Wednesday, 14 August 2019 04:10

 

 

2.jpg

၇ ရက်သားသမီးများအတွက် တစ်ပတ်အတွင်း ပြောင်းလဲမည့် ကံကြမ္မာများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

ဤကာလအတွင်း အတူတွဲနေထိုင်ကြသူ စီးပွားဖက်မိတ်ဆွေများနှင့် အဆင်မပြေမှုများ ရှိနေရပါလိမ့်မည်။ မိမိ၏စိတ်ဓာတ်များလည်း အလိုလိုတင်းမာ ခက်ထန်မှု ဖြစ်ပေးနေရပါလိမ့်မည်။ အထွေထွေ ငွေကြေးကုန်ကျမှုများ များပြားနေမည်။ အမျိုးသမီးများနှင့် ပတ်သက်၍ စိတ်ဒုက္ခ ခံစားရတတ်ပါသည်။ စီးပွားရေးကိစ္စများတွင် အဆင်မပြေမှု ရှိနေသည့်အပေါ်တွင် မိမိ၏ ဂုဏ်သိက္ခာ ကျဆင်းစေသော အပြုအမူနှင့် အပြောအဆိုများ မပြောဆိုမိစေရန် အထူးသတိပြုသင့်ပါသည်။ ရင်ဘတ်နာခြင်း၊ ခြေထောက်နာကျင်ကိုက်ခဲခြင်းများ ဖြစ်စေတတ်ပါသည်။ အချစ်ရေးတွင် ချစ်ကြသူအချင်းချင်း သဝန်တို အထာမကျစွာဖြင့် မကြာခဏ စိတ်ဆိုးစိတ်ကောက်ဖြစ်ရခြင်းများ ကြုံနေရပါလိမ့်မည်။
ယတြာ။ ။ အိမ်ကဘုရားတွင် မင်းကွတ်သီး ၅ လုံး ကပ်လှူပေးပါ။

တနင်္လာ

စီးပွားရေးကိစ္စများတွင် ရင်တွင်းဆန္ဒ စိတ်တိုင်းကျ၍ အနာဂတ်အတွက် အောင်မြင်မှုများကို ကြိုတင်ခံစားနေရပါလိမ့်မည်။ အနယ်နယ်အရပ်ရပ်မှ ပစ္စည်းမှာယူသူများ၊ လက်လီလက်ကား ရောင်းဝယ်မှုများတွင် ဝယ်လိုအားမြင့်တက်မှုများ ကြုံရပါလိမ့်မည်။ လက်အောက်ငယ်သားများ အခြေခံလူတန်းစားများနှင့် ပတ်သက်၍ စိတ်ညစ်စရာများလည်း ရှိစေရတတ်ပါသည်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးများကြောင့် စိတ်တိုင်းမကျ ဖြစ်စေရတတ်ပါသည်။ ခန္ဓာကိုယ်တွင် လေးလံထိုင်းမှိုင်းမှု၊ နာကျင်ကိုက်ခဲမှုများ ခံစားရပါလိမ့်မည်။ အချစ်ရေးတွင် ချစ်မိသူအပေါ်၌ စေတနာ ချစ်ခြင်းတရား ထားမိသည့်ဖြစ်ရပ်အတွက် ဝေဒနာအပြစ်မကင်းသော အမှားတစ်ရပ်အဖြစ် အသိစိတ်တွင် ညှိုးနွမ်းစေသော ဖိနှိပ်လွှမ်းမိုးမှုများဖြင့် ခံစားနေရပါလိမ့်မည်။
ယတြာ ။ ။ သံဃာတော်တစ်ပါးအား ထီးတစ်လက် လှူပေးပါ။

