Thursday, 28 November 2019 03:20

Astrology-3-770x470.jpg

၂၈.၁၁.၂၀၁၉ မှ ၄.၁၂.၂၀၁၉ အထိ ခုနှစ်ရက်သားသမီးများ၏ တစ်ပတ်အတွင်း ကံကြမ္မာ၊ အဆိုးအကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

ရင်းနှီးမြှုပ်နှံမှုပြုထားပါသော လုပ်ငန်းကိစ္စများတွင် အဆင်ပြေစွာ ဆောင်ရွက်မှုပြုနိုင်ပါလိမ့်မည်။ သံတမန်ကိစ္စများ၊ စေ့စပ်ဆွေးနွေးမှုဆိုင်ရာကိစ္စများတွင် အထူးအောင်မြင်မှုရရှိပါလိမ့်မည်။ နိုင်ငံခြားခရီးစဉ်များ အဆင်ပြေ၍ အဆက်အသွယ်ကောင်းများ ရရှိပါလိမ့်မည်။ အိမ်ထောင်ဖက်၏ပြဿနာနှင့် အခက်အခဲများကို တာဝန်ယူဖြေရှင်းမှုပြုရပါလိမ့်မည်။ မိမိ၏ဂုဏ်သိက္ခာကျဆင်းစေသော အပြုအမူများ၊ အပြောအဆိုများကို သတိပြုဆင်ခြင်ရန်လိုပါသည်။ ဖခင်၏ကျန်းမာရေး ဂရုစိုက်ရန်လိုပါသည်။ အချစ်ရေးတွင် အသွားအလာအဝင်အထွက်၌ စကားအထာအသွင်ညက်စွာ ပြောဆိုတတ်ပါသော ချစ်သူ၏ ပီယဝါစာတွင် အဓိကသာယာစေသော ခံစားမှုများဖြင့် ကျေနပ်ပျော်ရွှင်နေရပါလိမ့်မည်။
ယတြာ။ ။ မွေးနေ့တွင် ဒိန်ချဉ်တစ်ခွက် ဒါနပြုပေးပါ။

တနင်္လာ

ကိုယ်ကျိုးကိစ္စများအတွက် အနစ်နာခံပြီး အများအကျိုးအတွက် တာဝန်ယူ ဆောင်ရွက်ပေးရခြင်းများ ကြုံရပါလိမ့်မည်။ စီးပွားရေးလုပ်ငန်းဟူသမျှ ယခင်အခြေအနေအတိုင်းသာ ဆက်လက်၍ လုပ်ကိုင်ဆောင်ရွက်ရန် အထူးသတိပြုပါ။ တိုးချဲ့၍လုပ်ကိုင်မှုတိုင်းတွင် အကျိုးမဲ့ဆုတ်ယုတ်မှုများအဖြစ် ကြုံရတတ်ပါသည်။ အမွေအနှစ်ရရန် အခက်အခဲအနည်းငယ် ကြုံရစေတတ်ပါသည်။ မိခင်၏ကျန်းမာရေးအတွက် တာဝန်ယူစောင့်ရှောက်မှု ပြုပေးရပါလိမ့်မည်။ ဝမ်းဗိုက်အတွင်း အလုံး၊ အကျိတ်ဖြစ်တည်မှုကြုံရခြင်း၊ ခွဲစိတ်ကုသမှုခံရခြင်းများ ဖြစ်စေရတတ်ပါသည်။ အချစ်ရေး၌ ချစ်သူအပေါ်တွင် သစ္စာကတိဖြင့် မေတ္တာရှိစွာ မြတ်နိုးလာခဲ့ခြင်းအပေါ်တွင် အမှန်အကန် အချက်အ လက်ထောက်ရှု၍ တန်ပြန်သက်ရောက်မှုရရှိစေနိုင်ရန် ကြိုးစားသင့်ပါသည်။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား အုန်းနို့ခေါက်ဆွဲတစ်ပွဲ ဒါနပြုပေးပါ။

