ခရီးသြားလာရျခင္းကို လြန္စြာႏွစ္သက္မႈ ျဖစ္ေနမိပါလိမ့္မည္။ ရံဖန္ရံခါတြင္ ကပ္ေစးနဲ၍ ႏွေျမာတြန္႔တိုမႈမ်ားႏွင့္ သဒၶါတရား နည္းပါးေနမိပါလိမ့္မည္။ မိမိ၏အသြင္အျပင္သည္ အမ်ားအေပၚတြင္ ဆြဲေဆာင္ႏိုင္စြမ္း ရွိေနပါလိမ့္မည္။ အေတြးအေခၚေကာင္းမ်ားႏွင့္အတူ ေစတနာေကာင္းမ်ားလည္း အၿမဲမျပတ္ထားေနမိတတ္မည္။ ေဆြမ်ိဳးေမာင္ႏွမတို႔၏ဒဏ္ကို အမ်ိဳးမ်ိဳးခံရသည့္တိုင္ ေဒါသစိတ္ႏွင့္အတူ ေမတၱာထားမိေနပါလိမ့္မည္။ အခ်စ္ေရးတြင္ အဆိုးမဆို အမွားအယြင္းကင္းစြာျဖင့္ အက်ိဳးလိုလားျခင္းအလၽွင္းမပါ ေမတၱာစစ္ျဖင့္သာ ခ်စ္တတ္ပါေသာ ခ်စ္သူမ်ိဳးႏွင့္ ဆုံဆည္းရပါလိမ့္မည္။
ယၾတာ ။ ။ စေနသားတစ္ဦးအား ဦးထုပ္တစ္လုံး လက္ေဆာင္ေပးလိုက္ပါ။

ေသာၾကာ

မိမိ၏လုပ္ကိုင္ေဆာင္႐ြက္မႈမ်ားသည္ အထက္လူႀကီးမ်ား၏ ေမၽွာ္မွန္းခ်က္ႏွင့္ ကိုက္ညီမႈျဖစ္ေပၚေနပါလိမ့္မည္။ မိမိ၏စီးပြားေရးလုပ္ငန္းမ်ားမွ အက်ိဳးစီးပြားတိုးတက္ျဖစ္ထြန္းမႈမ်ား သိသာစြာျဖစ္ေပၚပါလိမ့္မည္။ လုပ္ငန္းခြင္အတြင္း မိမိ၏ေတာင္းဆိုမႈဆႏၵအတိုင္း လိုက္ေလ်ာညီေထြ ရရွိေစတတ္ပါသည္။ က်န္းမာေရးအနည္းငယ္ ဂ႐ုစိုက္ရန္လိုပါလိမ့္မည္။ တနလၤာ၊ ၾကာသပေတးသားသမီးမ်ားထံ ေငြေၾကးလက္မလြန္မိပါေစႏွင့္။ အိမ္ေထာင္ဖက္ႏွင့္ပတ္သက္၍ ဝင္ေငြေကာင္းမ်ား ဝင္လာပါလိမ့္မည္။ အခ်စ္ေရးတြင္ မေျပာသင့္ေသာစကားႏွင့္ မေရာသင့္ေသာ အမွားအတြက္ မဆင္ျခင္မိ၍ အျပင္အဆင္မရွိ အမုန္းအျပစ္ဒဏ္ခံရေစတတ္ပါသည္။
ယၾတာ ။ ။ ေမြးေန႔နံနက္တြင္ အရဟံ ဂုဏ္ေတာ္ ပုတီး ၃ ပတ္စိတ္၍ လိုရာဆႏၵျပဳပါ။

