Friday, 07 June 2019 07:39

 

travel1.jpg

ခရီးတစ်ခုကို ပထမဆုံးအကြိမ် တစ်ယောက်ထဲသွားဖို့ ပြင်ဆင်နေတယ်ဆိုရင် မျှော်လင့်ချက်၊ မဝံ့မရဲဖြစ်ခြင်း၊ စိတ်လှုပ်ရှားမှု စတာတွေကို ခံစားနေရတတ်ပါတယ်။ ခရီးကို အခုမှစသွားဖူးသူ တစ်ယောက်အတွက်တော့ လမ်းခရီးမှာ ဘာတွေကြုံရမယ်၊ ဘာတွေမျှော်လင့်ထားရမယ်ဆိုတာ မသိနိုင်ပါဘူးနော်။

ခရီးသွားလမ်းညွှန် စာအုပ်တွေ ဝက်ဘ်ဆိုက်တွေ ရှိပေမယ့်လည်း လက်တွေ့ကြုံရတဲ့အရာတွေက ကွာခြားနေတတ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကတော့ ပထမဆုံးအကြိမ် ခရီးသွားသူတွေအတွက် အထောက်အကူပြုမယ့် Nomadic Matt ခရီးသွား ဝက်ဘ်ဆိုက်မှာ တွေ့ရတဲ့ ခရီးသွား အကြံပြုချက်လေးတွေကို မှီငြမ်းဖော်ပြထားတာ ဖြစ်ပါတယ်။

(၁) လမ်းညွှန်စာအုပ်ကိုပဲ အမြဲအားမကိုးနဲ့

ကြောက်လန့်မှုဆိုတာ ကြီးမားတဲ့ အဟန့်အတားတစ်ခုပါပဲ။ ကိုယ် မသိတဲ့ နယ်ပယ်ဒေသတစ်ခုကို သွားရောက်ရတာက စိုးရွံ့စရာပါ။ ဒါပေမယ့် ဒီလိုခရီးသွားရခြင်းမှာ သင်က ပထမ ဆုံးလူမဟုတ်သလို ဘယ်သူမှမနေဖူး၊ မသွားဖူးသေးတဲ့နယ်မြေကို သင်ရှာဖွေသွားလာနေတာလည်း မဟုတ်ပါဘူး။ ကိုယ်လေ့လာလို့ရတဲ့ ခရီးသွားဖူးသူတွေရဲ့ အကြံပြုချက်တွေ၊ လမ်းခရီးတလျှောက် သင့်ကို ကူညီမယ့် လူတွေ ရှိပါတယ်။ လူသန်းပေါင်းများစွာ ကမ္ဘာပတ်ပြီး နှစ်စဉ် ခရီးသွားလာနိုင်နေကြတယ်ဆိုရင် သင်လည်းသွားနိုင်ရမှာပေါ့။
လမ်းညွှန်စာအုပ်တွေဆိုတာ ခရီးရဲ့ယေဘုယျ အချက်အလက်တွေအတွက်သာ အသုံးဝင်ပြီး နောက်ဆုံးဖွင့်လှစ်တဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ နေရာတွေကို လမ်းညွှန်စာအုပ်ထဲမှာ သင်တွေ့ရမှာမဟုတ်ပါဘူး။ ဒီလိုနေရာတွေအတွက် ဒေသခံတွေကို ဆက်သွယ်မေးမြန်းတာဖြစ်ဖြစ်၊ အခြားခရီးသွားတွေ (သို့) တည်းခိုခန်းဝန်ထမ်း တစ်ယောက်ယောက်ကို မေးကြည့်တာက ပိုအဆင်ပြေမှာပါ။

(၂) ဖြေးဖြေးခရီးနှင်ပါ
ခရီးသွားတဲ့အခါ အားလုံးကို ကြည့်ချင်နေတတ်ပါတယ်။ ရက် ၂၀ အတွင်း မြို့ ၂၀ မြို့ကို အမြန်ဝင်ပြီး ဖြတ်သန်း လေ့လာချင်တာ (သို့မဟုတ်) ကန့်သတ်ထားတဲ့ အချိန်တိုလေးအတွင်းမှာ တွေ့သမျှနေရာတွေကို ခပ်မြန်မြန် လေ့လာချင်နေတတ်ကြပါတယ်။ ဒါတွေက နောက်ဆုံးတော့ ကိုယ်သွားခဲ့တဲ့ နေရာတွေနဲ့ ပတ်သက်ပြီး ဘာဗဟုသုတ အသိပညာမှ မရစေပဲ စိတ်ဖိစီးမှုတွေ၊ ရိုက်ထားခဲ့တဲ့ ဓါတ်ပုံတွေသာ အဖတ်တင်စေပါတယ်။ ဒါကြောင့် ခရီးကို မြန်မြန်မနှင်ပါနဲ့။ ပန်းခြံမှာ ခေတ္တအပန်းဖြေဖို့ (သို့မဟုတ်) ကော်ဖီဆိုင်တစ်ဆိုင် မှာ ဖြတ်သွားဖြတ်လာ ဒေသခံလူတွေ ကို လေ့လာဖို့ အချိန်ပေးပါ။ ဒါမှသာ မိမိသွားတဲ့ ဒေသရဲ့ ယဉ်ကျေးမှုကို နက်နက်နဲနဲ နားလည်နိုင်မှာဖြစ်သလို အတွေ့အကြုံ ဗဟုသုတ အားလုံးရနိုင်မှာ ဖြစ်ပါတယ်။

