Tuesday, 05 November 2019 05:17

2decf24e5eeb84ac85b23c4377295614_XL.jpg

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားလိုင်းကြိုးအသစ်များ လဲလှယ်ခြင်းနှင့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သောကြောင့် နိုဝင်ဘာ ၅ ရက်နှင့် နိုဝင်ဘာ ၇ ရက်တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း YESC မှ အသိပေး ထုတ်ပြန်ထားပါသည်။

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် (၆၆) ကေဗွီ၊ (၃၃) ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁)ကေဗွီ ဓာတ်အား လိုင်းကြိုးများကို လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၅ ရက်နှင့် ၇ ရက်တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မီတာခ ချွေတာနိုင်မည့် နည်းလမ်းများ

ယင်းလုပ်ငန်းဆောင်ရွက်စဉ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဗိုလ်တစ်ထောင်၊ ရန်ကင်း၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ လှိုင်၊ ရွှေပေါက္ကံ၊ တာမွေ၊ မရမ်းကုန်း၊ လသာ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ အဖျောက် မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အဆိုပါ ရက်များ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်ကြောင်း YESC က ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အားပေးရုံးများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ

ထိုသို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်း ဖြစ်ပါသဖြင့် ဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ပေးပါရန်လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ပြောကြားထားပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

May Thu Thu 


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.