Wednesday, 06 November 2019 06:40

bad-body-odour_5ac37911b8177.jpg

အလွန်အကျွံချွေးထွက်လွန်းခြင်းဟာ လူကို မလုံမလဲဖြစ်စေပြီး ချွေးနံ့များ ပြင်းနေမလားဆိုတဲ့ စိုးရိမ်စိတ်ဖြစ်မိတတ်ကြပါတယ်။

ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နဲ့ ကော်ဖီစေ့၊ ကော်ဖီမှုန့်တို့ဟာ ချွေးထွက်များစေပြီး ချွေးနံ့ကိုလည်း ပြင်းစေပါတယ်။ ဒါပေမယ့် ဒီလို ချွေးနံ့ပြင်းတာတွေကို ပျောက်ကင်းစေတဲ့ ပစ္စည်းတွေ ရှိပါတယ်။

coconutoil.jpg

(၁) အုန်းဆီ

အုန်းဆီဟာ ကိုယ်အနံ့အသက်ကိုကောင်းစေတဲ့ အရာတစ်ခုပင်ဖြစ်ပါတယ်။ အုန်းဆီထဲမှာ ဘတ်တီးရီးယားပေါက်ပွားမှုတို့ကို ထိန်းချုပ်ပေးတဲ့ antimicrobial ပါဝင်ပြီး သူ့အထဲမှာ ပေါင်းစည်းတည်ရှိတဲ့ Lauric အက်ဆစ်ဆိုရင် ပြင်းရှတဲ့အနံ့ဆိုးတွေကို ဖျက်ဆီးပေးပါတယ်။

ဒါကြောင့် ရေချိုးပြီးနောက် တစ်နေ့ကို ၁ ကြိမ်ဖြစ်ဖြစ် ၂ ကြိမ်ဖြစ်ဖြစ် ချိုင်းအောက်ကို အုန်းဆီလိမ်းပေးပါ။ ချွေးထွက်များခြင်းကြောင့် ကိုယ်နံ့ဆိုးတာတွေကိုပျောက်ကင်းသွားတာတွေ့ရပါလိမ့်မယ်။

>>>ဆံပင်ဖြူတာသက်သာစေတဲ့ အာလူးခွံပြုတ်ရည်

2322ef98b74c5b4b719e0eb8db2eb822.jpeg

(၂) ရှောက်သီး၊ သံပရိုသီး

ရှောက်သီး၊ သံပရိုသီးတို့ကလည်း ချိုင်းနံ့ဆိုးတွေကို ပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။ ရှောက်ဖျော်ရည်၊ သံပုရာရည်တို့ကိုဆိုရင် ပါးစပ်အနံ့အသက်ဆိုးတွေ ပျောက်စေဖို့ အသုံးပြုလေ့ရှိကြတာကို တွေ့ရပါတယ်။

တကယ်လို့ သင်ဟာ အစာအိမ်ကောင်းသူတစ်ယောက်ဆိုရင် ခံတွင်းအနံ့ဆိုးပျောက်စေဖို့ မနက်အိပ်ယာထချိန်မှာ ရှောက်သီးစိပ်တွေစိမ်ထားတဲ့ ရေတစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။

>>>တစ်ဦးတည်း သီးသန့်သုံးသင့်တဲ့ အသုံးအဆောင်ပစ္စည်း (၁၁) မျိုး

ရှောက်သီးတစ်စိပ်လောက်ကို အရည်ညှစ်ပြီး ခြေဖဝါးအောက် ၊ဒါမှမဟုတ် ချိုင်းအောက်မှ သုတ်လိမ်းပေးပါ။ ပြီးတော့ အခြောက်ခံထားလိုက်ပြီး ရေချိုးလိုက်ပါ။ ကိုယ်အနံ့အသက်ဆိုးတွေ ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်။

1544436606-teaser.jpg

(၃) တမာရွက်

တမာမှာ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပြီး တမာရွက်မှာ မှို၊ဘတ်တီးရီးယားနဲ့ရောဂါပိုးမွှားတို့ကို သေစေနိုင်တဲ့ အာနိသင်အစွမ်းရှိပါတယ်။ တမာရွှက်ဟာ အနံ့အသက်ဆိုးတွေကို ဖယ်ရှားနိုင်ပြီး ချွေးထွက်ခြင်းကို လျော့ကျစေပါတယ်။

တမာရွက်ကို အမှုန့်ဖြစ်အောင်လုပ်ပြီး ရေနဲ့ဖျော်ကာ ချိုင်းမှာ လိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီးတဲ့အခါမှ ရေချိုးလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် လုပ်ပေးခြင်းဖြင့် အကျိုးရလာဒ်ကောင်းထွက်တာကို တွေ့ရပါလိမ့်မယ်။

>>>လုပ်ငန်းခွင်မှာ အိပ်မငိုက်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

parsley.jpeg

(၄) နံနံပင်

နံနံပင်မှာ ကိုယ်နံ့ဆိုးတာတွေကို တိုက်ဖျက်ရာမှာ လူတွေ အရမ်းသဘောကျနှစ်သက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူ့ရဲ့ကိုယ်ခန္ဓာအတွင်းပိုင်းကို သန့်ရှင်းစေပြီး ကိုယ်တွင်းအနံ့အသက်ကိုဆိုးစေတဲ့ ဘတ်တီးရီးယားတို့ကို ကောင်းကောင်းတိုက်ဖျက်ပေးနိုင်ပါတယ်။

ကိုယ်အနံ့ဆိုးနေတဲ့အချိန်တွေမှာ နံနံပင်ကို များများ စားပေးသင့်ပါတယ်။

psn1.jpg

(၅) ပူစီနာ

ပူစီနာမှာ ကိုယ်ခန္ဓာပေါ်မှာ ရောင်ရမ်းတာတွေကို တိုက်ဖျက်ပေးတဲ့ အစွမ်းအာနိသင်တွေပါပြီး ကိုယ်တွင်းအနံ့ဆိုးတွေကိုပါ ပျောက်ကင်းစေပါတယ်။ ပူစီနံဟာ ခန္ဓာအတွင်းပိုင်း၊ အပြင်ပိုင်းနှစ်ခုလုံးအတွက် ကောင်းကျိုးပြုတဲ့ အရာတစ်ခုဖြစ်ပါတယ်။

>>>ဝန်ထမ်းတစ်ယောက်ရဲ့ ရုံးပြန်ချိန်ကို အကျိုးရှိအောင်ကုန်ဆုံးသင့်တဲ့ နည်းလမ်း (၄) ချက်

teaset.jpg

(၆) လက်ဘက်ရည်ကြမ်း

လက်ဘက်ရည်ကြမ်းမှာ ပါဝင်တဲ့ အော်ဂင်းနစ်အက်ဆစ်နဲ့ သူ့ရဲ့ခါးသက်သက်အရသာဟာ ချွေးအလွန်အကျွံထွက်တာမျိုးကို တိုက်ဖျက်ပေးပြီး ဘတ်တီးရီးယားတွေ ပေါက်ပွားကြီးထွားတာမျိုးကို ကာကွယ်ပေးပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ခြေထောက်၊ ကိုယ်ခန္ဓာနဲ့ ခံတွင်းတို့အတွက်ပါ အကျိုးကျေးဇူးပြုတာဖြစ်ပါတယ်။ လက်ဘက်ရည်ကြမ်းကို နေ့စဉ်သောက်ပေးခြင်းဖြင့် ချွေးထွက်နည်းစေပြီး အဆီကျစေတာဖြစ်ပါတယ်။

Ref Yangon Life


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.