Friday, 06 September 2019 05:08

FlyDubai.Kathmandu 1024x5002x

ဒူဘိုင်းအခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Flydubai က လာမည့် ဒီဇင်ဘာလ ၁၀ ရက်မှ စတင်ကာ ရန်ကုန်နှင့် ဒူဘိုင်းကို နေ့စဉ် ပျံသန်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါသည်။

လေယာဉ်အမှတ် FZ 1585/ FZ 1586 တို့နှင့် ပျံသန်း ပြေးဆွဲသွားမည် ဖြစ်ပြီး ရန်ကုန်- ဒူဘိုင်း ခရီးစဉ်သည် ၅ နာရီ ၄၅ မိနစ်ခန့် ကြာမြင့်ကာ Business Class သို့မဟုတ် Economic Class ဖြင့် လိုက်ပါ စီးနင်းနိုင်မည် ဖြစ်သည်။

>>> Air Lines ( ၄၆ ) ခုရဲ့ ဖုန်းနံပါတ်နှင့် လိပ်စာများ

Business Class ဈေးနှုန်းသည် AED 7,000/ USD 1,905 ခန့် ( မြန်မာငွေ သိန်း ၃၀ နီးပါး ) မှ စတင်ပြီး ပေးဆောင်ရမည့် အခွန်အားလုံး၊ ၄၀ ကီလိုဂရမ် ပစ္စည်းသယ်ဆောင်ခွင့်၊ အစားအသောက် ယူဆောင်ခွင့်နှင့် ဖလိုက်တွင် ပါရှိသည့် ဖျော်ဖြေရေးဝန်ဆောင်မှုများကို ခံစားခွင့် ရရှိမည် ဖြစ်ပါသည်။

Economic Class ဈေးနှုန်းသည် AED 2,000/ USD 545 ခန့် ( မြန်မာငွေ ၈ သိန်းကျော် ) မှ AED 2,700/ USD 735 ခန့် ( မြန်မာငွေ ၁၁ သိန်းကျော် ) ထိ ရှိပြီး ၂၀ ကီလိုဂရမ် ပစ္စည်းသယ်ဆောင်ခွင့်နှင့် အစားအသောက် ယူဆောင်ခွင့်တို့ ပါရှိပါသည်။

Read More >>> ရန်ကုန်လေဆိပ်မှ တိုက်ရိုက်သွားနိုင်မည့် ပြည်တွင်း လေဆိပ် (၂၂) ခုနှင့် ပြည်ပလေဆိပ် (၂၃) ခု

ရန်ကုန်- ဒူဘိုင်း ခရီးစဉ် ပျံသန်း ပြေးဆွဲမည့် လေယာဉ်အမှတ်၊ ထွက်ခွာမည့် လေဆိပ်၊ အချိန်နှင့် ဆိုက်ရောက်မည့် လေဆိပ်၊ အချိန် စသည်တို့ကို အောက်ပါ ဇယားတွင် အသေးစိတ် ကြည့်ရှုနိုင်ပါသည်။

000

UAE နိုင်ငံ ဒူဘိုင်းလေဆိပ် - Dubai International ( DXB )
မြန်မာနိုင်ငံ ရန်ကုန်လေဆိပ် - Yangon International Airport ( RGN )
ထိုင်းနိုင်ငံ ကာရဘီလေဆိပ် - Krabi International Airport ( KBV )

>>> Air Ticketing Services ( ၉၈၉ ) ခုရဲ့ ဖုန်းနံပါတ်နှင့် လိပ်စာများ

Flydubai လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ Yangon-Dubai ခရီးစဉ်နည်းတူ ထိုင်းနိုင်ငံ Krabi-Dubai ခရီးစဉ်ကိုပါ တစ်ပြိုင်တည်း ပျံသန်း ပေးဆွဲသွားမည် ဖြစ်ကာ အရှေ့တောင်အာရှ နိုင်ငံများကိုပါ ဖြန့်ကျက်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Emirates လေကြောင်းလိုင်းမှ ရန်ကုန်-ဒူဘိုင်း တိုက်ရိုက်ခရီးစဉ်အား တစ်ပတ်လေးကြိမ် ပျံသန်းလျက် ရှိပြီး Flydubai လေကြောင်းလိုင်းနှင့် အကျိုးတူပူးပေါင်းကာ ဆက်လက် ပျံသန်း ပြေးဆွဲသွားမည် ဖြစ်သည်။

Su Mon Oo


Read times Last modified on Friday, 06 September 2019 05:51
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.