>>> ဗေဒင်နှင့် လက္ခဏာဆရာများ

အင်္ဂါ

စီးပွားအသစ်၊ လုပ်ငန်းအသစ်များ ဖြစ်ပေါ်လာနိုင်ပါသော်လည်း ကျွမ်းကျင်သည့် ပညာရှင်များနှင့် တိုင်ပင်၍ လုပ်ကိုင်ဆောင်ရွက်ရန် လိုပါသည်။ မိမိအနေဖြင့် နာမည်ကောင်း၍ ထင်ပေါ်မှုနှင့်လည်း ပြည့်စုံနေရပါလိမ့်မည်။ အထွေထွေဝင်ငွေသည် အခြေအနေ အဆင်ပြေစေရန်အတွက် ပိုလျှံစွာဖြင့် ပြည့်စုံနေရပါလိမ့်မည်။ မိမိယုံကြည်မှု ထားမိသူ၏ လိမ်လည်မှု ခံရစေတတ်ပါသည်။ အစုစပ်လုပ်ငန်းများ ပူးတွဲပြုလုပ်ရန် မသင့်ပါ။ တရားဓမ္မ အားထုတ်မှုပြုလျှင် တရားထူးရစေတတ်ပါသည်။ အချစ်ရေးတွင် ချစ်ကြသူအချင်းချင်း စိတ်အနေဆောင်အပျော်ဖြင့် အပြစ်ကင်းစွာ ရင်းနှီးပြီးခဲ့ပြီးပါမှ မိတ်ဆွေဘောင်ကျော် ချစ်ခြင်းကဗျာ ရေးဖွဲ့မိပြီဆိုပါလျှင် လိုရာပြင်ဆင်၍ လက်တွဲဖို့သာ ဆုံးဖြတ်လိုက်ပါ။
ယတြာ ။ ။ သီလရှင်တစ်ပါးအား ဖယောင်းတိုင်ထုပ် လှူပေးပါ။

ဗုဒ္ဓဟူး

ယခုကာလအတွင်း သဘောတူညီချက် ရှိထားခြင်းများကို ကတိသစ္စာတည်ကြည်ရန် အထူးလိုအပ်ပါသည်။ စပ်တူရှယ်ယာ လုပ်ကိုင်ကြသူအချင်းချင်း အခွင့်အရေးပို၍ လိုချင်သူများ ရှိလာပါလိမ့်မည်။ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံမှု တင်းမာလာရခြင်းများလည်း ရှိလာနိုင်ပါသည်။ မိမိမိသားစု၏ အတွင်းရေးကို ထိခိုက်လာစေသည်အထိ ဖြစ်ပေါ်စေတတ်ပါသည်။ အိမ်ထောင်ဖက်နှင့်လည်း နားလည်မှု လွဲမှားရစေသည်အထိ ဖြစ်လာနိုင်ပါသည်။ အရာရာတွင်လည်း သည်းခံစိတ်မွေးတတ်ရန် လိုပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူက မိမိအား အမြင်ခရီး အတွေးမှားမဖြစ်စေရန်နှင့် အထင်ကြီးလေးစားချစ်စေရန် သတိပြုဆင်ခြင်၍ နေထိုင်တတ်ရန် လိုအပ်ပါလိမ့်မည်။
ယတြာ ။ ။ အကိုက်အခဲပျောက်လိမ်းဆေးတစ်ဘူး ဒါနပြုပေးပါ။

ကြာသပတေး

လုပ်ငန်းအသစ် လုပ်ကိုင်ခြင်းထက် လက်ရှိလုပ်ငန်းအပေါ်တွင် အာရုံစိုက်၍ လေးလေးစားစား လုပ်ကိုင်သင့်ပါသည်။ မိတ်ဆွေကောင်းများနှင့် ပြောဆိုဆက်ဆံရာတွင် မိမိက စကားအမှားများ ပြောဆိုမိတတ်ပါသဖြင့် အထူးသတိထားရန် လိုအပ်ပါသည်။ မိတ်ဆွေသစ်၊ မိတ်ဆွေစစ်တို့အား ရွေးချယ်ပေါင်းသင်းရန် လိုပါသည်။ အထက်လူကြီးများ၏ စိတ်ကွက်ဖယ်ကြဉ်မှုများ ခံစားရစေတတ်ပါသည်။ အိမ်ထောင်ဖက်နှင့်လည်း အဆင်မပြေမှုများ ဆက်တိုက်ဖြစ်စေရတတ်ပါသည်။ အချစ်ရေးတွင် ချစ်ခြင်းတရားနှင့် ပတ်သက်၍ အတိတ်မှ မသေချာခဲ့မှုအတွက် စိတ်၏ဖြေစရာတွင် အခက်မတွေ့စေဖို့၊ အခြေမလှမဟန်ခြင်းအပေါ်တွင် ပေလျာလကန်ပြုထားလိုစိတ်များသာ လွှမ်းမိုးနေရပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့တွင် ညောင်ကိုင်းထောက်၍ ကုသိုလ်ပြုပေးပါ။

