Saturday, 30 November 2019 08:02

six-senses-sleep-is-525757763.jpg

လူအနည်းစုက အိပ်ယာဝင်တာနဲ့ အိပ်ပျော်သွားတတ်ကြပါတယ်။ တချို့လူတွေကတော့ ညဘက်ချက်ချင်း အိပ်မပျော်ကြပါဘူး။

အိပ်ပျော်နိုင်ဖို့ ကြိုးစားရင်း အိပ်ရေးပျက်ကာ မနက်ခင်းတွေမှာ အားနည်း မူးဝေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အာရုံကြောအဖွဲ့အစည်းတွေကို အနားပေးပြီး အေးအေးဆေးဆေးနဲ့ စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

>>>ဝန်ထမ်းတစ်ယောက်ရဲ့ ရုံးပြန်ချိန်ကို အကျိုးရှိအောင်ကုန်ဆုံးသင့်တဲ့ နည်းလမ်း (၄) ချက်

၁။ ခြေကိုနံရံပေါ်မြှောက်တင်နည်း

ခါးအောက်မှာခေါင်းအုံးတစ်လုံးကို ထားလိုက်ပါ။ ပြီးရင် ခြေထောက်ကို နံရံပေါ်ဆန့်ထားလိုက်ပါ။ လက်ကို ခန္ဓာကိုယ်နဲ့တပြေးညီထဲဆန့်ထားလိုက်ပြီး (၂) မိနစ်ခန့်နေပါ။ ပြီးရင် ဒူးကိုဖြည်းဖြည်းချင်း ကွေးလိုက်ပါ။

၂။ ခြေထောက်ကို ဆန့်ကားနည်း

ထိုင်ချလိုက်ပြီး ခြေထောက်ကို တစ်ဖက်တစ်ချပ်ဆီ ဆန့်ကားထားလိုက်ပါ။ ခေါင်းအုံးတစ်လုံးကို သင့်ရှေ့မှာထားပါ။ ခါးမတ်မတ်ထားပြီး အသက်ကိုပြင်းနိုင်သမျှ ပြင်းပြင်းရှူပါ။ပြီးလျှင် လေကိုမှုတ်ထုတ်ပြီး ခေါင်းအုံးပေါ်မှာ လှဲချလိုက်ပါ။ ဒီလေ့ကျင့်ခန်းမှာ အသက်ပြင်းပြင်းရှူခြင်းကို ၁၀ကြိမ်ပြုလုပ်ပေးရပါမယ်။

>>>စက်ဘီးနင်းခြင်းကြောင့် ရရှိလာနိုင်မယ့် ကျန်းမာရေးကောင်းကျိုး (၆) ချက်

၃။ တင်ပလ္လင်ခွေနည်း

ကျောအောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး ခြေထောက်ကို တင်ပလ္လင်ခွေလိုက်ပါ။ လက်တွေကို ဆန့်ကားထားပြီး အသက်ကို ပြင်းပြင်းရှူသွင်းရှူထုတ်ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းကို (၃)မိနစ်ကြာ ပြုလုပ်နိုင်ပါတယ်။

၎။ ခေါင်းနောက်ပြန်လှည့်နည်း

ခန္ဓာကိုယ်ကို လှဲချလိုက်ပြီး ဒူးကိုတစ်ဖက်သို့ ကွေးလိုက်ပါ။ လက်ကိုပေါင်ပေါ်တင်ပြီး (၁)မိနစ်ခန့် ခေါင်းကိုနောက်တစ်ဖက်သို့လှည့်ပါ။ တစ်ဖက်ကို ၅ ကြိမ်စီ ပြုလုပ်နိုင်ပါတယ်။

၅။ ကျောဆန့်နည်း

ခန္ဓာကိုယ်ကို ကုတင်ပေါ်သို့လှဲချလိုက်ပါ။ ခြေတွေလက်တွေကို ပြန့်ကားလိုက်ပြီး ကျောရိုးကိုဆန့်ထုတ်ပါ။ အသက်ဝဝရှူပြီး မှုတ်ထုတ်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ၄ ကြိမ်ထိ ပြုလုပ်နိုင်ပါတယ်။

Ref New shwe myanmar


Read times Last modified on Saturday, 30 November 2019 08:56
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.