Wednesday, 07 August 2019 04:28

 

collage-၅၆၆-1.jpg

၈.၈.၂၀၁၉ မှ ၁၄ .၈.၂၀၁၉ အထိ ၇ ရက်သားသမီးများအတွက် တစ်ပတ်အတွင်း ပြောင်းလဲမည့် ကံကြမ္မာများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

ဤရက်ပိုင်းအတွင်း စီးပွားရေးကိစ္စများတွင် မိမိမှ ကြိုးစား၍ ရှာဖွေပါသော်လည်း ကြံဖန်၍ လွဲချော်မှု ဖြစ်နေရပါလိမ့်မည်။ အထက်လူကြီးများ၏ ဥပက္ခာပြုခြင်း ကြုံရစေတတ်ပါသည်။ မိမိ၏ အသိုင်းအဝိုင်းအတွင်း အမြင်တူခြင်း၊ အမြင်မတူခြင်းများ ဖြစ်ပေါ်နေပါလိမ့်မည်။ စိတ်ပိုင်းဆိုင်ရာ လေးလံထိုင်းမှိုင်းမှု ဖြစ်နေရပါလိမ့်မည်။ စာပေလေ့လာကျက်မှတ်ရာတွင်လည်း စိတ်ပါဝင်စားမှု အားနည်းနေရပါလိမ့်မည်။ နိုင်ငံခြား တိုင်းပြည်များတွင် အဆင်ပြေ ကံကောင်းစေရတတ်ပါသည်။ တောင်အရပ်သို့ ခရီး ထွက်ရန် မသင့်ပါ။ အချစ်ရေးတွင် အတူခရီး စိတ်ပါလက်တွဲနိုင်ရန် ရည်ရွယ်ချက် အပြည့်အ၀ ရှိကြသည်ဆိုပါလျှင် နှစ်ဦးနှစ်ဖက် လူကြီးသိက္ခာ မျက်နှာပျက်စေသည့်အခြေအနေနှင့် ရင်မဆိုင်ရစေရန် သတိပြုဆင်ခြင်ပါ။
ယတြာ။ ။ သက်သတ်လွတ် စားသူတစ်ဦးအား မြေပဲကြော် ဒါနပြုပေးပါ။

တနင်္လာ

မိမိ၏ အရည်အချင်းအစစ်အမှန်ဖြင့် စီစဉ်တင်ပြ ပြောဆိုဆောင်ရွက်ထားမှုများကို အရည်အချင်းမဲ့သူတစ်ဦးက အမြတ်ထုတ်၍ ဖြတ်ခုတ် နာမည်ကောင်းယူသွားခြင်းမျိုး ကြုံရပါလိမ့်မည်။ အထက်လူကြီးများနှင့် ပြောဆိုဆောင်ရွက်မှုတွင် ကိုယ်တိုင် ထိပ်တိုက်တွေ့ဆုံနိုင်မှသာ မိမိအတွက် ကံကောင်းစေရမည် ဖြစ်ပါသည်။ မည်သူ့ကိုမျှ ယုံကြည်မှု မလွန်မိပါစေနှင့်။ စီးပွားရေးကိစ္စများအတွက် အဆက်အသွယ်ကောင်းများ ရရှိပါလိမ့်မည်။ မိမိ၏ စိတ်ကူးများအတွက် အကောင်အထည်ဖော်ခွင့် ရရှိပါလိမ့်မည်။ လုပ်ငန်းနှစ်မျိုး တစ်ပြိုင်တည်း လုပ်ခွင့်ရစေတတ်ပါသည်။ အချစ်ရေးနှင့် ပတ်သက်ပါလျှင် အမှားဘောင်မဲ့ဖြင့် စကားနှောင်ဖွဲ့ကင်းစေမည့် ကရုဏာချစ်ခြင်းမျိုးကို အကျိုးတရားမပါ ရိုးသားစွာဖြင့် မျှော်လင့်နေမိပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့နံနက်တွင် အိမ်ကဘုရား၌ သစ်သီး ၃ မျိုး ကပ်လှူပေးပါ။

