Friday, 21 June 2019 16:42

IMG 20190621 231107

ဇွန်လ ၂၂ ရက်မှ စတင်ကာ ရန်ကုန်ရှိ မြို့နယ်များကို ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာမှ ထုတ်ပြန် ကြေညာလိုက်ပါသည်။

၂၀၁၉ ခုနှစ် ဧပြီလ တတိယပတ်မှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အလှည့်ကျ ၀န်အားလျှော့ချခြင်းများကို စတင် လုပ်ဆောင်ခဲ့ပြီး စုစုပေါင်း (၂) လခန့် ကြာမြင့်ခဲ့ပါသည်။

ဓာတ်အားသုံးစွဲမှု တိုးတက်များပြားလာခြင်း၊ ဓာတ်အား ထုတ်လုပ်မှု လျော့နည်းကျဆင်းလာခြင်း စသည်တို့ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး မြို့နယ်များအား အလှည့်ကျသာ လျှပ်စစ်မီး ပေးဝေနိုင်ခဲ့သည်။ 

ယခုအခါ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများအနေဖြင့် ဓာတ်အားပိုမိုထုတ်လုပ်ပေးနိုင်ပြီး ယခင်ကဲ့သို့ လျှပ်စစ်ဓာတ်အား ပုံမှန်ပြန်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများအတွင်း မဖြစ်မနေ ထိန်းသိမ်း ပြုပြင်ရမည့် အရေးပေါ် အခြေအနေမျိုး ပေါ်ပေါက်လာပါကလည်း ဓာတ်အားပိတ်ချိန် အနည်းဆုံးဖြင့်သာ ယာယီဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာနမှ အသိပေးထားသည်။

မေလအတွင်း ၆၀၀ မဂ္ဂါဝပ်မှ ၈၀၀ မဂ္ဂါဝပ်ခန့်ထိ ဝန်အားလျှော့ချမှု လုပ်ဆောင်ခဲ့ပြီး အဆိုပါ လျှပ်စစ်ဓာတ်အား ဖြတ်တောက်သည့် ကာလအတွင်း ပြည်သူများအနေဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရသည်။

YESC


Read times
Rate :
(4 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.