စေန

ႏိုင္ငံျခားခရီးသြားရန္ကိစၥမ်ား အဆင္ေျပကံေကာင္းေစတတ္ပါသည္။ မေမၽွာ္လင့္မထင္မွတ္ပါဘဲ ဘုရားဖူးခရီးမ်ား ထြက္ရတတ္ပါသည္။ ေဝးရပ္ေျမေဒသမ်ားဆီမွ မဂၤလာသတင္းမ်ား ၾကားသိရပါလိမ့္မည္။ ရပ္ေဝးေဒသမွ လက္ေဆာင္ပစၥည္းမ်ားလည္း လက္ခံရရွိေစတတ္ပါသည္။ အမွတ္မထင္ သူတစ္ပါး၏ ေျပာဆိုစြပ္စြဲမႈ ခံရေစတတ္ပါသည္။ မိမိ၏ပတ္ဝန္းက်င္အေပၚတြင္ သတိထား၍ ေျပာဆိုဆက္ဆံတတ္ရန္လိုပါသည္။ မၾကာခဏေမ့ေလ်ာ့မႈျဖစ္ေစတတ္ပါသည္။ တစ္ပါးသူကို ေငြေၾကးလက္မလြန္မိပါေစႏွင့္။ အခ်စ္ေရး၌ ခ်စ္သူႏွင့္ ေျပာဆိုမိပါေသာစကားထဲတြင္ မဖြယ္မရာ အသုံးအႏႈန္းေၾကာင့္ အတြယ္အတာဆုံး႐ႈံးမႈ ျဖစ္ေစတတ္ပါသျဖင့္ သတိျပဳဆင္ျခင္ပါ။
ယၾတာ ။ ။ ေမြးေန႔ၿဂိဳဟ္တိုင္တြင္ ရွားမီးသက္ေစ့ပူေဇာ္၍ လိုရာဆႏၵျပဳပါ။

သိလိုသည္မ်ားကိုလဲ ဖုန္းဆက္၍ စံုစမ္းေမးျမန္းနိုင္ပါတယ္၊
ေဒါက္တာလင္းျမတ္သူ ( 09 253817608 )

အျခားေဗဒင္ႏွင့္ လကၡဏာဆရာမ်ား >>>https://bit.ly/2m0YYZ7

Unicode

၃၀.၁.၂၀၂၀ မှ ၅.၂.၂၀၂၀ အထိ ခုနှစ်ရက်သားသမီးများ၏ တစ်ပတ်အတွင်း ကံကြမ္မာ၊ အဆိုးအကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

အလုပ်အကိုင်ဟူသမျှတွင် နှောင့်နှေးကြန့်ကြာမှုရှိနေတတ်ပါသော်လည်း အမြတ်အစွန်းများစွာရရှိပါလိမ့်မည်။ စိတ်ပျက်ခြင်း၊ အားငယ်ခြင်းများနှင့်အတူ မိမိကိုယ်မိမိယုံကြည်မှု နည်းပါးနေရပါလိမ့်မည်။ အိမ်နေရာအပြောင်းအရွှေ့ရှိနိုင်ပါသည်။ ဆွေမျိုးသားချင်းများနှင့်ပတ်သက်၍ အိမ်ထောင်ဖက်နှင့် စကားများရပါလိမ့်မည်။ ဤကာလတွင် တစ်ပါးသူများနှင့် ပူးတွဲစပ်တူလုပ်ကိုင်ဆောင်ရွက်မှုများ မပြုသင့်သေးပါ။ ဆန့်ကျင်ဘက်လိင်များ၏ အကျိုးကျေးဇူး ခံစားရပါလိမ့်မည်။ အနောက်အရပ်ဒေသများသို့ ခရီးဝေးသွားရပါလိမ့်မည်။ အချစ်ရေးတွင် အမှန်အတူ ရှောင်ထွက်၍မရနိုင်သော လက်တွဲဖော်နှင့် တစ်သက်အမြဲပျော်ရွှင်စွာ ပူးပေါင်းနိုင်စေမည့် အခွင့်အရေးကောင်းများ ရရှိလာပါလိမ့်မည်။
ယတြာ။ ။ မွေးနေ့နံနက်တွင် အဖြူရောင် ပန်းပွင့် (၉) ပွင့် ကပ်လှူပေးပါ။

တနင်္လာ

မိမိ၏အထက်လူကြီးများမှ ယုံကြည်အားကိုးမှုဖြင့် အကူအညီတောင်းခံခြင်းများကို ဖြေရှင်းမှုပြုပေးရပါလိမ့်မည်။ အတွေးအခေါ်နှင့် အသိတရားများသည် ရှေးယခင်ကထက်ပိုမို၍ တိုးတက်မှုရှိနေပါလိမ့်မည်။ ဆွေမျိုးမိသားစုအသိုင်းအဝိုင်းကြားတွင် လေးစားမှု အရေးပေးမှုခံရပါလိမ့်မည်။ ခရီးယာယီထွက်ခွာရခြင်းများ ကြုံရပါလိမ့်မည်။ ဖခင်ဘက်မှ ဆွေမျိုးသားချင်းများ၏ ပံ့ပိုးကူညီမှုများ ရရှိပါလိမ့်မည်။ အိုးအိမ်၊ ယာဉ်ကား ပိုင်ဆိုင်မှုရရှိခံစားရတတ်ပါသည်။ ဌာနဆိုင်ရာအတွင်း ရာထူးတိုးနောက်ကျမှု ဖြစ်စေတတ်ပါသည်။ အချစ်ရေးတွင် အမုန်းအသွင်၊ ကြဉ်ရှောင်ခွာ၍ အပြုံးဆင်ဝန်ဆောင်ပါမှသာ အပြစ်များမပါသည့် အချစ်များစွာရှိနိုင်သော ချစ်သူမျိုးဖြင့် ဆုံတွေ့ကြည်နူးခွင့် ရနိုင်ပါလိမ့်မည်။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား ဆီးဖျော်ရည် တစ်ခွက် ဒါနပြုပေးပါ။

