Friday, 22 September 2017 09:11

    Volume 2 Issue 26 30
    ဆရာ မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)

    ခုနစ်ရက်သားသမီးတို့အတွက် ဗေဒင်ယတြာ
    ၂၀၁၇ စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာလ ၅ ရက်အတွင်း

    တနင်္ဂနွေသားသမီးများ
    အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ အလုပ်တွေ ချဲ့သင့်၊ တိုးသင့်၊ အရှိန်မြှင့်သင့်တဲ့ အချိန်ပါပဲ။ ကံတရားက ကိုယ့်ကို မျက်နှာပေးတဲ့ကိန်း ဖြစ်ပါတယ်။ စပ်တူကိစ္စ၊ စာချုပ်ကိစ္စတွေတော့ သတိထားပါ။ ကိုယ်တိုးတက် အောင်မြင်လာတဲ့အပေါ် မနာလို အပြိုင်အဆိုင်တွေလည်း ပေါလာမယ်။ အမှုနဲ့ပတ်သက် ရတတ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးများ မရေမရာ ဖြစ်တတ်ပါတယ်။ ဆုံးရှုံးမလိုဖြစ်နေတဲ့ ရွှေ၊ ငွေ၊ ပစ္စည်း၊ အခွင့်အရေးများ ပြန်ရတတ်တယ်။  ပြဿနာဟောင်း၊ ရောဂါဟောင်းများ ပြန်ပေါ်လာတတ်။ အလုပ်တိုင်း၊ နေရာတိုင်းမှာ ကူညီမစမယ့် သူများနေတတ် တယ်။ အချစ်ရေး ကံကောင်းနေတတ်။  အဖြူ၊ အစိမ်း၊ အနီ များများဝတ်ပါ။ ဆီး၊ သွေး၊ ဗိုက်၊ အစာမှား၊ ဆေးမှား နဲ့ပက်သက်တဲ့ ရောဂါတွေ သတိထားပါ။ ထီထိုးလျှင် ၃၊ ၅ များများပါအောင်ထိုးပါ။

    တနင်္လာသားသမီးများ
    စပ်တူကိစ္စ စာချုပ်လုပ်ငန်းတွေ အောင်မြင်မယ်။ ဆိုင်သစ်၊ အိမ်သစ်၊ နေရာသစ်ကိစ္စတွေ အောင်မြင်မယ်။ မထင်မှတ်ဘဲ နိုင်ငံခြား၊ လူမျိုးခြား၊ အဆက်အသွယ် အကူအညီ ပေါ်လာတတ်ပါတယ်။ အနီးကပ်လူရင်းထဲက သစ္စာ ဖောက်သွားတတ်တယ်။ အလှူ မင်္ဂလာကိစ္စ၊ မြေကိစ္စ၊ ဖုန်းကိစ္စများ အဆင်မပြေမှု များမယ်။ ငွေကိစ္စ၊ ပစ္စည်းကိစ္စ၊ အရောင်းအဝယ် ကိစ္စတွေမှာလည်း တေ့လွဲလေးတွေ လွဲနေတတ်ပါတယ်။ ဘာမဆို၊ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်သင့်တဲ့ အချိန်ပါပဲ။ ခြေထောက်၊ ခါး၊ ဗိုက်၊ ကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ အိမ်ထောင်ရှင်များ ချစ်တရေးနိုး ကာလဖြစ်ပါတယ်။ အညိုရောင်၊ အနက်ရောင်တွေ ကံကောင်းစေပါတယ်။ ထီထိုးမယ်ဆိုရင်  ၈၊ ၂  အတွဲလိုက်စတဲ ဂဏန်းဟာ သင့်ကို အကျိုးပေးပါလိမ့်မယ်။

    အင်္ဂါသားသမီးများ
    မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စာချုပ်ချုပ်ရမယ့် ကိစ္စတွေလည်း အဆင်ပြေမယ်။ ပြည်တွင်း၊ ပြည်ပ ခရီး ကောင်း များကြုံနိုင်တဲ့ အချိန်ပါပဲ။ ငွေကံကောင်းနေမယ်။ အလှူအတန်း၊ မင်္ဂလာကိစ္စတွေနဲ့ ပတ်သက်ရတတ်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ လျှပ်စစ်ကိစ္စ၊ အိမ်နေရာ ကိစ္စတွေမှာတော့ ဆန္ဒမစောသင့်ပါဘူး။ စက်ပစ္စည်း၊ ဆိုင်ခန်း၊ မြေ၊  အမွေ၊ ဖုန်းကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။ ပညာရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ အထူးကောင်းပါတယ်။ လေထိုး လေအောင့်၊ နှလုံး၊ ဒူး၊ နား သတိထားသင့်ပါတယ်။ အချစ်ရဲ့ ကြည်နူးစရာအကောင်းဆုံး ကာလဖြစ်ပါတယ်။ အညိုရောင်၊ အဖြူရောင်တွေ ကံကောင်းစေပါတယ်။ ထီဝါသနာပါရင် ၆၊ ၄ အတွဲလိုက် ရှေ့မှာစတဲ့ ထီနံပါတ်ကိုရှာပြီး ထိုးပါလေ။

