Friday, 08 February 2019 10:15

    bookstreet

    ရန်ကုန်စာအုပ်လမ်းက စနေ-တနင်္ဂနွေ စာအုပ်စတုဒီသာ အစီအစဉ်

    ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေဖွံဖြိုးတိုးတက်ရေးအစီအစဉ်အရ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့ရဲ့  ကူညီပံ့ပိုးမှုနဲ့ စာအုပ်ဆိုင်ခန်း ၁၀၀ ခန့်ကို အပတ်စဉ်
    စနေ-တနင်္ဂနွေနေ့များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သိမ်ဖြူလမ်းမပေါ်တွင်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ရန်ကုန်စာအုပ်လမ်း၏ အပတ်စဉ်အစီအစဉ်အနေနဲ့

    -ဖေဖော်ဝါရီ ၉ ရက်နေ့ နေ့လည် ၁ နာရီမှာ စာရေးဆရာ ဟိန်းလတ် ရဲ့ စာပေစကားဝိုင်းအစီအစဉ်၊

    -ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက် ၁၀ နာရီမှာ Save the Library and Public Librarians Support Group တို့က ကျောင်းစာကြည့်တိုက်နှင့် ပြည်သူ့စာကြည့်တိုက် ၅၀ အတွက်
    Big Bag Wolf စာအုပ်ပွဲမှ အလှူခံရရှိသောစာအုပ်များအား ၁သိန်းဖိုးစီ လှူဒါန်းခြင်းနှင့် စာကြည့်တိုက်မှူးဆုချီးမြှင့်ခြင်းအစီအစဉ်၊

    -နေ့လည် ၂ နာရီမှာ ရုပ်ရှင်သရုပ်ဆောင် စည်သူမောင် ကပါဝင်ကူညီပြီး Quality Publishing House နှင့် ဆုပြည့်စုံထွန်းစာပေတို့မှ ထုတ်ဝေထားသော နာမည်ကြီးစာအုပ်ကောင်းများကို
    ထိုက်တန်စွာ လက်ဆောင်ပေးမယ့် မေးကြည့်ဖြေကြည့် စာအုပ်ပဟေဋ္ဌိ အစီအစဉ်တွေကိုပြုလုပ်သွားမှာဖြစ်ပါတယ်။

    ဒါ့အပြင် စာအုပ်လမ်းသို့ လာရောက်ကြမယ့်စာဖတ်သူတွေကို တစ်ယောက်လျှင် တစ်အုပ်နှုန်းနဲ့ စာအုပ်အုပ်ရေ ၁၀၀၀ ကို စနေ-တနင်္ဂနွေ နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ
    ဝေပေးသွားမယ့် စာအုပ်စတုဒီသာအစီအစဉ်တွေ ကိုလည်း ပြုလုပ်သွားမှာဖြစ်တာကြောင့် စာပေချစ်မြတ်နိုးသူများအနေနဲ့ လာရောက်လေ့လာဖြေဆို ၀ယ်ယူနိုင်ပါတယ်။

    Source: ကြေးမှုံသတင်းစာ


    Read 13 times
    Rate :
    (0 votes)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.