အင်္ဂါ

ကြုံတွေ့ရင်ဆိုင်ရမည့် အခက်အခဲများစွာကို လွယ်ကူစွာဖြင့် ဖြေရှင်းနိုင်ပါလိမ့်မည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့၍လုပ်ကိုင်ရမည့်အပြင် အမြတ်အစွန်းများစွာ ခံစားရရှိပါလိမ့်မည်။ ရွှေ၊ ငွေ၊ ဥစ္စာပစ္စည်းများ အဖတ်တင်စွာဖြင့် စုဆောင်းနိုင်ပါလိမ့်မည်။ စိတ်ရှုပ်ထွေးပြီး မတည်မငြိမ်ဖြစ်ရခြင်းများလည်း ကြုံရစေတတ်ပါသည်။ ရပ်ဝေးဒေသမှ အခက်အခဲရှိနေသော မိတ်ဆွေများကို ကူညီထောက်ပံ့မှုပြုပေးရပါလိမ့်မည်။ အာရုံကြောအားနည်းခြင်း၊ ခြေသလုံးကြွက်သားများ နာကျင်ကိုက်ခဲခြင်းမျိုး ခံစားရတတ်ပါသည်။ အချစ်ရေးတွင် အနောက်အရပ်မှ ချစ်သူကို အခက်အခဲကျော်လွန်စေမည့် လက်တွဲအဖော်မွန်အဖြစ် ရှာဖွေလက်တွဲသင့်ပါသည်။
ယတြာ ။ ။ ကလေးများအား အုန်းနို့ဆန်ပြုတ် ဒါနပြုပေးပါ။

ဗုဒ္ဓဟူး

အထက်လူကြီးများနှင့်ပတ်သက်၍ စိတ်ထိခိုက်စရာ စိတ်တိုင်းမကျဖြစ်စရာများ ကြုံရပါလိမ့်မည်။ အလုပ်နေရာ၊ ဌာနအပြောင်းအလဲရှိနိုင်ပါသည်။ မိမိလေ့လာသင်ယူရပါသော ပညာရေးကိစ္စများတွင် ပံ့ပိုးကူညီမှုမှမရှိ၊ ကိုယ်တိုင်ခက်ခဲစွာဖြင့် လုံ့လပြုအားထုတ်မှု ပြုရပါလိမ့်မည်။ ဘာသာရေးကိစ္စများ၊ အလှူဒါနပြုဖွယ်ကိစ္စများတွင် ထိထိရောက်ရောက် ဆောင်ရွက်မှုပြုရပါလိမ့်မည်။ အလုပ်များစွာ လုပ်ကိုင်ရခြင်းအတွက် ပင်ပန်းနွမ်းနယ်မှုများ ဖြစ်ပေါ်နေရပါလိမ့်မည်။ အချစ်ရေး၌ ချစ်ကြသူအချင်းချင်း မပြေလည်မှုအပေါ်တွင် အပြုံးသာဓကဖြင့် အမုန်းမာနဟူသမျှ ခဝါချ၍ ထာဝရလက်တွဲနိုင်ရန် ကြိုးစားရပါလိမ့်မည်။
ယတြာ ။ ။ နေအိမ်အတွင်းမှ ဖိနပ်အဟောင်းများကို စွန့်ပစ်လိုက်ပါ။

