Tuesday, 08 October 2019 10:18

3749aaa8ee129d7e919bddcc7e09cd36_XL.jpg

သီဟိုဠ္ေစ့က ႏွလံုးက်န္းမာေရး၊ အာရံုေၾကာက်န္းမာေရး၊ ၾကြက္သားေကာင္းမြန္ေစျခငး္ စတဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြအျပင္ ေသြးအားနည္းျခင္း၊ ဆီးခ်ိဳေရာဂါတို႔လို

ေရာဂါအေျခအေနေတြကိုပါ သက္သာေလ်ာ့ပါးေစနိုင္တဲ့ အေစ့အဆံတစ္မ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ သီဟိုဠ္ေစ့ စားသံုးရင္ ရရွိႏိုင္မယ္႔ က်မ္းမာေရးေကး်ဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ႏွလံုးေရာဂါ ကာကြယ္ေပးျခင္း

သီဟိုဠ္ေစ့ဟာ အဆီမွာေပ်ာ္ဝင္လြယ္တဲ့ ဗီတာမင္ A ၊ D၊ E ၊ K တို႔ကို စုပ္ယူနုိင္ျပီး ဦးေႏွာက္ဖြံ႔ျဖိဳးမႈနဲ႔ ေသြးခဲပိတ္ဆို႔မႈအတြက္ အဓိကက်တဲ့ အဆီအက္စစ္ေတြပါဝင္ပါတယ္။ ဒီအဆီဓာတ္ေတြက ကိုလက္စထေရာ (LDL cholesterol) ေတြကို ေလွ်ာ့ခ်ေပးနိုင္ျပီး ႏွလံုးအတြက္ အက်ိဳးျပဳပါတယ္။

(၂) ၾကြက္သားနဲ႔ အာရံုေၾကာအားေကာင္းေစျခင္း

သီဟိုဠ္ေစ့ေတြမွာ အရိုး၊ ၾကြက္သား၊ တစ္ရွဴးနဲ႔ ကိုယ္တြင္းအဂၤါ အစိတ္အပိုင္းေတြအတြက္ က်န္းမာဖြံ႔ျဖိဳးမႈေစတဲ႔ မဂၢနီဆီယမ္ပါဝင္ပါတယ္။ မဂၢနီဆီယမ္က ေသြးဖိအားကိုထိန္းညွိေပးျပီး ကိုယ္ခံအားနဲ႔ အာရံုေၾကာလုပ္ေဆာင္ခ်က္ေကာင္းေစတဲ့အျပင္ အရိုးကို သန္မာေစပါတယ္။

(၃) ဆီးခ်ိဳေသြးခ်ိဳ အႏၱရာယ္ေလ်ာ့က်ေစျခင္း

သၾကားဓာတ္နဲ႔ မေကာင္းတဲ့ကိုလက္စထေရာပါဝင္မႈ နည္းပါးလြန္းျခင္းေၾကာင့္ ဆီးခ်ိဳေဝဒနာသည္ေတြအတြက္ ေဘးဥပါဒ္ကင္းပါတယ္။ ေရာဂါမရွိေသးသူေတြမွာလညး္ ဆီးခ်ိဳေရာဂါျဖစ္လာနိုင္တဲ့ အႏၱရာယ္လည္း နည္းပါးေစတယ္လို႔ သိရပါတယ္။

(၄) ကင္ဆာေဆးေတြကို ပိုထိေရာက္ေစျခင္း

သီဟိုဠ္ေစ့မွာပါဝင္တဲ့ anacardic acids၊ cardanols နဲ႔ cardols တို႔လို ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ၾကြယ္ဝမႈေၾကာင့္ အက်ိတ္နဲ႔ ကင္ဆာတို႔အတြက္ ကုသမႈခံယူေနဆဲ လူနာေတြအတြက္ ထိေရာက္မႈရွိေစတယ္လို႔ သုေတသနေတြက ေတြ႔ရွိထားပါတယ္။

(၅) ေသြးနီဥဆဲလ္ ျဖစ္ေပၚမႈကို အားေပးျခင္း

သီဟိုဠ္ေစ့မွာ သံဓာတ္ရဲ႕ဇီဝျဖစ္စဥ္အတြက္ အေထာက္အကူေပးတဲ့ ေကာ့ပါးဓာတ္ၾကြယ္ဝျပီး ေသြးနီဥဆဲလ္ျဖစ္ေပၚမႈကို အားေပးကာ အရိုးနဲ႔ကိုယ္ခံအားစနစ္ကို က်န္းမာေစပါတယ္။ ဒါ့အျပင္ အာရံုေၾကာစနစ္နဲ႔ ေက်ာရိုးစနစ္အတြက္လည္း ေကာင္းမြန္ေစပါတယ္။

