Thursday, 09 January 2020 03:10

morning_mist.jpg

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ (၉)ရက္ေန႔႔႔တြင္ ထုတ္ျပန္သည့္ မိုးေလဝသအေျခအေနမ်ား

ယေန႔ညေနအထိ ခန႔္မွန္းခ်က္မ်ား

ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ႏွင့္ ေနျပည္ေတာ္ အနီးတစ္ဝိုက္တြင္ အမ်ားအားျဖင့္ သာယာမည္။

စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးအနည္းငယ္႐ြာမည္။ ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ တိမ္အသင့္အတင့္ျဖစ္ထြန္းၿပီး၊ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ အမ်ားအားျဖင့္ သာယာမည္။

Weather Forcecast Services

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန

ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းတို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ တိမ္အနည္းငယ္ ျဖစ္ထြန္းေနပါသည္။

ျမန္မာ့ပင္လယ္ျပင္

လႈိင္းအနည္းငယ္မွ အသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၄)ေပမွ (၆)ေပခန္႔ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္

ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ညအပူခ်ိန္မ်ား အနည္းငယ္ ေလ်ာ့နည္းႏိုင္ပါသည္။

ယမန္ေန႔ညေနတြင္ တိုင္းထြာခဲ့ေသာ ရန္ကုန္တိုင္း၏ အနိမ့္ဆံုးအပူခ်ိန္မွာ 15°C ျဖစ္ျပီး အျမင့္ဆံုးအပူခ်ိန္မွာ 33°C ျဖစ္သည္။

ရွမ္းျပည္နယ္၊ ပင္ေလာင္းျမိဳ႕၏ အနိမ့္ဆံုးအပူခ်ိန္မွာ 3°C ျဖစ္ေနျပီး အလြန္ေအးေသာအေျခအေနသို႔ေရာက္ရွိေနေၾကာင္း သိရသည္။

ေရခဲေတာင္ ေဂဟစနစ္ကုိပါ ေလ့လာႏုိင္မယ့္ ဘြမ္ဖာဘြမ္ေတာ႐ိုင္းတိရစၧာန္ ေဘးမဲ့ေတာ

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီး၏ အျမင့္ဆုံးအပူခ်ိန္၊ အနိမ့္ဆုံးအပူခ်ိန္ႏွင့္ မိုးေရခ်ိန္တို႔ကို ေအာက္ေဖာ္ျပပါဇယားမွာ ၾကည့္ရွဴေလ့လာနိုင္ပါသည္။

81902337_1518083658346707_3592623964238643200_o.jpg

May Thu Thu ( Yangon Directory )
Source မိုးဇလ,
Photo credit : dslrstranger

Unicode

မြန်မာနိုင်ငံအတွင်းရှိ မြို့ (၁၁) မြို့တွင် အပူချိန် 10°C အောက်လျော့နည်းကာ အအေးပိုမည်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့တွင် ထုတ်ပြန်သည့် မိုးလေဝသအခြေအနေများ

ယနေ့ညနေအထိ ခန့်မှန်းချက်များ

ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် အနီးတစ်ဝိုက်တွင် အများအားဖြင့် သာယာမည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မြန်မာ့ပင်လယ်ပြင်

လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။

ယမန်နေ့ညနေတွင် တိုင်းထွာခဲ့သော ရန်ကုန်တိုင်း၏ အနိမ့်ဆုံးအပူချိန်မှာ 15°C ဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ 33°C ဖြစ်သည်။

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့၏ အနိမ့်ဆုံးအပူချိန်မှာ 3°C ဖြစ်နေပြီး အလွန်အေးသောအခြေအနေသို့ရောက်ရှိနေကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့ကို အောက်ဖော်ပြပါဇယားမှာ ကြည့်ရှူလေ့လာနိုင်ပါသည်။


Read times Last modified on Thursday, 09 January 2020 04:52
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.