Thursday, 07 November 2019 03:57

Astrology-3-770x470.jpg

၇.၁၁.၁၉ မှ ၁၃.၁၁.၁၉ အထိ ခုနှစ်ရက်သားသမီးများ၏ တစ်ပတ်အတွင်း ပြောင်းလဲမည့် ကံကြမ္မာ၊ အဆိုးအကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

မိခင်၊ အဒေါ်၊ ယောက္ခမတို့၏ အကူအညီဖြင့် အရာရာတွင် အဆင်ပြေကံကောင်းမှု ဖြစ်စေရပါလိမ့်မည်။ အကူအညီပေးသူများ၏ အလွှမ်းမိုးခံ၊ အနိုင်ခံဖြစ်ရတတ်ပါသည်။ မိတ်ဆွေအပေါင်းအသင်းများစွာနှင့် ရင်းနှီးချစ်ခင်မှုရရှိပါလိမ့်မည်။ ဝင်ငွေလာဘ်လာဘ အထူးကောင်းမွန်စေသော ကာလဖြစ်ပါသည်။ စိတ်ချမ်းသာ ပျော်ရွှင်မှုများလည်း ကြုံရပါလိမ့်မည်။ အလုပ်များလွန်း၍ စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါသည်။ ရေချိုးမှား၍ ဖျားနာရတတ်ပါသည်။ အချစ်ရေးတွင် စိတ်ဆိုးစိတ်ကောက်ပြုမူ တတ်ပါသော ချစ်သူအား ခွင့်လွှတ်သော ချစ်ခြင်းများဖြင့် အပြစ်ကင်းစကားပြောဆို၍ မိမိဘက်သို့ပါလာစေရန် စည်းရုံးသင့်ပါသည်။
ယတြာ။ ။ လမ်း၊ တံတားပြုပြင်ရာတွင် ကုသိုလ်ပါဝင် လှူဒါန်းပေးပါ။

တနင်္လာ

လုပ်ငန်းအသစ်၊ စီးပွားအသစ်များ ပြောင်းလဲလုပ်ကိုင်ရန် အချိန်ကောင်းဖြစ်ပါသည်။ ပုံမှန်စီးပွားရေးလုပ်ငန်းများမှလည်း အကျိုးအမြတ်များစွာ ရရှိပါလိမ့်မည်။ မိမိ၏လိုက်လျောမှု၊ ပံ့ပိုးကူညီမှု စိတ်စေတနာ စစ်မှန်ခြင်းအပေါ်တွင် ကျေးဇူးဆပ်လိုသူများလည်း ပေါ်လာပါလိမ့်မည်။ သူတစ်ပါး၏ကိစ္စများတွင် လိုအပ်သည်ထက်ပို၍ စပ်စုချင်သောစိတ်ကို ထိန်းသိမ်းပါ။ တောင်အရပ်သို့ ခရီးသွားလာခြင်းများမှ အကျိုးကျေးဇူးခံစားရပါလိမ့်မည်။ အိမ်အဟောင်း၊ အလုပ်အဟောင်း၊ အကြွေးဟောင်းများနှင့် ပတ်သက်၍ အကျိုးခံစားခွင့်ကြုံရပါလိမ့်မည်။ အချစ်ရေးတွင် မိမိအနေဖြင့် အကြိုက်သဘောအလိုကျ မည်မျှပင်ဆောင်ရွက်ပေးခဲ့ပါသော်လည်း ဗိုလ်ကျအနိုင်ယူ၍ လိုသမျှအပိုင်ချူ လှည့်စားတတ်သူမျိုးနှင့် ချစ်သူဖြစ်ရတတ်ပါသည်။
ယတြာ ။ ။ မွေးနေ့တွင် သစ်သီး ၃ မျိုး ကပ်လှူပေးပါ။

