Tuesday, 03 December 2019 06:38

womanshoeshopping-1024x680.jpg

ဖိနပ်အသစ်ဝယ်တိုင်း ဖိနပ်ပေါက်တဲ့ ဒုက္ခကို မိန်းကလေးတိုင်း လိုလို ခံစားဖူးကြမှာပါ။

အထူးသဖြင့် ဒေါက်ဖိနပ်နဲ့ရှူးဖိနပ်ကြိုက်တဲ့ မိန်းကလေးတွေ ကြုံရတဲ့ ပြဿနာတစ်ခုပါ။ ဒါကြောင့် ဖိနပ်ပေါက်ခြင်းမှ ကင်းဝေးရအောင် ဘယ်လိုတွေ ပြုလုပ်သင့်လည်းဆိုတာ မျှဝေပေးလိုက်ပါတယ်...

(၁) ခြေထောက်နဲ့ကွက်တိကျတဲ့ ဖိနပ်

ဒါက နံပါတ်တစ် အရေးကြီးဆုံးပါ။ ဖိနပ်သစ်စီးတိုင်း ခြေထောက်နာ၊ ဖိန ပေါက်တာ တွေမဖြစ်ချင်ရင် စ၀ယ်ပြီဆိုတည်းက ကိုယ့်ခြေထောက်နဲ့ လုံးဝ fit ဖြစ်တာမျိုးကို ၀ယ်ပါ။ ဆိုဒ်ကို မှန်အောင် ရွေးပါ။

ကိုယ်ကြိုက်တဲ့ ဖိနပ်ဒီဇိုင်းထဲမှာ ကိုယ့်ဆိုဒ်နဲ့ FIT ဖြစ်တာမျိုး မတွေ့ခဲ့ရင်တောင် နည်းနည်းကျပ်နေ ၊ချောင်နေလည်း ကိစ္စမရှိပါဘူးဆိုပြီး ကြိတ်မှိတ်ဝယ်တဲ့အကျင့် မိန်းကလေး တွေမှာရှိပါတယ်။အဲ့ဒီလိုမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ကိုယ့်ခြေထောက် SIZE နဲ့ တော်တာ ကွက်တိကျတာမျိုးကိုပဲ ၀ယ်ပါ။

>>>ဘယ်ဖိနပ်စီးစီး သက်သောင့်သက်သာဖြစ်စေဖို့ သိထားသင့်တဲ့ အချက်များ

(၂) အိမ်မှာနေရင်းစီးကြည့်ပါ

အပြင်ထွက်မှာ အသစ်ကို စစီးတာထက်စာရင် အိမ်မှာနေရင်း စီးကြည့်ပါ။ အိမ်ထဲမှာ ဖိနပ်စီးပြီး ဟိုဟိုဒီဒီလျှောက်သွားတာမျိုးမဟုတ်ပဲ ဒီအတိုင်း ဖိနပ်ကို စွပ်ရုံစွပ်ထားရင်လည်း ရပါတယ်။တကယ်လို့ နာမှာဆိုးတယ်ဆိုရင် ခြေအိတ်ဝတ်ပြီး စွပ်ထားပေးလိုက်ပါ။

(၃) ပလာစတာကပ်စီးပါ

နောက်တစ်ချက်ကတော့ ဖိနပ်သစ်ကြောင့် ခြေထောက်နာတယ်ဆိုရင် နာတဲ့နေရာ အစိတ်အပိုင်းပေါ်မှာ ပလာစတာ ကပ်စီးပေးပါ။

(၄) Roll- On (သို့)လိုးရှင်း

စီးမယ့် ဖိနပ်ရဲ့ ဘေးနား၊ ဖိနပ်ပေါက်တတ်တဲ့ နေရာ ဥပမာ ခြေချောင်း ထိပ် ၊ဘေး၊ ခြေကျင်းဝတ်လို နေရာတွေမှာ roll-on (သို့) ချောတဲ့ လိုးရှင်းလို အဆီမျိုးကို လိမ်းပေးပါ။ အများကြီးလည်း မလိမ်းပါနဲ့။

Roll- on က ကိစ္စမရှိပေမယ့် တစ်ချို့လိုးရှင်းတွေက အများကြီးလိမ်းရင် အဆီတွေ အရမ်းထွက်ပြီး ချောနေတတ်လို့ပါ။ ဖိနပ်မစီးခင်မှာ ခြေထောက်ကို ပေါင်ဒါမှုန့်(ကလေး ဆေးပေါင်ဒါမျိုး) လိမ်းပြီး စီးတာမျိုးလည်း လုပ်လို့ရပါတယ်။

>>>ကွန်ပျူတာ၊ ဖုန်း နေ့စဉ်အသုံးပြုသူတွေ Sunscreen လိမ်းသင့်

(၅) ရေခဲသုံးပါ

ပလတ်စတစ်အိတ်ငယ်နှစ်ခုထဲကို ရေခဲထည့်ပါ။ ပြီးရင်တော့ ကိုယ်စီးမယ့် ဖိနပ်ရဲ့ ထိပ်ပိုင်းထဲမှာ ထည့်တစ်ညလောက် ထည့်ထားပေးပါ။(ရေစိုလို့ အဆင်ပြေတဲ့ ဖိနပ်မဟုတ်ရင်တော့ ဒီနည်းကို မသုံးပါနဲ့)။ အဲ့ဒီလို ဆိုရင်မနက်ကျရင် ဖိနပ်က နည်းနည်းကျယ်သွားပြီး စီးရတာ ပိုအဆင်ပြေစေပါတယ်။

(၆) အပူကိုသုံး

ဖိနပ်ကို စီးပြီး Dryer နဲ့ မှုတ်ပေးရမှာပါ။ အပူက ဖိနပ်တွေကို ပိုချောင်သွားစေပြီး စီးတဲ့အခါ ခြေထောက်တွေ သက်သောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

Dryer နဲ့မှုတ်ပြီးရင် စီးပြီး လမ်းလျှောက်ကြည့်လိုက်၊ လိုအပ်တယ်ဆိုရင် Dryer နဲ့ထပ်မှုတ်ပြီး ထပ်စီးကြည့်ပါ။ကိုယ်နဲ့ အဆင်ပြေလောက်တဲ့ အနေအထားမျိုးရောက်တဲ့အထိ လုပ်ပေးနိုင်ပါတယ်။


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.