အိမ်မြှောင် စုတ်ထိုးရင် ဘာဖြစ်နိုင်သလဲ

အင်္ဂါ

အများ၏ အားကိုးအားထားပြုရလောက်သော အရည်အချင်းကောင်းများနှင့် ပြည့်စုံနေရပါလိမ့်မည်။ ဌာနဆိုင်ရာအတွင်း ရာထူးတိုးခြင်း၊ နေရာကောင်းများတွင် တာဝန်ယူဆောင်ရွက်ရခြင်းများ ကြုံရပါလိမ့်မည်။ ညီအစ်ကိုမောင်နှမများ၏ အခက်အခဲများအတွက် အဓိကဦးစားပေး၍ ကူညီဆောင်ရွက်မှုပြုပေးနေရပါလိမ့်မည်။ အပြိုင်အဆိုင်နှင့် လုပ်ကိုင်ရပါသောကိစ္စများတွင် စိတ်တိုင်းမကျဖြစ်ရခြင်း ရှိနေပါလိမ့်မည်။ အိမ်ထောင်ဖက်နှင့်ပတ်သက်၍ မလိုလားအပ်သောဆုံးရှုံးမှုများ ရှိစေတတ်ပါသည်။ အချစ်ရေးတွင် ချစ်သူနှင့်ပတ်သက်သမျှ ဖြစ်လာကြားနာရခြင်းဟူသရွေ့သည် မေတ္တာထားစရာကင်းမဲ့စေသည့် အခြေအနေမျိုးသာ ကြုံတွေ့နေရပါလိမ့်မည်။
ယတြာ ။ ။ ရေသန့်တစ်ဘူး ဒါနပြုလိုက်ပါ။

ဗုဒ္ဓဟူး

မိမိ၏ကြိုးစားအားထုတ်မှုရှိသလောက် အောင်မြင်မှုများခံစားရပါလိမ့်မည်။ မြေ၊ အမွေကိစ္စများအတွက် စကားအချေအတင် ပြောဆိုရခြင်းများရှိနိုင်သည်။ ပူးတွဲလုပ်ကိုင်ဆောင်ရွက်ကြသူများနှင့် အစစအရာရာတွင် အဆင်ပြေစွာဆောင်ရွက်မှု ပြုနိုင်ပါလိမ့်မည်။ မိမိ၏အထက်လူကြီးများနှင့် ပြောဆိုဆက်ဆံရာတွင် စကား သို့မဟုတ် မိမိ၏အပြုအမူများ ရိုင်းပျမှုဖြစ်သွားစေတတ်ပါသည်။ နေအိမ်တွင် လူဦးရေတိုးပွားမှုဖြစ် စေရပါလိမ့်မည်။ နေရပ်ဒေသမှ ဝေးကွာသော ခရီးတစ်ခုထွက်ရန် ရှိလာပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူနှင့်ပတ်သက်ပါသော ဘေးပြောကိစ္စအထွေထွေအတွက် တွေးတောစိတ်မချ၊ အနေခက်စရာများ ဖြစ်တည်ခံစားနေရပါလိမ့်မည်။
ယတြာ ။ ။ အိမ်ကဘုရားတွင် ဗယာကြော် ၅ ခု ကပ်လှူပေးပါ။

ကြာသပတေး

တစ်ပါးသူမှ အတူတကွ ပူးတွဲလုပ်ကိုင်လိုသော ကမ်းလှမ်းမှုများ ကြုံရပါလိမ့်မည်။ အင်္ဂါနံ၊ သောကြာနံ ပစ္စည်းများနှင့် အကျိုးပေးပါလိမ့်မည်။ မိမိ၏လုပ်ငန်းများ တိုးတက်စေရန်အတွက် မှီခိုသူများအပေါ်တွင် တာဝန်မဲ့စွာပြုမူမိခြင်းများ ရှိနိုင်ပါသည်။ ဆန့်ကျင်ဘက်လိင်များနှင့်ပတ်သက်၍ ကုန်ကျစရိတ်များ လွန်ကဲနေရပါလိမ့်မည်။ ကျန်းမာရေးကောင်းမွန်ပါသော်လည်း ဒူးနာခြင်း၊ ခြေသလုံးနာကျင်ကိုက်ခဲခြင်းများ ရှိနေပါလိမ့်မည်။ အိမ်ထောင်ဖက်အကျိုးကျေးဇူး ခံစားရပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူသည် ငြင်းစရာ အဆိုးသတင်း မည်မျှပင်ရှိသူဖြစ်ပါစေ သံသယကင်းစွာဖြင့် အရိုးစင်းဆုံး၊ ခွင့်လွှတ်နိုင်ခြင်းမျိုးရှိခဲ့ပါလျှင် အသွင်အပြင်အရှိအပေါ်တွင် ဆင်ခြင်သတိဖြင့် လက်တွဲနိုင်ရန် ကြိုးစားပါ။
ယတြာ ။ ။ မွေးနေ့တွင် စံပယ်ပန်းများ ကပ်လှူပေးပါ။