>>> ဗေဒင်နှင့် လက္ခဏာဆရာများ

အင်္ဂါ

မိမိ၏စိတ်တွင် ဖြစ်ချင်သောဆန္ဒများ လွန်စွာများပြားနေပါလိမ့်မည်။ မိမိပိုင်ပစ္စည်းနှင့် မိမိ ပြဿနာဖြစ်ရခြင်းများ ကြုံရစေတတ်ပါသည်။ တစ်ပါးသူမှ မိမိအပေါ်တွင် အထင်မှား၊ အမြင်မှား ဖြစ်စေတတ်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ညဥ့်အိပ်ညနေ လက်မခံပါနှင့်။ ပြဿနာရှင်းရတတ်ပါသည်။ မော်တော်ကား၊ နေအိမ်၊ အခန်း၊ အဝတ်အထည်၊ အပေါင်ဆုံးပစ္စည်း စသည့် ပစ္စည်းများကြောင့် ငွေကြေး ဆုံးရှုံးရခြင်းများ ကြုံရစေတတ်ပါသည်။ အိမ်ထောင်ဖက်နှင့် ငွေကိစ္စအတွက် အဆင်မပြေ ပြောဆိုရပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူနှင့်ပတ်သက်ပါလျှင် စိတ်ကူးဖြင့် ကြံစည်သမျှသည် အတည်မကျသောအခြေအနေများဖြင့်သာ မလွဲမသွေ အမြဲတစေ ကြုံတွေ့နေရပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့နံနက်တွင် နာနတ်သီး ကပ်လှူ၍ လိုရာဆန္ဒပြုပါ။

ဗုဒ္ဓဟူး

မိမိရည်ရွယ်ထားပါသော စီးပွားရေးကိစ္စတစ်ခု အထမြောက် အောင်မြင်မှု ရရှိပါလိမ့်မည်။ အထက်လူကြီးများ၏ အားပေးကူညီမှု ရရှိပါလိမ့်မည်။ အသိပညာ၊ အတတ်ပညာအတွက် အဆင့်မြင့်မြင့် လေ့လာသင်ယူခွင့် ရရှိပါလိမ့်မည်။ အတူတကွ ပူးတွဲနေထိုင် ဆက်ဆံပတ်သက်မိသူများကြောင့် နာမည်ဂုဏ်သတင်း ပျက်စီးစေရတတ်ပါသည်။ မိသားစုအတွင်း မင်္ဂလာရှိသော ကိစ္စတစ်ခု ဖြစ်ပေါ်မည်။ မိမိလေးစားရသူများထံမှ အကူအညီပံ့ပိုးမှုများ ရရှိပါလိမ့်မည်။ အချစ်ရေးနှင့် ပတ်သက်ပါလျှင် အကြောင်းအကျိုး ဆင်ခြင်သုံးသပ်၍ အကောင်းအဆိုး ပြင်ဆင်ဆုံးဖြတ်နိုင်ရန် သတိပြုသင့်သော ကာလ ဖြစ်နေပါလိမ့်မည်။
ယတြာ ။ ။ မိမိထက်ငယ်သူတစ်ဦးအား မုန့်ဟင်းခါးတစ်ပွဲ ဒါနပြုလိုက်ပါ။

ကြာသပတေး

အဆင်မပြေ ဖြစ်ခဲ့ပါသော လုပ်ငန်းများအားလုံး ပြန်လည်၍ ကောင်းမွန်လာပါလိမ့်မည်။ မိမိရရန် ရှိခဲ့ပါသော ငွေကြေးကိစ္စများ တောင်းယူရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ စိတ်ပြေလက်ပျောက် ခရီးထွက်လိုသောစိတ်များ ဖြစ်ပေါ်နေပါလိမ့်မည်။ သူတစ်ပါး အာမခံပေးခြင်း၊ စာချုပ်စာတမ်းများတွင် အသိသက်သေ လက်မှတ်ရေးထိုးခြင်း မပြုသင့်ပါ။ လူလိမ်ခံရခြင်း၊ ရွှေလိမ်ခံရခြင်း ကြုံရစေတတ်ပါသည်။ စာပေလေ့လာသင်ယူရာတွင် စိတ်ပါဝင်စားမှု အားနည်းနေတတ်ပါသည်။ အချစ်ရေးနှင့် ပတ်သက်ပါလျှင် အတိတ်အကြောင်း၊ အတိုအထွာမှ အစပြု၍ နာကြည်းစရာများ အဖြစ် ရင်ဆိုင်နေရပြီဆိုလျှင် စိတ်ပေါင်းကိုယ်ခွာဖြင့်သာ စွန့်ပစ်နိုင်ရန် ကြိုးစားရပါလိမ့်မည်။
ယတြာ ။ ။ သီလရှင်တစ်ပါးအား ခေါင်းအုံးတစ်လုံး လှူလိုက်ပါ။