ကြာသပတေး

ခရီးသွားလာရခြင်းကို လွန်စွာနှစ်သက်မှု ဖြစ်နေမိပါလိမ့်မည်။ ရံဖန်ရံခါတွင် ကပ်စေးနဲ၍ နှမြောတွန့်တိုမှုများနှင့် သဒ္ဓါတရား နည်းပါးနေမိပါလိမ့်မည်။ မိမိ၏အသွင်အပြင်သည် အများအပေါ်တွင် ဆွဲဆောင်နိုင်စွမ်း ရှိနေပါလိမ့်မည်။ အတွေးအခေါ်ကောင်းများနှင့်အတူ စေတနာကောင်းများလည်း အမြဲမပြတ်ထားနေမိတတ်မည်။ ဆွေမျိုးမောင်နှမတို့၏ဒဏ်ကို အမျိုးမျိုးခံရသည့်တိုင် ဒေါသစိတ်နှင့်အတူ မေတ္တာထားမိနေပါလိမ့်မည်။ အချစ်ရေးတွင် အဆိုးမဆို အမှားအယွင်းကင်းစွာဖြင့် အကျိုးလိုလားခြင်းအလျှင်းမပါ မေတ္တာစစ်ဖြင့်သာ ချစ်တတ်ပါသော ချစ်သူမျိုးနှင့် ဆုံဆည်းရပါလိမ့်မည်။
ယတြာ ။ ။ စနေသားတစ်ဦးအား ဦးထုပ်တစ်လုံး လက်ဆောင်ပေးလိုက်ပါ။

သောကြာ

မိမိ၏လုပ်ကိုင်ဆောင်ရွက်မှုများသည် အထက်လူကြီးများ၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှုဖြစ်ပေါ်နေပါလိမ့်မည်။ မိမိ၏စီးပွားရေးလုပ်ငန်းများမှ အကျိုးစီးပွားတိုးတက်ဖြစ်ထွန်းမှုများ သိသာစွာဖြစ်ပေါ်ပါလိမ့်မည်။ လုပ်ငန်းခွင်အတွင်း မိမိ၏တောင်းဆိုမှုဆန္ဒအတိုင်း လိုက်လျောညီထွေ ရရှိစေတတ်ပါသည်။ ကျန်းမာရေးအနည်းငယ် ဂရုစိုက်ရန်လိုပါလိမ့်မည်။ တနင်္လာ၊ ကြာသပတေးသားသမီးများထံ ငွေကြေးလက်မလွန်မိပါစေနှင့်။ အိမ်ထောင်ဖက်နှင့်ပတ်သက်၍ ဝင်ငွေကောင်းများ ဝင်လာပါလိမ့်မည်။ အချစ်ရေးတွင် မပြောသင့်သောစကားနှင့် မရောသင့်သော အမှားအတွက် မဆင်ခြင်မိ၍ အပြင်အဆင်မရှိ အမုန်းအပြစ်ဒဏ်ခံရစေတတ်ပါသည်။
ယတြာ ။ ။ မွေးနေ့နံနက်တွင် အရဟံ ဂုဏ်တော် ပုတီး ၃ ပတ်စိတ်၍ လိုရာဆန္ဒပြုပါ။

စနေ

နိုင်ငံခြားခရီးသွားရန်ကိစ္စများ အဆင်ပြေကံကောင်းစေတတ်ပါသည်။ မမျှော်လင့်မထင်မှတ်ပါဘဲ ဘုရားဖူးခရီးများ ထွက်ရတတ်ပါသည်။ ဝေးရပ်မြေဒေသများဆီမှ မင်္ဂလာသတင်းများ ကြားသိရပါလိမ့်မည်။ ရပ်ဝေးဒေသမှ လက်ဆောင်ပစ္စည်းများလည်း လက်ခံရရှိစေတတ်ပါသည်။ အမှတ်မထင် သူတစ်ပါး၏ ပြောဆိုစွပ်စွဲမှု ခံရစေတတ်ပါသည်။ မိမိ၏ပတ်ဝန်းကျင်အပေါ်တွင် သတိထား၍ ပြောဆိုဆက်ဆံတတ်ရန်လိုပါသည်။ မကြာခဏမေ့လျော့မှုဖြစ်စေတတ်ပါသည်။ တစ်ပါးသူကို ငွေကြေးလက်မလွန်မိပါစေနှင့်။ အချစ်ရေး၌ ချစ်သူနှင့် ပြောဆိုမိပါသောစကားထဲတွင် မဖွယ်မရာ အသုံးအနှုန်းကြောင့် အတွယ်အတာဆုံးရှုံးမှု ဖြစ်စေတတ်ပါသဖြင့် သတိပြုဆင်ခြင်ပါ။
ယတြာ ။ ။ မွေးနေ့ဂြိုဟ်တိုင်တွင် ရှားမီးသက်စေ့ပူဇော်၍ လိုရာဆန္ဒပြုပါ။


Read times
Rate :
(2 votes)

1 comment

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.