သောကြာ

ကြီးပွားတိုးတက်မှုရှိသော လုပ်ငန်းများတွင် အောင်မြင်မှုအထိုက်အလျောက် ရရှိခံစားရပါလိမ့်မည်။ ဆင်းရဲဒုက္ခအမျိုးမျိုးလည်း ကြုံတွေ့ခံစားရစေတတ်ပါသည်။ နှစ်ရှည်စီမံကိန်းများအတွက် ချမှတ်လုပ်ကိုင်ရာတွင် ပံ့ပိုးကူညီနိုင်ပါသော မိတ်ဆွေကောင်းများ၏ အကူအညီများစွာ ရရှိပါလိမ့်မည်။ မိမိပိုင်အိုးအိမ် ယာဉ်ကားများအတွက် ပြုပြုင်ရခြင်း၊ ပြင်ဆင်ရခြင်းများ ပြုရပါလိမ့်မည်။ ညီအစ်ကို မောင်နှမများ၏ လိုအပ်ချက်များ၊ အခက်အခဲများအတွက် အဆင်ပြေအောင် ဆောင်ရွက်မှုပြုပေးရပါလိမ့်မည်။ အရှေ့အရပ်နှင့် မြောက်အရပ်များသို့ ခရီးထွက်ရန်မသင့်ပါ။ အချစ်ရေးတွင် မိမိတန်ဖိုးထားသည့် သိက္ခာအတွက် လိပ်ပြာရှက်စရာစကားအထိုထိုဖြင့် ထိုးနှက်ပြောဆို သဘောအလိုအတွက် ခွင့်လွှတ်နိုင်သည့်အင်အား နည်းပါးနေရခြင်းမျိုး ကြုံရပါလိမ့်မည်။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား ထီလက်မှတ်တစ်စောင် လက်ဆောင်ပေးလိုက်ပါ။

သင့်အိမ်ကို လာဘ်တိတ်ခြင်းနဲ့ ဘုန်းကံနိမ့်ခြင်း ကင်းဝေးအောင် ဒါတွေကို ရှောင်ပါ။

စနေ

မိမိကဦးဆောင်၍ တာဝန်ယူဆောင်ရွက်ထားပါသော ကိစ္စများတွင် အခက်အခဲများနှင့် ပြဿနာများစွာ ရှိနေတတ်ပါသည်။ သူများ၏အယူသည် ကိုယ့်အယူဖြစ်နေရပါလိမ့်မည်။ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် စိတ်အားထက်သန်မှု ကင်းမဲ့လျက် စိတ်ကုန်နေမိပါလိမ့်မည်။ အိုးအိမ်၊ ယာဉ်ကားရောင်းဝယ်မှုများမှ ဝင်ငွေအထိုက်အလျောက်ရရှိပါလိမ့်မည်။ ခရီးသွားလာခြင်းများဖြင့် စိတ်သစ်လူသစ်အာရုံသစ်များ ဖန်တီးနိုင်ရန်လိုပါသည်။ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ ဝင်လာနိုင်ပါသော်လည်း တာရှည်မခံပါဘဲ ပျက်စီးစေတတ်ပါသည်။ သွေးအားနည်းခြင်း၊ မူးဝေမောပန်းခြင်း ဖြစ်စေရတတ်ပါသည်။ အချစ်ရေးတွင် အမူလွန် အချောကြိုက်အသွင်ဖြင့် မိမိဖြစ်ချင်သည်ကို ဇွတ်မဖန်တီးပါနှင့်။ အရှုံးအမြတ်စာရင်းဇယားဖြင့် အမုန်းဇာတ်ခင်းသွားခြင်းမျိုး ကြုံရတတ်ပါသဖြင့် သတိပြုပါ။
ယတြာ ။ ။ သဲတစ်အိတ်လှူပေးပါ။

သိလိုသည်များကိုလဲ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်၊
ဒေါက်တာလင်းမြတ်သူ ( 09 253817608 )

ဗေဒင်နှင့် လက္ခဏာဆရာများ >>>https://bit.ly/2m0YYZ7


Read times Last modified on Thursday, 28 November 2019 06:20
Rate :
(1 Vote)

1 comment

  • semi-
    Comment Link

    Hi cⲟlleaguеs, its great artiсle about cultuгeand completely defined,
    keep it up ɑll the timе.

    Friday, 29 November 2019 18:44 posted by semi-
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.