Thursday, 19 December 2019 03:43

Astrology-3-770x470.jpg

၁၉.၁၂.၂၀၁၉ မှ ၂၅.၁၂.၂၀၁၉ အထိ ခုနှစ်ရက်သားသမီးများ၏ တစ်ပတ်အတွင်း ကံကြမ္မာ၊ အဆိုးအကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

ဝန်ထမ်းများ နေရာကောင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှု ပြုရပါလိမ့်မည်။ ဌာနဆိုင်ရာတွင် အရေးပါအရာရောက်သူအဖြစ် အသိအမှတ်ပြုခံရပါလိမ့်မည်။ မိမိ၏ထက်မြက်သော အတွေးအခေါ်ကောင်းများကြောင့် ဥစ္စာပစ္စည်းပြည့်စုံမှုများ ရရှိခံစားရပါလိမ့်မည်။ ဆန့်ကျင်ဘက်လိင်များမှ မျှော်လင့်ချက်များစွာဖြင့် မိမိအား ပံ့ပိုးကူညီမှုပြုကြပါလိမ့်မည်။ အိမ်ထောင်ဖက်မှ မိမိအပေါ်တွင် နေရာတကာ အလိုလိုက်နေပါလိမ့်မည်။ ကျန်းမာရေးဂရုစိုက်ရန်လိုပါသည်။ နိုင်ငံခြားတိုင်းပြည်များသို့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကိစ္စများဖြင့် ခရီးထွက်လိုသူများ အောင်မြင်ပါလိမ့်မည်။ အချစ်ရေးတွင် ချစ်မိသူအပေါ်၌ အကြိုက်သဘောဆန္ဒ အစစ်ဖြစ်ခဲ့ပါလျှင် လိုက်လျောဟန်ပြလျက် နီးစပ်မှုရှိလာစေရန် အားထုတ်လုံ့လပြုရပါလိမ့်မည်။
ယတြာ။ ။ အိမ်ကဘုရားတွင် အဖြူရောင်ပန်းများ ကပ်လှူပေးပါ။

တနင်္လာ

အလုပ်ကိစ္စများ၊ အမှုကိစ္စများတွင် အထူးအောင်မြင်၍ ကံကောင်းစေတတ်ပါသည်။ ကြီးကျယ်ခမ်းနားသော မင်္ဂလာဧည့်ခံပွဲများအား တက်ရောက်ခွင့် ကြုံရတတ်ပါသည်။ ပညာရေးထက် စီးပွားရေးကိစ္စများတွင် ပိုမို၍ စိတ်အားထက်သန်မှု ဖြစ်ရပါလိမ့်မည်။ ရာထူးဂုဏ်ထူးတိုးတက်ခြင်းနှင့်အတူ ခွဲစိတ်ကုသခံယူမှုပြုရခြင်းများ ကြုံရစေတတ်ပါသည်။ ကုန်သည်လုပ်ငန်းနှင့် ဉာဏလုပ်ငန်းရှင်များ အောင်မြင်မှုရရှိပါလိမ့်မည်။ မကြာခဏ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက်မအီမသာဖြစ်စေခြင်းမျိုး ကြုံရပါလိမ့်မည်။ အချစ်ရေးတွင် ချစ်ကြသူအချင်းချင်း အကြိုက်သဘော အတည်အရှည်၊ ညှိနှိုင်းနားလည်မှု ရရှိခဲ့ပြီဆိုပါလျှင် လိုက်လျောညီထွေ လက်တွဲဖြစ်ရန်သာ ဆုံးဖြတ်လိုက်ပါ။
ယတြာ ။ ။ အိမ်ကဘုရားတွင် သဇင်ပန်း ကပ်လှူပေးပါ။

