Friday, 09 August 2019 10:21

 

iStock-46524460.jpg

မိမိရဲ့ ကားကို ဆိုင်မှာသွားဆေးချိန် မရှိလို့ပဲ ဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အိမ်မှာ ဆေးတာကို သဘောကျရင်ပဲ ဖြစ်ဖြစ် ကားကို ဆေးကြောတဲ့ နေရာမှာ နည်းစနစ်မှန်မှန်ကန်ကန် ဆေးကြဖို့ လိုအပ်ပါတယ်။ ဒီတော့ ကားပညာရှင်တွေ ပြောပြထားတဲ့ ကားရေဆေးတဲ့ အခါမှာ လုပ်သင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မနက်စောစော (ဒါမှမဟုတ်) ညနေစောင်းလောက်မှ ကားရေဆေးပါ။

နေပူကျဲကျဲကြီးထဲမှာ ကားရေဆေးတဲ့အခါ ဘယ်လောက်ပဲ မြန်မြန်လုပ်သော်ငြားလည်း ကားပေါ်မှာ အစက်အပြောက်တွေ စွန်းထင်းကျန်တတ်တဲ့အတွက် မနက်စောစော (ဒါမှမဟုတ်) ညနေ စောင်းလောက်မှ ကားရေဆေးတာမျိုး လုပ်သင့်ပါတယ်။

(၂) ပန်းကန်ဆေးဆပ်ပြာရည်ဖြင့် မဆေးရပါ။

အရင်တုန်းက လုပ်ခဲ့တယ်ဆိုရင်လည်း အခုဆက်မလုပ်ပါနဲ့တော့။ ပန်းကန်ဆေးဆပ်ပြာရည်ဟာ ပြင်းတဲ့အတွက် ကားရဲ့ဆေးသားတွေကို ပင့်ကူမျှင်လိုမျိုး အစင်းရာတွေ ဖြစ်စေတတ်လို့ပါ။

(၃) ရေများများဖြင့်ဆေးပါ။

ဆပ်ပြာရည်တစ်ပုံးနဲ့ပဲ ကားတစ်စီးလုံး လိုက်ပွတ်ဆေးတာမျိုးက ကားပေါ်က အညစ်အကြေးတွေ မပြောင်တဲ့အပြင် အပေါ်ယံဆေးသားတွေကိုပါ ပျက်စီးစေတဲ့အတွက် မလုပ်သင့်တဲ့ အလေ့အထပါ။ ဆပ်ပြာရည်ကျဲ ပွတ်ပြီးပြီဆိုတာနဲ့ ကားတစ်စီးလုံး ဆပ်ပြာစင်သွားတဲ့အထိ ရေသေချာဆေးသင့်ပါတယ်။

>>> ကားပြုပြင်ရေးလုပ်ငန်းများ

(၄) ကားကို အောက်ဘက်က စမဆေးပါနဲ့။

ကားရေဆေးတဲ့အခါ အောက်ကနေအပေါ်၊ ဘယ်ကနေညာ ဆေးတာဟာ အချိန်ကုန် လူပန်းပြီး အကျိုးမဲ့စေတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ကားအပေါ်ပိုင်းတွေကို ဆေးပြီးမှ ဘီးတို့၊ အောက်ဘက်တို့ ဆေးတဲ့အခါမှာ အစက်အပြောက်တွေ၊ အစင်းကြောင်းတွေ မပေါ်တော့ဘဲ အလိုက်သင့် ရေဆေးပြီးသား ဖြစ်စေပါတယ်။

(၅) တာယာလည်း ရေဆေးပါ။

ကားတာယာတွေဟာ ကားတစ်စီးလုံးရဲ့ အညစ်ပတ်ဆုံးအပိုင်းဖြစ်ပြီး ရွှံ့၊ သဲတွေကို သတိတရ ဆေးကြောထားရင် တခြားအစိတ်အပိုင်းတွေ မပေကျံအောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

(၆) ရေမခြောက်ခင်မှာ မှန်တံခါးတွေ တင်ထားပါ။

ရေဆေးထားတဲ့ ကားတစ်စီးလုံး သေချာခြောက်ဖို့ဆိုရင် နှစ်နာရီ၊ သုံးနာရီလောက်ကြာတယ်ဆိုတာ သိထားပါ။ ရေမခြောက်ခင်မှာ ကားမှန်တံခါးတွေ ချထားတဲ့အခါ မှန်တွေမှာ အစွန်းအကွက်နဲ့ အစင်းရာတွေ ဖြစ်တတ်ပါတယ်။

>>> မိုးတွင်းကာလတွင် ယာဉ်မောင်းသူများ သတိပြုလိုက်နာရမည့် အချက်များ

(၇) ခြေနင်းအခင်းတွေကိုလည်း သန့်ရှင်းရေးလုပ်ပါ။

ဒီနေရာကလည်း ဖုန်တွေ၊ သဲတွေ၊ အညစ်အကြေး အများဆုံးရှိတဲ့နေရာ ဖြစ်တာမို့ ဖုန်စုပ်စက်နဲ့ သန့်စင်တာမျိုး၊ ဘရပ်ရှ်နဲ့ ပွတ်တာမျိုး၊ ဆေးကြောပစ်တာမျိုး လုပ်ပေးဖို့လိုပါတယ်။

(၈) ကားဒက်ရှ်ဘုတ်ကိုလည်း သန့်ရှင်းရေးလုပ်ပါ။

မကြာခဏ ထိတွေ့မှုများတဲ့ နေရာလည်း ဖြစ်သလို နေရောင်ခြည် ထိတွေ့မှုလည်း များတဲ့နေရာဖြစ်တဲ့ ဒက်ရှ်ဘုတ်တွေမှာ ဗက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။ အဲကွန်းဖွင့်လိုက်တဲ့အခါ လေထဲကနေ ရောဂါပိုးမွှားတွေ ပျံ့နှံ့နိုင်တဲ့အတွက် ဒက်ရှ်ဘုတ်ကို ပုံမှန်သန့်စင်တာမျိုး လုပ်သင့်ပါတယ်။

Original Uploader


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.