Wednesday, 05 June 2019 05:06

 

air_corn.jpg

ရာသီဥတုက အမြဲပူနေတဲ့အခါ Air con ကို တနေကုန်ဖွင့်ထားရတော့ မီတာခပိုကုန်ပြီပေါ့။

ဒီတော့ အဲကွန်းလဲဖွင့် မီတာခလဲ သက်သာစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ညဘက်မှာ Air con ကို အရှိန်လျှော့ထားပါ။ lower mode (or) sleep mode လေးဖွင့်ထားပေးပါ။ ညဘက်ရောက်လေ အပူချိန် ကျလေဖြစ်တဲ့အတွက် မလိုအပ်ပဲ Air con ဖွင့်ထားခြင်း ရှောင်ပါ။

(၂) ရွှေ့ပြောင်းလို့ရတဲ့ Portable Air con (Air cooler) တွေသုံးပါ။ Indoor နှင့် Outdoor နှစ်ခုစလုံး မောင်းထားတာနဲ့ယှဉ်ရင် Portable Air con က မီးအား ၅၀ % သက်သာစေပါတယ်။

(၃) လေအေးထွက်နိုင်တဲ့ အပေါက်တွေ ပိတ်ထားပါ။ တံခါးပေါက်တွေ ဖွင့်ထားရင် အချိန်တော်တော်ကြာ အခန်းအပူချိန်မကျတော့ပဲ Air con ကိုလည်း ကြာကြာဖွင့်ထားရတာကြောင့် မလိုအပ်ပဲ စွမ်းအင်ဖြုန်းတီးရာရောက်ပါတယ်။

လေအေးပေးစက် ပြုပြင်ရောင်းဝယ်ရေး >>> http://bit.ly/2WbpI5T 

(၄) ပုံမှန် Servicing လုပ်ပါ။ ဖုန်၊ ၀ါယာကြိုး၊ ကွိုင် ၊လေစစ်ဇကာတွေကို စစ်ဆေးပေးပါ။ ပုံမှန်စစ်ဆေးခြင်းက သင့် Air con စွမ်းဆောင်ရည်ကောင်းပြီး စွမ်းအင်ကို ပိုချွေတာနိုင်မှာပါ။

(၅) 75 Degree *F က အခန်းအေးဖို့ အကောင်းဆုံးအနေအထားပါ များလည်မများသလို၊ အရမ်းကြီးလည်းမနည်းပါဘူး။ ပုံမှန်အနေအထားနဲ့လည်ပတ်နေတဲ့အတွက် စွမ်းအင် အသုံးပြုမှုကလည်း ပုံမှန်ပါပဲ။

(၆) မီးအလင်းရောင်နဲ့ နေထိုးနေတဲ့ ပြတင်းပေါက်တွေ ကိုပိတ်ထားပါ။ အပူချိန်တွေများတော့ Air con က အချိန်ကြာကြာပိုမောင်းရပါတယ်။ အလင်း နှင့် အပူက အအေးဓာတ်ကို လျော့ပါးစေပါတယ်။

(၇) လူမရှိပဲ Air con ကိုမဖွင့်ပါနဲ့။ မလိုအပ်ပဲ ဖွင့်ထားတာက မလိုအပ်ပဲ ကုန်ကျစရိတ်တွေ ပိုများစေပါတယ်။

Read More >> ဇွန်လ ၆ ရက်နေ့မှ စတင်၍ ရုံတင်ပြသမည့် ဇာတ်ကားများ

(၈) ပန်ကာ (Fan Mode) သုံးပေးပါ။ ပန်ကာကလည်း လေလှည့်ပတ်မှုကို အထောက်အကူပြုစေပါတယ်။ အရမ်းမပူတဲ့အချိန်မှာ ပန်ကာသုံးခြင်းက ပိုအဆင်ပြေပါတယ်။ ပန်ကာ (Fan Mode) အတွက် မီးအားက Air con ၁ ယူနစ် ထက်ပိုနည်းပါတယ်။

Source : Zeddite


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.