Wednesday, 16 January 2019 10:20

Relationship-Advice-for-Women.jpg

Relationship တစ်ခုနဲ့ပက်သက်လို့မေးခွန်းတွေအများကြီးပါ။

သင့်ရဲ့ relationship ကဘယ်လောက်ကြာအောင် ခိုင်မြဲမလဲ၊ လက်ရှိချစ်သူကရော လက်တွဲဖော်အစစ်အမှန်လား၊ ပျော်ရွှင်စရာကောင်းပြီးရေရှည်ခိုင်မြဲတဲ့ relationship ဖြစ်နိုင်မလားဆိုတာခန့်မှန်းရတာမလွယ်ပါဘူး။ဘယ် relationship မှာမဆိုအဆင်မပြေတာတွေရှိနေမှာပါ။

အဲ့ဒီအထဲကမှဒီလိုစုံတွဲမျိုးကတော့ ရေရှည်မှာတည်မြဲတဲ့ဆက်ဆံရေးတွေရနိုင်မှာပါ။

(၁) နားလည်ခွင့်လွှတ်ခြင်း

နားလည်မှုလွဲတတ်တာကတော့စုံတွဲတိုင်းမှာရှိတတ်တဲ့ပြဿနာတစ်ခုပါပဲ။ဒါကတကယ်တမ်းတော့မထူးဆန်းပါဘူး။ဆက်ဆံရေးအဆင်ပြေတဲ့စုံတွဲတွေက တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ဖို့ဆိုတာထက်ပြဿနာကိုဖြေရှင်းဖို့ကြိုးစားတတ်သူတွေပါ။အဆင်မပြေမှုတွေကို မြန်မြန်ဆန်ဆန်ငြှိနှိုင်းနိုင်တယ်ဆိုတာနားလည်မှုများတဲ့စုံတွဲတွေမှာရှိတဲ့အချက်တွေပါ။

(၂) စိတ်လှုပ်ရှားစရာactivitiesတွေအတူတူလုပ်ခြင်း

ဝါသနာအသစ်တွေ စွန့်စားရတဲ့ခရီးအတူသွားတာမျိုးတွေကိုလုပ်တာကလည်း ကောင်းတဲ့အချက်ပါပဲ။စိတ်လှုပ်ရှားစရာ activites တွေကိုအတူတူလုပ်ရင်းနဲ့စိတ်ကို ကြည်လင်လန်းဆန်းစေသလို ရင်းနှီးမှုကိုပိုတိုးစေမှာပါ။

(၃) ယုံကြည်မှု

ယုံကြည်မှုဟာရေရှည်လက်တွဲမဲ့သူတွေအတွက်အရမ်းကိုအရေးပါတယ်ဆိုတာအထွေအထူးပြောနေစရာမလိုပါဘူး။တစ်ယောက်ကိုတစ်ယောက်အပြည့်အဝယုံကြည်ထားတဲ့စုံတွဲတွေဟာအချင်းချင်းလျှို့ဝှက်ချက်ဆိုတာမရှိပါဘူး။

(၄) အနာဂတ်ရည်မှန်းချက်

ချစ်သူစုံတွဲတွေမှာ ဝါသနာတွေအကြိုက်တူတာတွေရှိရင်တော့ကောင်းပါတယ်။ဒါပေမဲ့လည်း အနာဂတ်အတွက် အကောင်းဆုံးဖြစ်စေဖို့ရည်မှန်းချက်တွေကတူနေမယ်ဆိုရင်တော့ အဲ့ဒီလို relationship တွေကခိုင်မြဲပါတယ်။

(၅) အားနည်းချက်

လူတိုင်းမှာ အားသာချက်အားနည်းချက်တွေရှိပါတယ်။ကိုယ့်အားနည်းချက်ကို သိသွားတာကြောင့် ငြင်းပယ်ခံရမှာစိုးပြီး Relationship တွေမှာ ကိုယ့်အားနည်းချက်ကို မပွင့်လင်းတာမျိုးတွေရှိတတ်ပါတယ်။အားနည်းချက်တွေကိုပွင့်ပွင့်လင်းလင်းသိမြင်ပြီး နားလည်လက်ခံနိုင်သူတွေက ရေရှည်ခိုင်မြဲတဲ့စုံတွဲတွေမှာရှိတတ်တဲ့အချက်ပါပဲ။

Credit;we.com.mm


Read 66 times Last modified on Wednesday, 16 January 2019 10:34
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.