Friday, 08 November 2019 11:41

woman-with-muscles.jpg

ယုံကြည်မှုဆိုတာ မွေးရာပါ အရည်အချင်းတစ်ခုမဟုတ်ပါဘူး။ တည်ဆောက်ယူရတဲ့ စွမ်းအင်တစ်ခုဖြစ်ပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်မြင့်မားတယ်ဆိုရင် သူဟာ သူ့ ကိုယ်သူ အကြာကြီး တည်ဆောက်ခဲ့တာလို့ ပြောနိုင်ပါတယ်။အခုပြောမှာကတော့ Self-Confidence ရှိအောင် ပြုပြင်ရာမှာ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ချို့ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) အတွေးတွေကို သိနေပါ

ကြောက်တဲ့ စိတ်ပဲ ဖြစ်ဖြစ် ၊ တစ်ခုခုကို စိုးရိမ်တာကိုပဲ ဖြစ်ဖြစ် ဒီအတွေး ခံစားချက်တွေကို သိနေတဲ့ အလေ့အကျင့်လုပ်ထားမယ်ဆိုရင် လူဟာ ပိုပြီးတည်ငြိမ်လာပါတယ်။

ဒီအလေ့အကျင့်ဟာ နှစ်ကြာလေလေ အကျိုးကျေးဇူးများလေပါပဲ။ အတွေးတွေကိုသိတဲ့ သူရဲ့ တည်ငြိမ်အေးဆေးမှုဟာ ယုံကြည်မှုတည်ဆောက်ဖို့ အတွက် တကယ့်ကို အရေးကြီးပါတယ်။

>>>အလုပ်ခွင်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို ဘယ်လို ထိန်းချုပ်မလဲ

(၂) နားထောင်မှုစွမ်းရည်မြှင့်ပါ

ကိုယ့်အကြောင်းကို လူတွေ သိစေချင်ရင် စကားပြောရပါတယ်။ ကိုယ့်အသိပညာကို တကယ်တိုးစေချင်ရင်တော့ နားထောင်ရပါတယ်။ နားထောင်ခြင်းဟာ အရေးပါတဲ့ စွမ်းရည်ပါ။

ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိစေချင်တယ်ဆိုရင် စကားပြောတဲ့အပိုင်းကို နည်းနည်းလျှော့ပြီး နားထောင်တဲ့ဘက်ကို ပိုပြီးအားစိုက်ပါ။ ဒါပေမယ့် သူများပြောတိုင်း ခေါင်းလိုက်ငြိမ့်တာမျိုးနဲ့တော့ မရောထွေးစေချင်ပါဘူး။

(၃) စိတ်ကို သင်ပါ

အကောင်းမြင်စိတ်ကို ဖန်တီးမယ့် ဂါထာတစ်ခု ကိုယ့်ဘာသာကို ရေးထားပါ။ ဥပမာ- “ငါ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်တယ်။ ဘာတွေပဲ ဖြစ်လာဖြစ်လာ အတည်ငြိမ်ဆုံးရင်ဆိုင်မယ်၊ အကောင်းဆုံး ဖန်တီးမယ်”

စသည်ဖြင့် ကိုယ့်ကိုယ်ကို အပြုသဘောဘက်တွန်းတဲ့စကားတွေ ပြောပေးနေဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မွေးထားခြင်းဟာ သဘောထား ပြောင်းလဲလိုက်ခြင်းဖြစ်သလို တကယ်လည်း အလုပ်ဖြစ်ပါတယ်။

>>>ဝန်ထမ်းတစ်ယောက်ရဲ့ ရုံးပြန်ချိန်ကို အကျိုးရှိအောင်ကုန်ဆုံးသင့်တဲ့ နည်းလမ်း (၄) ချက်

(၄) ဘာကိုမှ အရမ်း စိုးရိမ်စိတ် မထားနဲ့ 

အလေးအနက် ထားလွန်းတဲ့ စိတ်ကို ပြင်ပါ။ ဒီနေ့ ကစပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်တော့မယ်ဆိုရင် အလွန်အကျွံ ခံစားမိတာတွေနောက် မလိုက်ပါနဲ့ ။ သိပ်လည်း မကြောက်ပါနဲ့ ။ ဖိအားများသူဟာ ယုံကြည်မှု နည်းလာပါတယ်။

ကိုယ့်ကိုယ်ကို အမြဲ သံပတ်ပေးထားပါ။ ဘာမှ မဟုတ်တဲ့ ကိစ္စတွေမှာ အကြီးအကျယ် ခံစားမနေတော့ဘူးလို့ ။ ဒါဆိုရင် စိတ်ဟာ လွတ်လပ်လာပြီး လူဟာ ကိုယ့်စွမ်းရည်အပေါ် ယုံကြည်စိတ် တက်လာမှာ ဖြစ်ပါတယ်။

Ref kwee blog


Read times Last modified on Thursday, 14 November 2019 07:24
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.