ရေခဲသေတ္တာပေါ်တွင် တင်မထားသင့်သော ပစ္စည်းများ

အင်္ဂါ

မိမိ၏စီးပွားရေးကိစ္စများတွင် အတားအဆီး၊ အနှောင့်အယှက်များစွာ ကြုံတွေ့ရင်ဆိုင်မှု ဖြစ်ရတတ်ပါသည်။ အမှားမကင်းပါသော စကားများစွာပြောဆိုမှု ပြုမိတတ်ပါသည်။ မည်သည့်ကိစ္စတွင်မဆို မလုပ်ကိုင်မီ သေချာစဉ်းစားပြီးမှသာ စနစ်တကျဖြင့် စီစဉ်ဆောင်ရွက်သင့်ပါသည်။ မတွေးသင့်သော အတွေးများနှင့် မပေးသင့်သော အကြွေးများကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်နေရခြင်းမျိုး ကြုံရပါလိမ့်မည်။ အိမ်ထောင်ဖက်၏ ကျန်းမာရေး ဂရုစိုက်သင့်ပါသည်။ အနောက်အရပ်သို့ ခရီးထွက်ရန်မသင့်ပါ။ အချစ်ရေးတွင် ချစ်သူ၏ ရန်ရှာမုန်းတီးနေတတ်ပါသော ဖြစ်ရပ်များကြောင့် သံသရာအဆုံး ခရီးထွက်ခွာ၍ အမုန်းကြီးရက်ကြာဖြင့် နေသွားလိုစိတ်များသာ ဖြစ်ပေါ်နေရပါလိမ့်မည်။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား ထီးတစ်ချောင်း လက်ဆောင်ပေးလိုက်ပါ။

ဗုဒ္ဓဟူး

စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်မှုများ၊ အကျိုးအမြတ်များ ရရှိခံစားရပါလိမ့်မည်။ ဥစ္စာပစ္စည်းတိုးတက်မှုများလည်း သိသာစေရပါလိမ့်မည်။ သားသမီးများနှင့်ဆိုင်သော အရှုပ်အထွေးကိစ္စများ ဖြေရှင်းမှုပြုရပါလိမ့်မည်။ တိုးတက်လိုစိတ်ဖြင့် ပညာရပ်ဆိုင်ရာကိစ္စများတွင် ကြိုးပမ်းအားထုတ်မှုပြုနေမိပါလိမ့်မည်။ အမွေအနှစ်များ၊ အဖိုးတန်လက်ဝတ်ရတနာများ လက်ခံရရှိစေတတ်ပါသည်။ လူမှုရေးပြဿနာများ ပေါ်လာတတ်ပါသဖြင့် သတိပြုဆင်ခြင်ရန်လိုအပ်ပါသည်။ အချစ်ရေးတွင် ချစ်မိသူသည် စာနာမှုမရှိ ကြင်နာမှုမဲ့စွာဖြင့် ပြောဆိုတတ်သူဖြစ်နေသည်ဆိုပါလျှင် အမုန်းနှင့် အလျှင်စရိုက်မပါသည့် အပြုံးနှင့် ငြင်းလိုက်ပါ။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား ပဲနံပြားတစ်ပွဲ ဒါနပြုလိုက်ပါ။

ကြာသပတေး

ယခုကာလအတွင်း စိတ်ရောကိုယ်ပါ အလုပ်များစွာ လုပ်ကိုင်နေမိပါလိမ့်မည်။ ထင်ထားမိသလောက် အောင်မြင်မှုမရနိုင်သေးသော်လည်း စိတ်ကျေနပ်မှု ဖြစ်စေရပါလိမ့်မည်။ ပညာရှိသူများ၊ အတွေးအခေါ်ကောင်းသူများက ကူညီစောင့်ရှောက်မှု ပြုပေးကြပါလိမ့်မည်။ ရှေးဟောင်းပစ္စည်းများ လက်ခံရရှိပါလိမ့်မည်။ လုပ်ငန်းများတွင် တိုးတက်မှုရှိပြီး အတည်တကျဖြစ်လာပါလိမ့်မည်။ ဝန်ထမ်းများ ရာထူးတိုးခံစားရပါလိမ့်မည်။ အတွင်းမနောကံစိတ်ဖြင့် အိမ်ထောင်ဖက်အပေါ်တွင် စော်ကားမိတတ်ပါသည်။ အချစ်ရေးတွင် ချစ်သူနှင့်နီးစပ်နိုင်စေရန် မရေမရာရှိ နေပါသော်လည်း စေတနာလက်ဆောင်ကောင်းများ မကြာခဏရရှိနေရပါလိမ့်မည်။
ယတြာ ။ ။ ကလေးတစ်ဦးအား ဦးထုပ်တစ်လုံး လက်ဆောင်ပေးလိုက်ပါ။

