Wednesday, 09 October 2019 10:28

green-tea-1024x682.jpg

လက္ဖက္စိမ္းေဖ်ာ္ရည္ ျပဳလုပ္ဖို႕ ေရေႏြးခြက္၊ လက္ဖက္ေျခာက္္စစ္တံ၊ ေရေႏြးၾကမ္းေဖ်ာ္တဲ႔ ေၾကြခြက္ တို႕ကို လိုအပ္ပါတယ္။

ဘာေတြလိုအပ္လဲဆိုတာ သိၿပီးဆိုေတာ႔ လက္ဖက္စိမ္းေဖ်ာ္ရည္ကို ဘယ္လိုျပဳရမလဲ ဆိုတာ ေျပာျပေပးသြားပါမယ္။

ပထမဦးဆုံး သန္႕ရွင္းေသာေရေႏြးခြက္မ်ားကိုယူၿပီး ေရေႏြးပူပူျဖင့္ အပူေပးလိုက္ပါ။ လက္ဖက္စိမ္းကို အမ်ားအားျဖင့္ ဖန္ခြက္ကို အသံုးျပဳၾကသည္။ အသုံးျပဳရတဲ့အေၾကာင္းမွာ ေရေႏြးၾကမ္း အေရာင္စိမ္းစိမ္းေလးျဖင့္ မ်က္စိ အရသာခံစားရေအာင္ျဖစ္ပါတယ္။

ထို႕ေနာက္ လက္ဖက္စိမ္းေျခာက္အနည္းငယ္ကို ေဖ်ာ္မည့္ခြက္ထဲ ထည့္ၿပီး ေရအပူခ်ိန္ ၈၀-၈၅ ဒီဂရီ စင္တီဂရိတ္ ရွိတဲ႔ ေရေႏြးကို အေနေတာ္ေလာက္ ထည့္ထားပါ။ လက္ဖက္ရြက္ ပိုႏုပါက ၇၀ ဒီဂရီ စင္တီဂရိတ္ေက်ာ္ေက်ာ္ေလာက္ အပူခ်ိန္ မွာ အသင့္ေတာ္ဆံုးျဖစ္ပါတယ္။

ရရွိလာတဲ့ ပထမတစ္ရည္ကို ေရေႏြးခြက္မ်ားေဆးရန္ အသံုးျပဳျခင္းအားျဖင့္ ေရေႏြးခြက္မ်ား၏ မူလအပူကို တိုးေစျပီး လက္ဖက္စိမ္းရနံသင္းသင္းေလး ထြက္ေပၚလာပါလိမ္႕မယ္။

ေနာက္တစ္ခါ ေရေႏြးထည္႔ျပီး ၃-၅ မိနစ္ ေလာက္မွာ အလြန္အရသာရွိတဲ႔ လက္ဖက္စိမ္းေဖ်ာ္ရည္ ကိုရရွိမွာ ျဖစ္ပါတယ္။

လက္ဖက္စိမ္းေဖ်ာ္ရည္ကို ဧည့္သည္မ်ား တည္ခင္းဧည့္ခံခ်ိန္သာမက ကိုယ္တိုင္ပါ က်န္းမာေရးအတြက္ ျပဳလုပ္ေသာက္သုံးသင့္ပါတယ္။

လက္ရွိ ႏိုင္ငံအႏွံ႕အျပားတြင္ လက္ဖက္စိမ္းေဖ်ာ္ရည္ကို မတူညီေသာပုံစံအမ်ဳိးမ်ဳိး နဲ႕ ဂ်ပန္၊ ကိုရီးယား၊ မေလးရွား၊ စင္ကာပူ စတဲ့ ႏိုင္ငံမ်ားမွာ ေသာက္သုံးေနၾကပါတယ္။

(Unicode)

လက်ဖက်စိမ်းဖျော်ရည် ပြုလုပ်ဖို့ ရေနွေးခွက်၊ လက်ဖက်ခြောက်စစ်တံ၊ ရေနွေးကြမ်းဖျော်တဲ့ ကြွေခွက် တို့ကို လိုအပ်ပါတယ်။

ဘာတွေလိုအပ်လဲဆိုတာ သိပြီးဆိုတော့ လက်ဖက်စိမ်းဖျော်ရည်ကို ဘယ်လိုပြုရမလဲ ဆိုတာ ပြောပြပေးသွားပါမယ်။

ပထမဦးဆုံး သန့်ရှင်းသောရေနွေးခွက်များကိုယူပြီး ရေနွေးပူပူဖြင့် အပူပေးလိုက်ပါ။ လက်ဖက်စိမ်းကို အများအားဖြင့် ဖန်ခွက်ကို အသုံးပြုကြသည်။ အသုံးပြုရတဲ့အကြောင်းမှာ ရေနွေးကြမ်း အရောင်စိမ်းစိမ်းလေးဖြင့် မျက်စိ အရသာခံစားရအောင်ဖြစ်ပါတယ်။

ထို့နောက် လက်ဖက်စိမ်းခြောက်အနည်းငယ်ကို ဖျော်မည့်ခွက်ထဲ ထည့်ပြီး ရေအပူချိန် ၈၀-၈၅ ဒီဂရီ စင်တီဂရိတ် ရှိတဲ့ ရေနွေးကို အနေတော်လောက် ထည့်ထားပါ။ လက်ဖက်ရွက် ပိုနုပါက ၇၀ ဒီဂရီ စင်တီဂရိတ်ကျော်ကျော်လောက် အပူချိန် မှာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ရရှိလာတဲ့ ပထမတစ်ရည်ကို ရေနွေးခွက်များဆေးရန် အသုံးပြုခြင်းအားဖြင့် ရေနွေးခွက်များ၏ မူလအပူကို တိုးစေပြီး လက်ဖက်စိမ်းရနံသင်းသင်းလေး ထွက်ပေါ်လာပါလိမ့်မယ်။

နောက်တစ်ခါ ရေနွေးထည့်ပြီး ၃-၅ မိနစ် လောက်မှာ အလွန်အရသာရှိတဲ့ လက်ဖက်စိမ်းဖျော်ရည် ကိုရရှိမှာ ဖြစ်ပါတယ်။

လက်ဖက်စိမ်းဖျော်ရည်ကို ဧည့်သည်များ တည်ခင်းဧည့်ခံချိန်သာမက ကိုယ်တိုင်ပါ ကျန်းမာရေးအတွက် ပြုလုပ်သောက်သုံးသင့်ပါတယ်။

လက်ရှိ နိုင်ငံအနှံ့အပြားတွင် လက်ဖက်စိမ်းဖျော်ရည်ကို မတူညီသောပုံစံအမျိုးမျိုး နဲ့ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ စတဲ့ နိုင်ငံများမှာ သောက်သုံးနေကြပါတယ်။


Read times Last modified on Wednesday, 09 October 2019 11:20
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.