Tuesday, 09 July 2019 04:42

 

66742785_1824527970912769_5144049057307557888_n.jpg

၁။ နှစ်ပေမီးချောင်း (20 W) ၅၀ နာရီ
မိမိက တစ်ရက်ကို ၂ ပေမီးချောင်း ၂ ချောင်း ၁၀ နာရီဖွင့်ထားမယ်ဆိုရင် ၁ လဆိုရင် ၁၂ ယူနစ် ကျသင့်ပါမယ်။ ၃ ချောင်းကို ၁၀ နာရီ ဖွင့်ထားမယ်ဆိုရင် ၁၈ ယူနစ် ကျသင့်မှာ ဖြစ်ပါတယ်။

၂။ လေးပေမီးချောင်း (40 W) ၂၅ နာရီ
တစ်ရက်ကို ၄ ပေမီးချောင်း ၂ ချောင်း ၁၀ နာရီဖွင့်ထားမယ်ဆိုရင် ၁ လဆိုရင် ၂၄ ယူနစ် ကျသင့်ပါမယ်။ ၃ ချောင်းကို ၁၀ နာရီ ဖွင့်ထားမယ်ဆိုရင် ၃၆ ယူနစ် ကျသင့်မှာ ဖြစ်ပါတယ်။

၃။ ဖန်မီးသီး (20 W) ၅၀ နာရီ
တစ်ရက်ကို ဖန်မီးသီး ၂ လုံး ၁၀ နာရီဖွင့်ထားမယ်ဆိုရင် ၁ လဆိုရင် ၁၂ ယူနစ် ကျသင့်ပါမယ်။ ၃ လုံးကို ၁၀ နာရီ ဖွင့်ထားမယ်ဆိုရင် ၁၈ ယူနစ် ကျသင့်မှာ ဖြစ်ပါတယ်။ ၄ လုံးကို ၁၀ နာရီ ဖွင့်ထားမယ်ဆိုရင် ၂၄ ယူနစ် ကျသင့်မှာပါ။

၎။ ရေခဲသေတ္တာ (၁၅၀ W) ၆ နာရီ ၃၀ မိနစ်
ရေခဲသေတ္တာကို ၁ ရက် ၁၃ နာရီ ဖွင့်ထားမယ်ဆိုရင် ၁ လဆိုရင် ၆၀ ယူနစ် ကျသင့်ပါမယ်။ ၂၄ နာရီလုံး ဖွင့်ထားမယ်ဆိုရင် ၁၁၀ ယူနစ်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

>>> လျှပ်စစ်ဓာတ်အားပေးရုံးများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ

၅။ ထမင်းပေါင်းအိုး (၅၀၀ W) ၂ နာရီ
ထမင်းပေါင်းအိုးကို ၁ ရက် ၁ နာရီ အသုံးပြုမယ်ဆိုရင် ၁ လမှာ ၁၅ ယူနစ် ကျသင့်ပါမယ်။ ၂ နာရီ အသုံးပြုမယ်ဆိုရင် ၃၀ ယူနစ် ကျသင့်မှာပါ။ ၃ နာရီ အသုံးပြုမယ်ဆိုရင် ၄၅ ယူနစ် ကျသင့်မှာ ဖြစ်ပါတယ်။

၆။ အဝတ်လျှော်စက် (၇၅၀ W) ၁ နာရီ ၂၀ မိနစ်
အဝတ်လျှော်စက်ကို ၁ ပတ် ၂ ကြိမ် အသုံးပြုမယ်ဆိုရင် ၁ လမှာ ၈ ယူနစ်ခန့် ကျသင့်ပါမယ်။ ၁ ပတ် ၃ ကြိမ် အသုံးပြုမယ်ဆိုရင် ၁၂ ယူနစ်ခန့် ကျသင့်ပါမယ်။ ၁ ပတ် ၄ ကြိမ် အသုံးပြုမယ်ဆိုရင် ၁၆ ယူနစ်ခန့် ကျသင့်ပါမယ်။ နေ့စဉ်အသုံးပြုမယ်ဆိုရင် ယူနစ် ၃၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

၇။ Air-Corn (၁၀၀ W) ၁ နာရီ
Air-Corn တစ်လုံးကို ၁ ရက် ၆ နာရီ ဖွင့်မယ်ဆိုရင် ၁ လဆိုရင် ၁၈၀ ယူနစ် ကျသင့်ပါမယ်။ ၂ လုံးဆိုရင် ၃၆၀ ယူနစ် ကျသင့်ပါမယ်။ ၃ လုံးဆိုရင် ၇၂၀ ယူနစ် ကျသင့်ပါမယ်။
Air-Corn တစ်လုံးကို ၁ ရက် ၁၂ နာရီ ဖွင့်မယ်ဆိုရင် ၁ လဆိုရင် ၃၆၀ ယူနစ် ကျသင့်ပါမယ်။ ၂ လုံးဆိုရင် ၇၂၀ ယူနစ် ကျသင့်ပါမယ်။ ၃ လုံးဆိုရင် ၁၄၄၀ ယူနစ် ကျသင့်ပါမယ်။
Air-Corn တစ်လုံးကို ၁ ရက်လုံး ဖွင့်မယ်ဆိုရင် ၁ လဆိုရင် ၇၂၀ ယူနစ် ကျသင့်ပါမယ်။ ၂ လုံးဆိုရင် ၁၄၄၀ ယူနစ် ကျသင့်ပါမယ်။ ၃ လုံးဆိုရင် ၂၁၆၀ ယူနစ် ကျသင့်ပါမယ်။

၈။ မီးပူ (၁၁၀၀ W) ၅၄ မိနစ်
၁ ပတ်မှာ မီးပူ ၂ ကြိမ်တိုက်မယ်ဆိုရင် ၁ လကို ၈ ယူနစ်ခန့် ကျသင့်ပါမယ်။ ၃ ကြိမ်တိုက်မယ်ဆိုရင် ၁၂ ယူနစ် ကျသင့်ပါမယ်။ ၄ ကြိမ်တိုက်မယ်ဆိုရင် ၁၆ ယူနစ် ကျသင့်မှာ ဖြစ်ပါတယ်။

>>> တိုးမြှင့်ကောက်ခံလိုက်သော မီတာခနှုန်းထားများ

၉။ လျှပ်စစ်မီးဖို (၁၂၀၀ W) ၅၀ မိနစ်
လျှပ်စစ်မီးဖိုကို နေ့စဉ် ၁ ကြိမ် အသုံးပြုမယ်ဆိုရင် ၁ လမှာ ၃၀ ယူနစ် ကျသင့်ပါမယ်။ နေ့စဉ် ၂ ကြိမ် အသုံးပြုမယ်ဆိုရင် ၆၀ ယူနစ် ကျသင့်ပါမယ်။

ဝပ် ၁၀၀၀ က ၁ ယူနစ်နဲ့ ညီမျှပါတယ်။ မိမိအသုံးပြုသည့် လျှပ်စစ်ပစ္စည်းနှင့် ကြာချိန်ပေါ် မူတည်ပြီး ယူနစ်ဘယ်လောက်ကျသင့်မလဲဆိုတာ မိမိဘာသာ တွက်ချက်နိုင်ပါတယ်။

YESC


Read 418 times Last modified on Wednesday, 10 July 2019 03:59
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.