နေ့စဉ်ထိတွေ့နေတဲ့ ခေါင်းအုံးသန့်ရှင်းရေးကို ဂရုမစိုက်ရင်

သောကြာ

သူတစ်ပါး၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်မိခြင်းကြောင့် နောင်တရစရာများ ဖြစ်ပေါ်ခံစားရပါလိမ့်မည်။ ဖခင်နှင့်ပတ်သက်၍ စကားအချေ အတင်ပြောဆိုမှု ပြုရစေတတ်ပါသည်။ အတူနေထိုင်ကြသူအချင်းချင်း အထင်အမြင်လွဲမှားမှု၊ အထင်အမြင်သေးသိမ်မှုများ ခံစားရပါလိမ့်မည်။ ဒေါသတရားနှင့် သောကအမှား ကင်းစေရန် ပုတီးများများစိပ်ပေးပါ။ စာမေးပွဲကိစ္စများတွင် တစ်ပါးသူအား ယုံစားခြင်းထက် မိမိကိုယ်မိမိ အားကိုးခြင်းသည်သာ အောင်မြင်မှုရစေရန် ပိုမို၍သေချာပါလိမ့်မည်။ အချစ်ရေးတွင် အပြုံးစကားဖြင့် ဝင်လာသူအတွက် နှလုံးသားနှင့် အကြင်နာမူလျက် တစ်ဖက်လူ၏ သဘောအလိုမသိသမျှ အပြောအဆို သတိမကျွံ ကတိမလွန်မိစေရန် စောင့်ထိန်းဖို့ လိုအပ်ပါလိမ့်မည်။
ယတြာ ။ ။ နေအိမ်ပတ်ဝန်းကျင်တွင် မြက် သို့မဟုတ် အမှိုက်များ ရှင်းပေးပါ။

စနေ

မိတ်ဆွေအသစ်များက စီးပွားရေးလောကတွင်းသို့ လက်တွဲခေါ်ဆောင်မှု ပြုကြပါလိမ့်မည်။ မိမိ၏ပြောဆိုစကားဟူသမျှသည် အရေးပါ၍ အရာရောက်စေရပါလိမ့်မည်။ ဆုံးရှုံးခဲ့သော၊ ပျက်စီးပျောက်ဆုံးခဲ့ပါသောအရာများ အစားထိုး ပြန်လည်ရရှိပါလိမ့်မည်။ ဝန်ထမ်းများ ရာထူးတိုးခံစားရပါလိမ့်မည်။ တနင်္ဂနွေ၊ ကြာသာပတေးသားသမီးများကြောင့် စိတ်ချမ်းမြေ့ပြေလည်မှုများ ရရှိပါလိမ့်မည်။ ပညာရေးကိစ္စများတွင် အားမလိုအားမရဖြစ်နေရတတ်ပါသည်။ မိမိအတွက် မင်္ဂလာရှိသော သတင်းကောင်းများ ကြားသိရပါလိမ့်မည်။ အချစ်ရေးနှင့်ပတ်သက်ပါလျှင် အပေးအယူမမျှ ဘေးလူမှ သတိပေးရသည်အထိ မိမိကိုယ်မိမိ အတ္တကြီးစွာဖြင့် ပြန်လည်ပေးဆပ်တုံ့ပြန်မှု မရှိဖြစ်နေခြင်းကို သတိပြုဆင်ခြင်ပါ။
ယတြာ ။ ။ ကြက်ငှက်သတ္တဝါများအား ပဲနှင့်ဆန် အာဟာရဒါနပြုပေးပါ။

သိလိုသည်များကိုလဲ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်၊
ဒေါက်တာလင်းမြတ်သူ ( 09 253817608 )

အခြားဗေဒင်နှင့် လက္ခဏာဆရာများ >>>https://bit.ly/2m0YYZ7


Read times
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.