Monday, 08 July 2019 08:58

 

66395793_423269618267480_5476878880667074560_n.jpg

ယခုလို မိုးရာသီကာလတွင် လျှပ်စစ်အန္တရာယ်များ မကြာခဏ ဖြစ်ပွားတတ်ပါသည်။

ထို့ကြောင့် လျှပ်စစ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အောက်ပါအချက်များကို သတိပြုလိုက်နာသင့်ပါသည်။

(၁) ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ လဲကျ၊ ကျိုးကျနေခြင်းကို သတိပြုပါ။
(၂) လေမိုးထန်နေချိန်တွင် ဓာတ်အားလိုင်းများအနီး (သို့မဟုတ်) အောက်တွင် နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။
(၃) ဆားဗစ်ကြိုးများ လျော့ကျခြင်း၊ ပြုတ်ကျခြင်းများ ဖြစ်ပါက ကိုင်တွယ်ခြင်းမပြုပါနှင့်။
(၄) အိမ်တွင်းဆားဗစ် ဝါယာကြိုးများ နေအိမ်သွပ်မိုးများပေါ် တင်နေခြင်း၊ ထိနေခြင်းကို သတိပြုပါ။ ထိုသို့ ဖြစ်ပွားနေပါက လျှပ်စစ်ရုံးသို့ အကြောင်းကြားပါ။

YESC


Read 57 times Last modified on Tuesday, 09 July 2019 03:16
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.