Monday, 10 June 2019 06:59

 

rainy_3.jpg

နေပူလိုက် မိုးရွာလိုက် ရာသီအကူးအပြောင်း ဖြစ်နေတတ်တဲ့ ယခုလို အချိန်အခါမျိုးမှာ နေထိုင်မကောင်း၊ ဖျားနာ၊ နှာပိတ်၊ နှာရည်ကျ ၊ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲ ဖြစ်တတ်ပါတယ်၊၊

ထိုသို့ ဖြစ်လာခဲ့ပါက အလုပ်ပျက်၊ ကျောင်းပျက် ဖြစ်သည်အထိ ဆိုးရွားစွာ ခံစားရပါတယ်၊၊

ဒါကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည် ဆိုသကဲ့သို့ နေမကောင်း မဖြစ်စေရန် အောက်ဖော်ပြပါ အချက်များကို သတိပြုသင့်ပါတယ်။

(၁) နှာစေး၊ ချောင်းဆိုး မဖြစ်ပွားစေရန် အပြင်ထွက်သည့်အခါ အကာအကွယ် တစ်ခုခု အမြဲယူသွားပါ။

(၂) အချိန်မရွေး နေပူ၊ မိုးရွာနိုင်သောကြောင့် ထီးအမြဲဆောင်ပါ။

(၃) မိုးမမိစေရန် ဂရုပြုနေထိုင်ပါ။ ရုံးသွား၊ ကျောင်းသွားသည့်အခါ အဝတ်အစားပိုများ ယူသွားပါ။ အကယ်၍ မိုးမိခဲ့ပါက ရေစိုဝတ်များနှင့် အကြာကြီးမနေဘဲ ရေခြောက်အောင်သုတ်ပြီး
      နွေးနွေးထွေးထွေးနေပါ။

(၄) ဖျားနာပါက ချက်ချင်း ဆေးကုသမှုခံယူပါ။

နိုင်ငံခြားဆေးအမျိုးမျိုး အရောင်းဆိုင်များ >>> http://bit.ly/2I7YPMs

(၅) ရေများများသောက်ပါ။ တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက် သောက်သင့်ပါတယ်။

(၆) ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန် အထူးသတိပြုပါ။

(၇) မသန့်ရှင်းသော အစားအစာ၊ ယင်နားစာ၊ မလတ်ဆတ်သော အသီးအနှံများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

Read More >>> မိုးတွင်းကာလတွင် ယာဉ်မောင်းသူများ သတိပြုလိုက်နာရမည့် အချက်များ

(၈) အစာမစားခင်နှင့် toilet အသုံးပြုပြီးတိုင်း လက်ကို စင်ကြယ်စွာ ဆေးကြောပါ။

(၉) ခြင်မကိုက်စေရန် ဂရုပြုနေထိုင်ပါ။


Read 58 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.