(၆) အရိုးနဲ႔ ခံတြင္းက်န္းမာေရးေကာင္းေစျခင္း

အရိုးနဲ႔သြား ဖြံ႔ျဖိဳးမႈက်န္းမာေရးအတြက္လည္း အေရးပါတဲ့ phosphorous ဓာတ္ပါဝင္တာေၾကာင့္ ပရိုတင္းခ်က္လုပ္မႈကို အေထာက္အကူေပးျပီး ကာဗိုဟိုက္ဒရိတ္၊ အဆီဓာတ္ေတြစုပ္ယူျခင္းနဲ႔ ကလာပ္စည္းမ်ားရဲ႕ က်န္းမာေရးကို ထိန္းသိမ္းေစာင့္ေရွာက္ေပးပါတယ္။

(၇) ေသြးအားနည္းျခင္းကို ကာကြယ္ေပးျခင္း

သီဟိုဠ္ေစ့ေတြမွာ ခႏၶာကိုယ္အႏွံ႔ ေအာက္ဆီဂ်င္ပို႔ေဆာင္ရာမွာ အေရးပါတဲ့ သံဓာတ္ၾကြယ္ဝျပီး အင္ဇိုင္းနဲ႔ ကိုယ္ခံအားစနစ္ရဲ႕လုပ္ေဆာင္ခ်က္ေတြေၾကာင့္ေသြးအားနည္းျခင္းကို သက္သာေစပါတယ္။

(၈) သည္းေျခေက်ာက္မျဖစ္ေအာင္ ကာကြယ္ေပးျခင္း

သည္းေျခေက်ာက္ဆိုတာ သည္းေျခအတြင္း စုပံုလာတဲ့ ကိုလက္စထေရာအပါအဝင္ ေက်ာက္ခဲလို အနယ္အႏွစ္ေတြ ျဖစ္ပါတယ္။ သီဟိုဠ္ေစ့ကို မၾကာခဏစားသံုးေပးရင္ သည္းေျခေက်ာက္တည္နုိင္တဲ့ အႏၱရာယ္ နည္းပါးေစမွာျဖစ္ပါတယ္။

(၉) ကိုယ္ခံအားေကာင္းေစျခင္း

ကိုယ္ခံအားစနစ္ရဲ႕ခုခံကာကြယ္နိုင္စြမ္းကို ေထာက္ကူေပးျပီး ပရိုတင္းခ်က္လုပ္မႈနဲ႔ အနာက်က္ျမန္ျခင္းအတြက္ အေရးပါတဲ့ ဇင့္ ဓာတ္က သီဟိုဠ္ေစ့မွာ ပါရွိပါတယ္။

ဒီဓာတ္က ကိုယ္ဝန္ေဆာင္ေတြမွာ သေႏၶသားဖြံ႔ျဖိဳးမႈအတြက္လည္း အေရးပါသလို ကေလးငယ္ရဲ႕ဖြံ႔ျဖိဳးစ အသက္အရြယ္အပိုင္းအျခားေတြမွာလည္း ခႏၶာကိုယ္အေနအထား တည္ျငိမ္ေအာင္ ထိန္းသိမ္းနုိင္ေစပါတယ္။

Ref:Hello Doctor

(Unicode)

သီဟိုဠ်စေ့က နှလုံးကျန်းမာရေး၊ အာရုံကြောကျန်းမာရေး၊ ကြွက်သားကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် သွေးအားနည်းခြင်း၊ ဆီးချိုရောဂါတို့လို

ရောဂါအခြေအနေတွေကိုပါ သက်သာလျော့ပါးစေနိုင်တဲ့ အစေ့အဆံတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သီဟိုဠ်စေ့ စားသုံးရင် ရရှိနိုင်မယ့် ကျမ်းမာရေးကေးျဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှလုံးရောဂါ ကာကွယ်ပေးခြင်း

သီဟိုဠ်စေ့ဟာ အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် A ၊ D၊ E ၊ K တို့ကို စုပ်ယူနိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သွေးခဲပိတ်ဆို့မှုအတွက် အဓိကကျတဲ့ အဆီအက်စစ်တွေပါဝင်ပါတယ်။ ဒီအဆီဓာတ်တွေက ကိုလက်စထရော (LDL cholesterol) တွေကို လျှော့ချပေးနိုင်ပြီး နှလုံးအတွက် အကျိုးပြုပါတယ်။

