Monday, 29 April 2019 12:31

အသီးအနှံတွေကို ကြာကြာသိုလှောင်ထားချင်တယ်၊ ဒါပေမဲ့ ရေခဲသေတ္တာက မရှိဘူး ဖြစ်နေရင် စိတ်မပူပါနဲ့။ အိုးလေး (၂) လုံးနဲ့ ရေခဲသေတ္တာလုပ်တဲ့ နည်းလေးကို ပြောပြပေးချင်ပါတယ်။

သီးနှံတွေကို မညှိးနွမ်းစေပဲ ရက်ပေါင်း ၂၀ လောက် ထားနိုင်တဲ့အတွက်ကြောင့် လျှပ်စစ်မီးမရသေးတဲ့ ကျေးလက်ဒေသတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။

" မြေအိုးရေခဲသေတ္တာ ပြုလုပ်နည်း "

၁။ အရွယ်မတူတဲ့ မြေအိုး ၂ လုံး
၂။ သဲနဲ့
၃။ ရေပဲ လိုအပ်ပါတယ်။

2

ပထမဦးဆုံး မြေအိုးအကြီးထဲကို မြေအိုးသေးထည့်ပါ။
အိုး ၂ အိုးကြားထဲကို သဲထည့်ပါ။ 
နောက် သဲထဲကို ရေလောင်းထည့်ပါ။
သီးနှံတွေကို အိုးအသေးထဲ ထည့်ပြီး အပေါ်ကနေ ရေစို အ၀တ်အုပ်ပါ။
ရေခြောက်သွားလျှင် ရေထပ်ဖြန်းပေးပါ။

ရေတွေ အပြင်ကို အငွေ့ပြန်သွားတဲ့အခါ အထဲက အပူကိုပါ စုပ်ယူပြီးသွားစေတာပါ။ ဒါကြောင့် အထဲမှာ အေးကျန်ခဲ့ပါတယ်။ ဒါဆိုရင် သီးနှံတွေ ရက်ပေါင်းများစွာခံတဲ့ Pot in Pot Refrigerator တစ်ခု ရရှိပါပြီ။

ဒီနည်းလမ်းကို စဉ်းစားမိတဲ့သူကတော့ Mohammed Bah Abba ဆိုသူဖြစ်ပြီး အခုဆိုရင် ဒီမြေအိုးရေခဲသေတ္တာလေးကြောင့် ချမ်းသာသူတစ်ဦး ဖြစ်နေပါပြီ။

Source: Shared Myay - ရှယ်မြေ


Read 78 times Last modified on Monday, 29 April 2019 12:38
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.