(၃) ခရီးသွားဖော်တွေရဲ့အဆက်အသွယ်ရယူပါ
လမ်းခရီးမှာ မိတ်ဆွေအများကြီး ရပါလိမ့်မယ်။ အချို့က သင့်ရဲ့ ရာသက်ပန်မိတ်ဆွေတွေ ဖြစ်လာပါလိမ့်မယ်။ သူတို့ဆီကနေ အဆက်အသွယ်၊ ဖုန်းနံပါတ်၊ လိပ်စာတွေ ယူမထားမိလို့ အမြဲ နောင်တရနေမိတဲ့အခါတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုမိတ်ဆွေတွေကို ခဏလေးနဲ့ မေ့မသွားဖို့အတွက် အဆက်အသွယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရယူထားပါ။

အဝေးပြေးကားလိုင်းများ >>> http://bit.ly/2MvTqCX

(၄) ပစ္စည်းဝန်ပိုမထမ်းမိပါစေနဲ့
ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ လူတိုင်းသွားချင်ပါတယ်။ စောင်တွေ၊ ခေါင်းအုံးတွေ၊ တဘက်တွေ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာစတာတွေကို ကိုယ်တည်းခိုမယ့် ဟိုတယ်က ဝန်ဆောင် မှုကောင်းကောင်း ပေးတတ်ပါတယ်။ ဒါကြောင့် ဒီလိုအရာတွေကို သယ်ဆောင်ခြင်းအားဖြင့် မိမိသွားတဲ့ ခရီးမှာ ဝန်မပိုစေဖို့ သတိပြုရပါမယ်။

(၅) ဖုန်းယူသွားပါ
လှုပ်လှုပ်ရှားရှား ခရီးသွားနေရတဲ့အချိန်မှာ Facebook ကနေ သူငယ်ချင်း မိတ်ဆွေတွေကို ဆက်သွယ်ရတာ ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတွေကို ဖုန်းခေါ်ဆိုခြင်း၊ စာပို့ခြင်းတွေနဲ့ အဆင်ပြေပြေ ဆက်သွယ်နိုင်ဖို့ Sim Card ပါတဲ့ ဖုန်းတစ်လုံး အမြဲဆောင်ထားပါ။

(၆) ငွေပို၊ ငွေလျှံယူသွားပါ
မိမိသွားမယ့်ခရီးစဉ်ရဲ့ ကုန်ကျစရိတ်တွေကို ကြိုတင်တွက်ပြီး အတိအကျ ယူဆောင်သွားတာက နောင်မထင်မှတ်ပဲ ငွေသုံးစရာကိစ္စ ပေါ်လာတဲ့အခါ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဘယ်လောက်ပဲ ကုန်ကျမယ့် စရိတ်တွေကို ကောင်းကောင်းတွက်ချက်ထားပါလေ့စေ မမျှော်လင့်ပဲ ငွေသုံးဖို့ လိုလာနိုင်တာကြောင့် အပိုသုံးငွေကို အနည်းနဲ့အများ ယူသွားပါ။

Read More >>> ပင်ပန်းတာတွေ ဖြေဖျောက်နိုင်မယ့် ရန်ကုန်မြို့ရဲ့ အပန်းဖြေစရာ နေရာ (၁၀) ခု

(၇) စွန့်စွန့်စားစား လုပ်ဆောင်ပါ

တောင်တက်တာ၊ ရေငုပ်တာ၊ ရေလွှာလျှောစီးတာတွေ စတဲ့ စွန့်စွန့်စားစား အားကစားတွေက မိမိကိုယ်ကို ယုံကြည်စိတ်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် စိန်ခေါ်ပြီး စွန့်စွန့်စားစား သွားလာရတဲ့ ခရီးတွေကို ကြိုးစားလုပ်ဆောင်ပါ။ ဒီအတွက် နောင်တစ်ချိန်မှာ သင်လုံးဝ နောင်တရမိမှာ မဟုတ်ပါဘူး။


Read 55 times Last modified on Friday, 07 June 2019 07:56
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.