Tuesday, 25 June 2019 03:12

 

64781169_465019460997070_1386718375782121472_n.jpg

သာကေတ ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်ထားသော 66 KV သာကေတ သီတာ-၁ ဓာတ်အားလိုင်းသည် သာကေတစက်ရုံ Switch Yard ၀န်းအတွင်း D/S ထိပ်တွင် Red Hot ဖြစ်မှု ဖြစ်ပေါ်ခဲ့ကြောင်း YESC မှ သိရသည်။


ထို့ကြောင့် သာကေတ သီတာ-၁ ဓာတ်အားလိုင်းကို ဇွန်လ ၂၅ ရက် ယနေ့ နေ့လည် ၁ နာရီအထိ ယာယီဓာတ်အားပိတ်၍ အရေးပေါ် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပြီး မြို့နယ် ၇ ခုတွင်ွယာယီဓာတ်အားပြတ်တောက်မှုများ ရှိမည် ဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်များ အဓိကစားပေးသင့်တဲ့ အစားအစာ (၁၀) မျိုး

အဆိုပါ မြို့နယ် ( ၇ ) မြို့နယ်မှာ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ လသာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်တို့ ဖြစ်သည်။


Read times Last modified on Tuesday, 25 June 2019 03:20
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.