Friday, 18 October 2019 04:09

69350500_2470399219720430_2547695860351762432_n.jpg

ဗြိတိန်နိုင်ငံအခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သော Charities Aid Foundation ၏ ကမ္ဘာ့ပေးကမ်းစွန့်ကြဲမှု အညွှန်းကိန်းမှာ ကမ္ဘာတစ်ဝန်းရှိ သဒ္ဓါတရားထက်သန်မှု အရှိဆုံးနှင့် ပေးကမ်းစွန့်ကြဲမှုအနည်းဆုံး တိုင်းပြည်များကို သတ်မှတ်ရန် နိုင်ငံပေါင်း ၁၂၈ နိုင်ငံရှိ ပြည်သူ ၁ ဒသမ ၃ သန်းကို စစ်တမ်းပြုလုပ်ခဲ့သည်။

ပြီးခဲ့သော နှစ်များအတွင်း မြန်မာပြည်သူများက ပရဟိတအဖွဲ့အစည်းများသို့ ငွေကြေးလှူဒါန်းမှု အများဆုံး ပြုလုပ်သူများဖြစ်ခဲ့ပြီး ဖြေကြားသူများ၏ ၈၁ ရာခိုင်နှုန်းက ပြီးခဲ့သောလအတွင်း ထိုသို့လှူဒါန်းမှုပြုလုပ်ခဲ့သည်ဟု ပြောဆိုသည်။

လက်ရှိဘဝတွင် ကောင်းမှုကုသိုလ်များ ပြုလုပ်လျှင် နောက်ဘဝတွင် ကောင်းကျိုးစံစားရမည်ဟု လူအများယုံကြည်ကြရာ မြန်မာနိုင်ငံ၌ သံဃဒါနကို ကျင့်ကြံအားထုတ်သည့် ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ နက်ရှိုင်းသော ကိုးကွယ်ယုံကြည်မှုကြောင့် မြန်မာနိုင်ငံမှာ ပေးကမ်းစွန့်ကြဲမှု အညွှန်းကိန်းနှင့်ပတ်သက်၍ လေ့လာမှုများပြုလုပ်ရာတွင် အပြောင်းအလဲမရှိဘဲ ထိပ်ဆုံး၌ ရှိနေသည်။

နိုင်ငံပေါင်း ( ၁၆ ) နိုင်ငံသို့ တစ်မိနစ် ၂၇ ကျပ်မှစ၍ ဖုန်းဆိုနိုင်ပြီ

ယခုနှစ် ကမ္ဘာ့ပေးကမ်းစွန့်ကြဲမှု အညွှန်းကိန်းအရ မြန်မာနိုင်ငံက ထိပ်ဆုံးတွင်ရှိသော်လည်း အမှန်တကယ် ငွေကြေးလှူဒါန်းမှုပြုလုပ်သူ အရေအတွက်မှာ ယခင်နှင့် နှိုင်းယှဉ်လျှင် နည်းပါးလာခဲ့သည်။

ထိုင်းနိုင်ငံနေ ပြည်သူအများစုမှာ ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ကိုးကွယ်ကြပြီး ဖြေကြားသူများ၏ ၇၁ ရာခိုင်နှုန်းက ပြီးခဲ့သောလအတွင်း ပရဟိတအဖွဲ့အစည်းများသို့ ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဆိုသော ဖြေကြားမှုများကြောင့် ကမ္ဘာ့ပေးကမ်းစွန့်ကြဲမှု အညွှန်းကိန်းတွင် ထိပ်ပိုင်းအဆင့်၌ ရပ်တည်နေသည်။

ဗြိတိန်၊ မော်လ်တာနှင့် နယ်သာလန်နိုင်ငံတို့မှာ သဒ္ဓါတရားထက်သန်မှုကြောင့် ကမ္ဘာ့ပေးကမ်းစွန့်ကြဲမှု အညွှန်းကိန်းတွင် ထိပ်ဆုံး ( ၅ ) နိုင်ငံ၌ ပါဝင်နေသည်။

သွားရောက်လည်ပတ်သင့်တဲ့ အာရှတိုက်ရဲ့ အလှပဆုံးမြို့ (၆) မြို့

ဖြေကြားသူများ၏ ၆၁ ရာခိုင်နှုန်းက ပြီးခဲ့သောလအတွင်း ပရဟိတအဖွဲ့အစည်းများသို့ ငွေကြေးလှူဒါန်း မှုများပြုလုပ်ခဲ့သည်ဆိုသော အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ပေးကမ်းစွန့်ကြဲမှု အညွှန်းကိန်းအရ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် မပါဝင်ပေ။

72454711 2491058780986994 4110846098174640128 n

The Mirror


Read times Last modified on Friday, 18 October 2019 04:34
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.