Thursday, 08 August 2019 09:27

 

indoor-laundry.jpg

မိမိအဝတ်အစားတွေကို အိမ်မှာ အဝတ်လျှော်စက်နဲ့ပဲ လျှော်လျှော် ၊ လက်နဲ့ပဲ လျှော်လျှော် လျှော်ပြီးသားအဝတ်တွေက ဖြစ်စေတဲ့ ရေငွေ့ပြန်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ရေစိုဝတ်တွေကို အိမ်ထဲမှာ လှန်းမိခဲ့ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်တတ်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အဝတ်စိုတွေကြောင့် အခန်းတွင်းစိုထိုင်းမှု ၃၀% အထိ တိုးစေပြီး အခန်းတွင်း မှိုပေါက်ဖွားဖို့အတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးသလို ဖြစ်စေပါတယ်။

>>> အဝတ်အစားများ အရောင်လွှင့်ခြင်း၊ စွန်းထင်းခြင်း ဖြစ်ပေါ်ခဲ့ပါရင်

>>> အဝတ်လျှော်စက် အမြဲသန့်ရှင်းနေအောင် ပြုလုပ်နိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်း (၅) ချက်

လူအများစုရဲ့ ခုခံအားစနစ်က ဒီမှိုကြောင့်ဖြစ်တဲ့ ကူးစက်ပိုးတွေကို ခံနိုင်ရည် ရှိတတ်ပါတယ်။ ဒါပေမယ့် ပန်းနာရင်ကြပ် ရောဂါရှိတဲ့သူတွေ၊အသက်ရှူ လမ်းကြောင်းရောဂါနဲ့ ချောင်းဆိုးရောဂါ ရှိသူတွေအတွက် ပိုဆိုးတဲ့ အခြေအနေတွေ ဖြစ်စေနိုင်ပါတယ်။

ခုခံအားစနစ် ရှိတဲ့သူတွေ ၊ အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာရှင်တွေ၊ ကင်ဆာရောဂါ ကုထုံးခံယူနေသူတွေက မှိုပိုးကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါကို ခံစားရဖို့ ပိုလွယ်ပါတယ်။

>>> အဝတ်လျှော်စက် ပြုပြင်ရောင်းဝယ်ရေးလုပ်ငန်းများ

ဒါကြောင့် ပညာရှင်များက လျှော်ပြီးသား အဝတ်တွေကို အိမ်ထဲမှာ မလှန်းဘဲ အပြင်မှာလှန်းဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။

Zeddite


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.