သင့်အိမ်မှာ အညံ့တွေ ကင်းစင်ချင်ရင် ရှင်းလင်းသင့်တဲ့ ပစ္စည်း (၆) မျိုး

အင်္ဂါ

မိမိ၏ စိတ်ပြောင်းစိတ်မြန် ပြုမူဆောင်ရွက်တတ်မှုများကြောင့် စက်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် မည်မျှပင် ကြိုးစား၍လုပ်ကိုင်ပါသော်လည်း အလွယ်တကူအောင်မြင်နိုင်ရန် ခက်ခဲစေတတ်ပါသည်။ မိမိ၏အကျိုးကျေးဇူးရှိခဲ့ဖူးသူများထံမှ အကျိုးအမြတ်နှင့် စည်းစိမ်သုခကို အနည်းငယ်မျှ ခံစားခွင့်ရရှိပါလိမ့်မည်။ မိမိအပေါ်တွင် အင်အားတောင့်တင်းသော မလိုမုန်းထားမှုများလည်း ရှိနေရပါလိမ့်မည်။ အိမ်ထောင်ဖက်နှင့် မိသားစုအပေါ်တွင် ဦးစားပေးတာဝန်ယူမှုရှိနေပါလိမ့်မည်။ အိုးအိမ်၊ ယာဉ်၊ ကားတို့အတွက် ပြုပြင်မှု၊ ပြင်ဆင်မှု ပြုရပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူအပေါ်တွင် ဟန်မကျမှုများစွာအတွက် သံသယတစ်ခုထားစရာ ဖြစ်နေမိပါလိမ့်မည်။
ယတြာ ။ ။ ကလေးတစ်ဦးအား ဦးထုပ်တစ်လုံး လက်ဆောင်ပေးလိုက်ပါ။

ဗုဒ္ဓဟူး

အောင်မြင်ကြီးပွားတိုးတက်မှုများနှင့်အတူ ဆင်းရဲဒုက္ခသည် အဖော်အဖြစ် အမြဲလိုလိုပင် ကပ်ပါလာတတ်ပါသည်။ နေရာအနှံ့အပြားတွင် လူသိများ၍ ထင်ရှားစေသူဖြစ်ပါသော်လည်း စိတ်တိုင်းကျကျေနပ်မှု မရနိုင်ပါဘဲ ရှိနေတတ်ပါသည်။ ကောင်းမှုကုသိုလ်ပြုရခြင်းအား နှစ်သက်မှုရှိနေပါလိမ့်မည်။ နေရာတကာတွင် မိမိပါမှ ပြီးမြောက်မည်၊ ပြည့်စုံမည်ဟူသော ထင်မြင်ချက်ဖြင့် စိတ်ပန်း၊ လူပန်းဆောင်ရွက်မှု ပြုနေမိပါလိမ့်မည်။ အချစ်ရေးနှင့်ပတ်သက်ပါလျှင် အလွမ်းငွေ့၊ ဘေးမသန်းစေပါဘဲ ချမ်းမြေ့အေးချမ်းမှုများနှင့် ပြည့်စုံနေရပါလိမ့်မည်။
ယတြာ ။ ။ ဘိုးဘွားနှစ်ဦးအား ခြေအိတ်တစ်စုံစီ လက်ဆောင်ပေးလိုက်ပါ။

ကြာသပတေး

ရုပ်ရှင်၊ အနုပညာ၊ တေးဂီတနှင့် အစားအသောက်၊ အထည်အလိပ်အမျိုးမျိုး၊ ဇိမ်ခံပစ္စည်းအမျိုးမျိုးရောင်းဝယ်ခြင်းတို့နှင့် အကျိုးပေးပါလိမ့်မည်။ ငွေဝင်ထီပေါက်၍ စိတ်နောက်ကိုယ်ပါ ဖြစ်ချင်ရာများနှင့် ပြည့်စုံနေရပါလိမ့်မည်။ ခရီးယာယီသွားရပါလိမ့်မည်။ အကြောင်းအကျိုးမျှတ၍ ကောင်းကျိုးရရှိစေသော ခရီးကောင်းတစ်ခုဖြစ်စေပါလိမ့်မည်။ ပညာရေးကံကောင်းပါလိမ့်မည်။ မိတ်ဆွေကောင်း၊ ဆရာသမားကောင်းများနှင့် ဆုံရပါလိမ့်မည်။ အိမ်ထောင်ဖက်၏ အလိုက်သိမှု အလိုလိုက်မှုများကြောင့် စိတ်ချမ်းသာရပါလိမ့်မည်။ အချစ်ရေးတွင် မိမိမျှော်လင့်ထားမိသူနှင့် ခင်တွယ်နီးစပ်မှုဖြစ်စဉ်ကြောင့် ရင်ဝယ်ကြီးမြတ်သော ဆုလဒ်များ ရရှိလာသလို ခံစားရပါလိမ့်မည်။
ယတြာ ။ ။ ပြောင်းဖူးကြော် ဒါနပြုပေးပါ။