(၂) ကြွက်သားနဲ့ အာရုံကြောအားကောင်းစေခြင်း

သီဟိုဠ်စေ့တွေမှာ အရိုး၊ ကြွက်သား၊ တစ်ရှူးနဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေအတွက် ကျန်းမာဖွံ့ဖြိုးမှုစေတဲ့ မဂ္ဂနီဆီယမ်ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်က သွေးဖိအားကိုထိန်းညှိပေးပြီး ကိုယ်ခံအားနဲ့ အာရုံကြောလုပ်ဆောင်ချက်ကောင်းစေတဲ့အပြင် အရိုးကို သန်မာစေပါတယ်။

(၃) ဆီးချိုသွေးချို အန္တရာယ်လျော့ကျစေခြင်း

သကြားဓာတ်နဲ့ မကောင်းတဲ့ကိုလက်စထရောပါဝင်မှု နည်းပါးလွန်းခြင်းကြောင့် ဆီးချိုဝေဒနာသည်တွေအတွက် ဘေးဥပါဒ်ကင်းပါတယ်။ ရောဂါမရှိသေးသူတွေမှာလည်း ဆီးချိုရောဂါဖြစ်လာနိုင်တဲ့ အန္တရာယ်လည်း နည်းပါးစေတယ်လို့ သိရပါတယ်။

(၄) ကင်ဆာဆေးတွေကို ပိုထိရောက်စေခြင်း

သီဟိုဠ်စေ့မှာပါဝင်တဲ့ anacardic acids၊ cardanols နဲ့ cardols တို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝမှုကြောင့် အကျိတ်နဲ့ ကင်ဆာတို့အတွက် ကုသမှုခံယူနေဆဲ လူနာတွေအတွက် ထိရောက်မှုရှိစေတယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။

(၅) သွေးနီဥဆဲလ် ဖြစ်ပေါ်မှုကို အားပေးခြင်း

သီဟိုဠ်စေ့မှာ သံဓာတ်ရဲ့ဇီဝဖြစ်စဉ်အတွက် အထောက်အကူပေးတဲ့ ကော့ပါးဓာတ်ကြွယ်ဝပြီး သွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးကာ အရိုးနဲ့ကိုယ်ခံအားစနစ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်နဲ့ ကျောရိုးစနစ်အတွက်လည်း ကောင်းမွန်စေပါတယ်။

(၆) အရိုးနဲ့ ခံတွင်းကျန်းမာရေးကောင်းစေခြင်း

အရိုးနဲ့သွား ဖွံ့ဖြိုးမှုကျန်းမာရေးအတွက်လည်း အရေးပါတဲ့ phosphorous ဓာတ်ပါဝင်တာကြောင့် ပရိုတင်းချက်လုပ်မှုကို အထောက်အကူပေးပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေစုပ်ယူခြင်းနဲ့ ကလာပ်စည်းများရဲ့ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။

(၇) သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း

သီဟိုဠ်စေ့တွေမှာ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ပို့ဆောင်ရာမှာ အရေးပါတဲ့ သံဓာတ်ကြွယ်ဝပြီး အင်ဇိုင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကြောင့်သွေးအားနည်းခြင်းကို သက်သာစေပါတယ်။

(၈) သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးခြင်း

သည်းခြေကျောက်ဆိုတာ သည်းခြေအတွင်း စုပုံလာတဲ့ ကိုလက်စထရောအပါအဝင် ကျောက်ခဲလို အနယ်အနှစ်တွေ ဖြစ်ပါတယ်။ သီဟိုဠ်စေ့ကို မကြာခဏစားသုံးပေးရင် သည်းခြေကျောက်တည်နိုင်တဲ့ အန္တရာယ် နည်းပါးစေမှာဖြစ်ပါတယ်။

(၉) ကိုယ်ခံအားကောင်းစေခြင်း

ကိုယ်ခံအားစနစ်ရဲ့ခုခံကာကွယ်နိုင်စွမ်းကို ထောက်ကူပေးပြီး ပရိုတင်းချက်လုပ်မှုနဲ့ အနာကျက်မြန်ခြင်းအတွက် အရေးပါတဲ့ ဇင့် ဓာတ်က သီဟိုဠ်စေ့မှာ ပါရှိပါတယ်။

ဒီဓာတ်က ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါသလို ကလေးငယ်ရဲ့ဖွံ့ဖြိုးစ အသက်အရွယ်အပိုင်းအခြားတွေမှာလည်း ခန္ဓာကိုယ်အနေအထား တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စေပါတယ်။


Read times Last modified on Tuesday, 08 October 2019 10:44
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.