သောကြာ

ဘ၀၏ ခက်ခဲသော အခြေအနေများကို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းရခြင်းမျိုး ကြုံရစေတတ်ပါသည်။ စိတ်ဓာတ်ကျဆင်းစရာ ပြဿနာများလည်း ကြုံရပါလိမ့်မည်။ ပညာရေး ကံကောင်းစေတတ်ပါသည်။ အဆင့်မြင့်ပညာသင်ယူရခြင်း၊ ဘွဲ့ထူးဂုဏ်ထူးရရှိခြင်းများ ခံစားရပါမည်။ ဖခင်၏အကျိုးကျေးဇူး ခံစားရပါမည်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားများနှင့် လုပ်ငန်းများပူးတွဲလုပ်ကိုင်မှုမှ ဝင်ငွေကောင်းများ ရရှိနိုင်ပါသည်။ လုပ်ငန်းခွင်အတွင်း မိမိအပေါ်တွင် မလိုလားသူများ၊ မနာလိုသူများ ရှိနေတတ်ပါသည်။ ငွေကြေးလုံးဝမချေးမိပါစေနှင့်။ အချစ်ရေးနှင့် ပတ်သက်ပါလျှင် အခါကောင်း အသာစံ အမှန်အလို ပြည့်နိုင်ဖို့အတွက် ဆရာကောင်းနှင့် ရှာကြံ၍ ယတြာချေဖြစ်ရန် လိုအပ်နေပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့တွင် စာကလေးများ၊ ခိုငှက်များအတွက် အာဟာရဒါနပြုပေးပါ။

စနေ

အလုပ်နှစ်မျိုး ပူးတွဲလုပ်ကိုင်မှု ပြုရပါလိမ့်မည်။ ဥစ္စာပစ္စည်း စုဆောင်းမိခြင်းနှင့်အတူ အိမ်ထောင်ရေးသုခ အပြည့်အဝ ခံစားရပါလိမ့်မည်။ တစ်ပါးသူ၏ အိမ်ထောင်ဖက်အပေါ်တွင် စွဲလမ်းနှစ်သက်မှု ဖြစ်နေရတတ်ပါသည်။ ဤရက်ပိုင်းအတွင်း ငွေဝင်ကံကောင်းမှုများ မကြာခဏ ကြုံရစေတတ်ပါသည်။ အမှုကိစ္စ ပြဿနာရှင်းရခြင်းများ ကြုံရသော် မိမိက အရှုံးဖြစ်စေရတတ်ပါသည်။ လူမျိုးခြား၊ ဘာသာခြားများနှင့် စပ်တူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်မှုများမှ အကျိုးအမြတ် ရရှိခံစားရပါလိမ့်မည်။ အချစ်ရေးတွင် မိမိအနေဖြင့် ချစ်သူအပေါ်၌ အလျှော့ပေး အပြစ်မယူ အိတ်စိုက် စရိတ်ပွန်းဖြင့် စိတ်ကြိုက်ချစ်လွန်းသူ ဖြစ်ပါလျက် မိမိအပေါ်တွင် အနိုင်ယူလွှမ်းမိုးခံရခြင်းအတွက် ခက်ခဲစွာ မြတ်နိုးနေရပါလိမ့်မည်။
ယတြာ ။ ။ ဘုရားတစ်ဆူ၏ မိမိမွေးနံထောင့်တွင် ရေသက်စေ့လောင်းလှူပေးပါ။

ဒေါက်တာလင်းမြတ်သူ


Read times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.