သင့်အိမ်ကို လာဘ်တိတ်ခြင်းနဲ့ ဘုန်းကံနိမ့်ခြင်း ကင်းဝေးအောင် ဒါတွေကို ရှောင်ပါ။

သောကြာ

ဂီတနှင့်ဆိုင်သော အနုပညာပစ္စည်းများ၊ ဝင်ငွေကောင်းများ ရရှိခံစားရပါလိမ့်မည်။ အရာရာတိုင်းတွင် စိတ်ဆန္ဒစောနေမိတတ်သည်။ ဉာဏ်ပညာထက်မြက်ပါသော်လည်း ပေါ့ပေါ့တန်တန်ရှိနေတတ်ပါသည်။ နေရာဒေသအနှံ့အပြားသို့ လှည့်ပတ်သွားလာရောက်ရှိနေရပါလိမ့်မည်။ မည်သည့်ကိစ္စတွင်မဆို မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့်သာ အောင်မြင်မှုရရှိစေမည်ဖြစ်ပါသည်။ ညီအစ်ကိုမောင်နှမများ၏ အကျိုးပေးပံ့ပိုးမှုများ ရရှိစေတတ်ပါသည်။ အချစ်ရေးတွင် ချစ်သူကောင်းစားရေးအတွက် အနစ်နာခံစွန့်လွှတ်ရခြင်းမျိုး ပြုရပါလိမ့်မည်။
ယတြာ ။ ။ အကိုက်အခဲပျောက် လိမ်းဆေးဘူး လက်ဆောင်ပေးလိုက်ပါ။

စနေ

မိမိပိုင်အတွင်းပစ္စည်းများ ခိုးယူပျောက်ဆုံးမှု ဖြစ်ပေါ်စေရတတ်ပါသည်။ လုပ်ငန်းများပြောင်းလဲ၍ လုပ်ကိုင်ဆောင်ရွက်လိုစိတ် ရှိနေပါလိမ့်မည်။ မကြာခဏ ခရီးထွက်ရပါလိမ့်မည်။ အလောင်းအစား၊ အပျော်အပါးကိစ္စများအတွက် ငွေကြေးကုန်ကျမှုများပြားနေပါလိမ့်မည်။ မည်မျှပင် သတိထားထား သတိတရားကောင်းမွန်ခြင်းမရှိ ဖြစ်နေတတ်သည်။ အမေ့အလျော့ထူပြော၍ ပေါ့ဆမှုများ ရှိနေပါလိမ့်မည်။ ရာဇဝတ်မှု မကင်းစေသောလုပ်ငန်းများနှင့် ကြုံတွေ့ပတ်သက်မှု ဖြစ်စေတတ်ပါသဖြင့် သတိပြုဆင်ခြင်ရန်လိုပါသည်။ အချစ်ရေးကိစ္စများနှင့် ပတ်သက်ပါလျှင် အနေမှန်ဟန်ကျ၍ ကြည်နူးချမ်းမြေ့စွာ လက်တွဲနိုင်မှသာလျှင် အဝေဖန်ခံရခြင်းများမှ ကင်းဝေးစေမည်ဖြစ်ရပါလိမ့်မည်။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား ကြည့်မှန်တစ်ချပ် လက်ဆောင်ပေးလိုက်ပါ။

သိလိုသည်များကိုလဲ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်၊
ဒေါက်တာလင်းမြတ်သူ ( 09 253817608 )

ဗေဒင်နှင့် လက္ခဏာဆရာများ >>>https://bit.ly/2m0YYZ7


Read times
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.