Monday, 07 October 2019 10:59

white-hair.jpg

အသက္အရြယ္ရလာတာေၾကာင့္ ဆံပင္ျဖဴရျခငး္အျပင္ အေၾကာငး္အမ်ိဳးမ်ိဳးေၾကာင့္ ငယ္ရြယ္ေပမယ္႔ ဆံပင္ျဖဴျခငး္ခံစားေနရတဲ႔ သူေတြရွိၾကပါတယ္။

ဆံပင္ဆိုးေဆးေတြဟာလည္း ဓာတုေဗဒေဆးေတြပါဝင္တာေၾကာင့္ ဆံသားနဲ႔ ဦးေရျပားအတြက္ အႏၱရာယ္ျပဳႏိုင္ပါတယ္။ ဒါေၾကာင့္ သဘာဝနညး္နဲ႔ ဆံပင္ျဖဴတာ သက္သာေအာင္ လုပ္ႏိုင္မယ္႔ နည္းလမ္းတစ္ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

အဲ႔ဒါကေတာ႔ အာလူးခြံျပဳတ္ရည္ပဲ ျဖစ္ပါတယ္။ ျပဳလုပ္နညး္ကေတာ႔ အာလူးတစ္လံုး (သို႔) ႏွစ္လံုးကို အခြံႏႊာပါ။ အိုးအေသးတစ္လံုးထဲကို အာလူး ခြံေတြထည့္ၿပီး ေရကို လက္ဖက္ရည္ခြက္ ႏွစ္ပန္းကန္ေလာက္နဲ႔ ၁၅ မိနစ္ ျပဳတ္ေပးပါ။

ရလာတဲ႔ အာလူးခြံျပဳတ္ရည္ကုိ အေအးခံထားျပီး အရည္စစ္ထုတ္ပါ။ ဆံပင္ကို ပံုမွန္အတိုင္းေခါငး္ေလွ်ာ္ျပီး ေရေျခာက္ေအာင္သုတ္ပါ။ ျပီးရင္ အေအးခံထားတဲ႔ အာလူးခြံျပဳတ္ရည္ကုိ ဘရပ္ရွ္အေသးတစ္ခုနဲ႔ ဆံပင္အရင္းကေန အဖ်ားထိ လိမ္းသုတ္ျပီး ေျခာက္တဲ႔အထိထားကာ ေခါငး္ေလွ်ာ္ႏိုင္ပါတယ္။

ပံုမွန္သုတ္လိမ္းေပးရင္ ဆံပင္ျဖဴေတြ တျဖည္းျဖည္းခ်ငး္ ေလ်ာ႔နည္းသြားတာကို သိရမွာပါ။ ဆံပင္ေဆးဆိုးရတာ သေဘာမက်တဲ႔သူေတြအတြက္ အာလူးခြံျပဳတ္ရည္ဟာ သဘာဝဆံပင္ဆိုးေဆးတစ္ခု ျဖစ္ပါတယ္။

Psyche
Ref:Eye4pp

(Unicode)

အသက်အရွယ်ရလာတာကြောင့် ဆံပင်ဖြူရခြင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ငယ်ရွယ်ပေမယ့် ဆံပင်ဖြူခြင်းခံစားနေရတဲ့ သူတွေရှိကြပါတယ်။

ဆံပင်ဆိုးဆေးတွေဟာလည်း ဓာတုဗေဒဆေးတွေပါဝင်တာကြောင့် ဆံသားနဲ့ ဦးရေပြားအတွက် အန္တရာယ်ပြုနိုင်ပါတယ်။ ဒါကြောင့် သဘာဝနည်းနဲ့ ဆံပင်ဖြူတာ သက်သာအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

အဲ့ဒါကတော့ အာလူးခွံပြုတ်ရည်ပဲ ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ အာလူးတစ်လုံး (သို့) နှစ်လုံးကို အခွံနွှာပါ။ အိုးအသေးတစ်လုံးထဲကို အာလူး ခွံတွေထည့်ပြီး ရေကို လက်ဖက်ရည်ခွက် နှစ်ပန်းကန်လောက်နဲ့ ၁၅ မိနစ် ပြုတ်ပေးပါ။

ရလာတဲ့ အာလူးခွံပြုတ်ရည်ကို အအေးခံထားပြီး အရည်စစ်ထုတ်ပါ။ ဆံပင်ကို ပုံမှန်အတိုင်းခေါင်းလျှော်ပြီး ရေခြောက်အောင်သုတ်ပါ။ ပြီးရင် အအေးခံထားတဲ့ အာလူးခွံပြုတ်ရည်ကို ဘရပ်ရှ်အသေးတစ်ခုနဲ့ ဆံပင်အရင်းကနေ အဖျားထိ လိမ်းသုတ်ပြီး ခြောက်တဲ့အထိထားပြီး ခေါင်းလျှော်နိုင်ပါတယ်။

ပုံမှန်သုတ်လိမ်းပေးရင် ဆံပင်ဖြူတွေ တဖြည်းဖြည်းချင်း လျော့နည်းသွားတာကို သိရမှာပါ။ ဆံပင်ဆေးဆိုးရတာ သဘောမကျတဲ့သူတွေအတွက် အာလူးခွံပြုတ်ရည်ဟာ သဘာဝဆံပင်ဆိုးဆေးတစ်ခု ဖြစ်ပါတယ်။


Read times Last modified on Monday, 07 October 2019 11:16
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.