>>> မိမိ ကိုယ်တိုင် ကားရေဆေးတဲ့အခါ သတိပြုသင့်တဲ့အချက် (၈) ချက်

သောကြာ

မိမိ၏ နဂိုရှိရင်းစွဲမာနအား ထိပါးလာစေသည့်ဖြစ်ရပ်များနှင့် ကြုံရပါလိမ့် မည်။ လက်ရှိ လည်ပတ်နေရပါသော လုပ်ငန်းတွင် ဝင်ငွေနည်းပါးစေသော အခြေအနေများနှင့် ရင်ဆိုင်ရတတ်ပါသည်။ ဖခင်အတွက် လိုအပ်ချက်များ ပြည့်စုံပါသော်လည်း ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်ပါကြောင်း သတိပေးသင့်ပါသည်။ ရေချိုးမှားခြင်း၊ လေရောဂါခံစားရခြင်းများ ကြုံရစေတတ်ပါသည်။ ပညာရေးဆိုင်ရာ ကိစ္စများတွင် သင်ယူရန် ခက်ခဲစေခြင်း၊ သင်ကြားရန် ကြန့်ကြာမှုဖြစ်ရခြင်းများ ကြုံရပါလိမ့်မည်။ အိမ်ထောင်ဖက်အပေါ်တွင် နားလည်မှုပေးနိုင်ရန် ကြိုးစားပါ။ အချစ်ရေးတွင် တစ်ဦးတစ်ယောက်အပေါ် သာယာမိခြင်းအတွက် ပတ်ဝန်းကျင်မှ သတင်းအစုံဖြင့် အနိုင်ယူလွှမ်းမိုးခံရခြင်းကို မိမိကိုယ်မိမိ ကာကွယ်မှု ပြုနေရပါလိမ့်မည်။
ယတြာ ။ ။ နွမ်းပါးသူကလေးတစ်ဦးအား စာရေးကိရိယာများ ဒါနပြုလိုက်ပါ။

စနေ

မိမိ၏ တိုးတက်မှုဖြစ်စေသော ဘ၀ဆိုင်ရာအခြေအနေများ၏ လိုအပ်ချက်များအတွက် မိဘ၊ ဆရာသမားများ၏ အကြံဉာဏ်ကောင်းများ ရယူသင့်ပါသည်။ မိမိ၏ ဦးဆောင်မှုအောက်တွင် လုပ်ကိုင်ရသော လုပ်ငန်းများ၌ အခက်အခဲ ရှိနေဆဲ ဖြစ်နေတတ်ပါသည်။ မိမိအားကယ်တင်သလိုဖြင့် ဒုက္ခပေးမည့်သူများ ရှိနေတတ်ပါသည်။ ဆွေမျိုးမကင်းသူများအပေါ်တွင် ထောက်ပံ့ကူညီမှုများဖြင့် တတ်နိုင်သရွေ့ ဒါနပြုသင့်ပါသည်။ ရုပ်ရှင်နှင့် ဂီတဆိုင်ရာလုပ်ငန်းရှင်များ စိတ်တိုင်းကျဖန်တီးနိုင်စွမ်း အပြည့်အဝ မရနိုင်သေးပါ။ အချစ်ရေးတွင် နေ့၊ ည၊ နံနက် တွေ့ဆုံကြစဉ် ရန်ဘက်ပမာ အကြံခက်စရာ ပြောဆိုဆက်ဆံတတ်ပါသော ချစ်သူအပေါ်တွင် ငြိုငြင်စွာ အမုန်းပွားနေမိခြင်းမျိုး ဖြစ်ပေါ်နေမိပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့နံနက်ပိုင်းတွင် ရှောက်ယိုကပ်လှူ၍ လိုရာဆန္ဒပြုပါ။

ဒေါက်တာလင်းမြတ်သူ


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.