Tuesday, 30 April 2019 06:36

 

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ပျောက်ဆုံးလာတဲ့ပစ္စည်းတွေ အများကြီးရှိလာပါတယ်။ နည်းပညာမြင့်လက်ကိုင်ဖုန်းတွေ ပေါပေါများများသုံးလာနိုင်ပြီးတဲ့နောက်မှာ ပြက္ခဒိန်၊ နာရီ စတဲ့ပစ္စည်းတွေကို သီးသန့်ဝယ်သုံးသူတွေ နည်းလာတာ အားလုံးမျက်မြင်ပါပဲဖြစ်ပါတယ်။

ဒါကြောင့် နောင် ၁၀နှစ်ကျော်အတွင်းမှာ အသုံးပြုသူမရှိလောက်တော့မယ့် ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

telephone.jpg

(၁) ကြိုးဖုန်း
ကြိုးဖုန်းတွေကို လုပ်ငန်းခွင်တွေမှာ အသုံးပြုနေဆဲဆိုပေမယ့် နောက် ၁၀နှစ်မှာဆိုရင်တော့ ဆက်ပြီးသုံးဖို့မသေချာတော့ပါဘူး။ အမေရိကန်နိုင်ငံမှာတောင် ကြိုးဖုန်းကို အသုံးပြုနေဆဲဖြစ်တဲ့လူဦးရေဟာ ၄၂ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့ သိရပါတယ်။

alarm_clock.jpg

(၂) နှိုးစက်
အရင်ကတော့ နှိုးစက်တွေဟာ အိမ်တိုင်းမှာအရေးပါတဲ့ပစ္စည်းတခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ လူတိုင်းနီးပါးဟာ စမတ်ဖုန်း ကိုင်လာနိုင်ပါပြီ။ စမတ်ဖုန်းမှာပါတဲ့ နှိုးစက်စနစ်ဟာ ရွေးချယ်စရာတွေများလွန်းတာကြောင့် နှိုးစက်ကို သီးသန့်အသုံးပြုသူ နည်းပါးလာပါပြီ။

dvd.jpg

(၃) DVD စက်
ရုပ်ရှင်အဟောင်းတွေကို ကြည့်ဖို့နဲ့ အမှတ်တရဗီဒီယိုတွေကို ကြည့်ဖို့လောက်ပဲအသုံးဝင်တော့တဲ့ DVD စက်တွေဟာ နောက် ၁၀နှစ်မှာ ရှိဖို့မသေချာတော့ပါဘူး။ Netflix လိုမျိုး ရုပ်သံလိုင်းတွေပေါများလာတဲ့အပြင် ရုပ်ရှင်တွေကိုလည်း Download ဆွဲပြီးတော့ ကြည့်တာများလာကြပြီ ဖြစ်ပါတယ်။

photo_album.jpg

(၄) ဓာတ်ပုံ အယ်လ်ဘမ်
အရင်ကတော့ ဓာတ်ပုံရိုက်ပြီးရင် ဓာတ်ပုံဆရာက ဓာတ်ပုံပေးမယ့်နေ့ကို စောင့်မျှော်ရပြီး ရလာတဲ့အခါမှာ အယ်လ်ဘမ်ထဲမှာ တရိုတသေသိမ်းလေ့ရှိကြပေမယ့် အခုအချိန်မှာတော့ ဖုန်းနဲ့ပဲဓာတ်ပုံရိုက်ကြတာဖြစ်လို့ ဓာတ်ပုံအယ်လ်ဘမ်တွေဟာ နေရာပျောက်သလို ဖြစ်နေပါပြီ။

mp3_player.jpg

(၅) MP3 players
ငယ်ငယ်က MP3 players ထဲကို သီချင်းတွေသွင်းဖို့ ဆိုင်သွားခဲ့ရပြီး နားကြပ်နဲ့နားထောင်ရင်း ပျော်ခဲ့ကြရပါတယ်။ ဖုန်းတွေ အဆင့်မြင့်လာတဲ့နောက်ပိုင်းမှာ လူတော်တော်များများဟာ Youtube စတဲ့ နေရာတွေကပဲ သီချင်းတွေကို တိုက်ရိုက်နားထောင်ကြသလို အခုအချိန်မှာဆိုရင် သီချင်းတွေကို စိတ်ကြိုက် Download ဆွဲပြီး နားထောင်လို့ရတဲ့ Streaming Applications တွေကိုသာ အသုံးပြုကြလာပါတော့တယ်။

 

Source: Irrawady


Read times
Rate :
(0 votes)

3 comments

  • Colby Lillywhite
    Comment Link

    Very interesting article here. thanks for sharing!

    Sunday, 18 August 2019 07:48 posted by Colby Lillywhite
    Report
  • bitcoin hack 2018 software free download
    Comment Link

    Whats up! I just wish to give a huge thumbs up for the nice info you've right here on this post. I will be coming again to your weblog for extra soon.

    Saturday, 17 August 2019 09:52 posted by bitcoin hack 2018 software free download
    Report
  • xoracle csgo hack
    Comment Link

    Do you have a spam issue on this website; I also am a blogger, and I was wanting to know your situation; we have developed some nice practices and we are looking to swap solutions with other folks, please shoot me an e-mail if interested.

    Saturday, 17 August 2019 01:03 posted by xoracle csgo hack
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.