Wednesday, 10 July 2019 07:48

 

66506287_439894033516635_654490223488532480_n.jpg

သက်ငယ်မုဒိန်းမှုဆိုသည်မှာ အသက်(၁၆)နှစ်အောက် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ မုဒိန်းမှု ကျူးလွန်ခြင်းဖြစ်သည်။

သက်ငယ်မုဒိန်းမှုသည် အခြေအနေ၊ အချိန်အခါ နေရာမရွေး ဖြစ်ပွားနိုင်ပြီး အဆိုပါမုဒိန်းမှုသည် ထောင်ဒဏ်အနှစ် (၂၀) ချမှတ်နိုင်သော အမှုဖြစ်သည်။

သက်ငယ်မုဒိန်းမှုအား ပေါ်ပေါက်လာနိုင်စေသည့် သတိပြုရန် အချက်များမှာ

(၁) နေအိမ်အဆောက်အဦး မလုံခြုံခြင်း
(၂) ပတ်ဝန်းကျင်၏ လူနေမှု၊ လူမှုရေး အခြေအနေ နိမ့်ကျနေခြင်း
(၃) အုပ်ထိန်းသူများက စောင့်ကြပ်ထိန်းသိမ်းမှု ကင်းကွာခြင်း

>>> ရဲစခန်းများ

(၄) အဖော်မဲ့သွားလာနေထိုင်ခြင်း (နေအိမ်၊ လမ်းခရီး၊ လူသူပြတ်လပ်သော နေရာများ)
(၅) အုပ်ထိန်းသူများမှ ပတ်ဝန်းကျင်၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းများအား ယုံကြည်မှုလွန်ကဲခြင်း
(၆) အိမ်ထောင်သည်များနှင့် မိသားစုဝင်များ အကာအရံမရှိ အတူတကွ နေထိုင်ခြင်း
(၇) အရက်၊ စိတ်ကြွဆေး သုံးစွဲသူ များပြားလာခြင်း
(၈) ညစ်ညမ်းပုံ၊ ညစ်ညမ်းခွေ၊ စာအုပ်ဇာတ်လမ်းများ၊ ညစ်ညမ်း (Website) များ အလွယ်တကူ ရရှိနေခြင်း စသည်တို့ ဖြစ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

>>> ရန်ကုန်ရုပ်ရှင်ရုံများတွင် အသစ်ထပ်မံ ကြည့်ရှုရမည့် ရုံတင်ဇာတ်ကားသစ်များ


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.