Monday, 22 April 2019 08:42

fri_hug.jpg

 

မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်တာဟာ အားကောင်းတဲ့ရင်းနှီးမှုကိုဖော်ပြတဲ့နည်းလမ်းတခုလို့ ဆိုနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိမှသာ ဖက်ဖို့အတွက်အဆင်ပြေမှာလည်း ဖြစ်ပါတယ်။

ထိုသို့ ပွေ့ဖက်တဲ့အချိန်တွေမှာ ခန္ဓာကိုယ်က Oxytocin ကို ထုတ်ပေးတဲ့အတွက် ပျော်ရွှင်ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာကောင်းကျိုးတွေကို ရနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် မိတ်ဆွေအချင်းချင်းဖက်ခြင်းကြောင့် ရလာမယ့် ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁)အထီးကျန်မှုကို ပြေပျောက်စေခြင်း

မိတ်ဆွေတွေတွေ့တဲ့အခါ ရင်းရင်းနှီးနှီးဖက်ခြင်းဟာ အထီးကျန်မှုကိုပြေပျောက်စေတယ်လို့ သိရပါတယ်။ ရက်ရှည်အိပ်မပျော်တဲ့ဝေဒနာကို ခံစားနေရသူတွေအနေနဲ့ ဖက်လုံးခပ်လေးလေးတစ်လုံးကိုဖက်ပြီး အိပ်မယ်ဆိုရင် အထီးကျန်တာတွေကို အနည်းနဲ့အများသက်သာနိုင်ပြီး အိပ်ပျော်လာနိုင်တယ်လို့ ကုထုံးတွေအရ သိရပါတယ်။


(၂)ကြောက်စိတ်ကို လျော့ချနိုင်ခြင်း

လူသားတယောက်အနေနဲ့ လူတိုင်းဟာ သေရမှာကိုသိပြီး လက်ခံထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ရုတ်တရက်တွေ့ကြုံလာရတဲ့ ဘေးနဲ့ ကြုံတွေ့ရင်တော့ အနည်းနဲ့အများဆိုသလို ကြောက်ရွံကြတာချည်း ဖြစ်ပါတယ်။ ဒီလို ကြောက်စိတ်တွေဖြစ်ပေါ်နေချိန်မှာ တစ်ယာက်နဲ့ တစ်ယောက်ဖက်လိုက်ခြင်းဟာလည်း ကြောက်စိတ်ကိုလျော့ချပေးနိုင်တယ်လို့ သိရပါတယ်။

hugggg.jpg


(၃)အစားအလွန်အကျွံစားခြင်းကို လျော့ချပေးခြင်း

လူတော်တော်များများဟာ စိတ်ညစ်တဲ့အခါမှာ စိတ်ညစ်မှုကိုပြေပျောက်သွားစေဖို့အတွက် အစားစားခြင်းနဲ့ စိတ်ကိုဖြေသိမ့်လေ့ရှိကြပါတယ်။ အစားစားလိုက်တဲ့အခါ ခန္ဓာကိုယ်ကထုတ်ပေးတဲ့ ပျော်ရွှင်မှုမျိုးကို ဖက်ခြင်းကြောင့်လည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးတာတွေ စိတ်ညစ်တာတွေများတဲ့အချိန်မှာ တစ်ယောက်ယောက်ကိုဖက်ခြင်းက အကောင်းဆုံးကုသနည်းပဲ ဖြစ်ပါတယ်။


(၄)ချစ်ခြင်းကို ခိုင်မြဲစေခြင်း

မြန်မာနိုင်ငံကမိဘတော်တော်များများဟာ သားသမီးတွေကြီးပြင်းလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖော်ကို ချစ်ကြောင်းပြတာတွေ လျော့နည်းလာပါတယ်။ တကယ်တော့ ကိုယ့်ရဲ့လက်တွဲဖော်ကို ချစ်ကြောင်းပြောတာဟာ ရှက်စရာမဟုတ်တာကို နားလည်ဖို့လိုပါတယ်။ ဒီလို ချစ်ခြင်းတရားကိုဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းကတော့ တစ်ယောက်နဲ့ တစ်ယောက်ဖက်တာပဲ ဖြစ်ပါတယ်။ ဒီလိုဖက်ခြင်းကြောင့် စိတ်ချင်းနီးကပ်မှုတွေဖြစ်စေပြီး ချစ်ခြင်းကိုလည်း ပိုမိုခိုင်မြဲစေပါတယ်။

Source: Irrawady


Read 45 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.