    ဗုဒ္ဓဟူးသားသမီးများ
    အိမ်ဆောက်ပစ္စည်း၊ အုတ်၊ သစ်၊ သံ၊ သွပ်၊ အသီးအနှံ၊ ရေထွက်ကုန်၊ ခရီးသွားလုပ်ငန်းတွေ အကျိုးပေးမယ့်အချိန် ဖြစ်ပါတယ်။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေးကိစ္စများ ဆုံးဖြတ်ရခက်နေမယ်။ ဒီရက်တွေအတွင်းမှာ အစစအရာရာ သတိကြီးစွာ ထားဖို့လိုပါတယ်။ ကိုယ့်ကိစ္စ မဟုတ်ရင်လည်း သူတစ်ပါးကိစ္စမှာ ကြားညပ်တတ်ပါတယ်။ ဆီး၊ မျက်စိ၊ နား၊ နှားခေါင်း၊ အစာအိမ် ဒုက္ခပေးတတ်ပါတယ်။ ခရီးကံ အလွန်ကောင်းသော အချိန်ဖြစ်ပါတယ်။ အိမ်ကိစ္စ၊ အဖိုးတန်ပစ္စည်း ဝယ်ရောင်းကိစ္စတွေ အောင်မြင်မယ်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ဖက်ရဲ့ သတင်းကောင်းကြားရတတ်ပြီး ချစ်သူရည်းစားများ အတွက်တော့ ဝေးလေကောင်းလေဆိုတဲ့ ကိန်းမျိုး ဖြစ်နေပါတယ်။ ခြေထောက်၊ ခါး၊ ဆီး နဲ့ ပတ်သက်တဲ့ ရောဂါတွေ သတိထားသင့်တယ်။ ထီဝါသနာပါရင် ၆၊ ၇ အတွဲလိုက်ပူးနေတဲ့ ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။      

    ကြာသပတေးသားသမီးများ
    ရွှေ၊ ရတနာ၊ အဖိုးတန်စင်ပစ္စည်းများ၊ အထည်အလိပ်၊ ထီး၊ ဖိနပ်၊ နာရီများ ဝင်လာတတ်တယ်။ စိတ်ရှည်ရှည် ခေါင်းအေး အေးထားပြီး တိုင်တိုင်ပင်ပင် လုပ်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ အထင်လွဲစွပ်စွဲခံရတာ၊ ပြဿနာကြားညပ်တာမျိုးတွေ ကြုံရတတ်တယ်။ နေရာထိုင်ခင်း အဆောက်အဦးကိစ္စများ မတင်မကျဖြစ်နေမယ်။ အလုပ်တွေ တအားလုပ်ရပြီး ငွေကျပ်နေမယ်။ ဘယ်လုပ်ငန်းကိုမှ ကြီးကြီးမားမား မချဲ့သင့်သေးပါဘူး။ လူမျိုးခြား၊ ဘာသာခြား ကူညီမစတတ်တယ်။ မိတ်ဆွေရင်း၊ ဆရာရင်းတွေရဲ့ အကူအညီကောင်းများလည်း ရတတ်။ ရစရာ ပေးစရာငွေများ ထစ်ငေါ့နေတတ်တယ်။ ငွေအတွက် စိတ်ပူရတတ်တယ်။ နှလုံးသားရေးကြား လူနှောင့်ယှက်တတ်တယ်။ စိတ်သောကရောက်ရတတ်။ အိမ်ထောင်ရေး မျက်နှာကြော မတည့်ဖြစ်နေတတ်။ အဝါရောင်၊ အနက်ရောင် များများဝတ်ပါ။ ခြေထောက်၊ ခါး၊ သွေးသားနဲ့ ပတ်သက်တဲ့ ရောဂါများ သတိထားပါ။ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းများဝင်လာလျှင် ထီထိုးပါ။ ၉၊ ဝ များများပါအောင် ထိုးပါ။

    သောကြာသားသမီးများ
    သတင်းကောင်းများလည်း ကြားရတတ်တယ်။ အောက်လက်ငယ်သား၊ စက်ပစ္စည်းများ၊ စာရွက်စာတမ်း၊ စပ်တူရှယ်ယာ ကိစ္စများ စိတ်ညစ်ရတတ်။ နာမည်ဂုဏ်သတင်း တက်စရာတွေ ကြုံမယ်။ ရာထူးနေရာ အခွင့်အရေးတွေ ကြုံရတတ်ပါတယ်။ နိုင်ငံခြား၊ လူမျိုးခြားကိစ္စတွေလည်း အကျိုးထူးမယ်။ ခရီးကောင်းတွေလည်း သွားရတတ်ပါတယ်။ အလုပ် အခြေအနေ တိုးတက်အံ့။ အထည်အလိပ်၊ ထီး၊ ဖိနပ် လက်ဆောင်ရတတ်။ မထင်မှတ်ဘဲ သတင်းကောင်းများ ကြားရတတ်တယ်။ နှလုံးသားရေး ကံကောင်းအံ့။ အိမ်ထောင်ရေး ကတောက်ကဆ အချို့ ရှိနေအံ့။ အဖြူရောင်၊ အနက်ရောင် များများဝတ်ပါ။ ဝမ်းဗိုက်၊ လေ၊ လက်၊ လည်ပင်းနဲ့ပက်သက်တဲ့ ရောဂါများ သတိထားပါ။ ကြက်ခွပ်၊ ကားတိုက်၊ နတ်ကနား နိမိတ်များ တွေ့လျှင် ထီထိုးပါ။ ၈၊ ၃များများပါအောင်ထိုးပါ။

    စနေသားသမီးများ
    မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ အထည်၊ ထီး၊ ဖိနပ်၊ ဓါတ်ပုံ၊ လျှပ်စစ်ပစ္စည်း လုပ်ငန်းတွေမှာတော့ တိုးချဲ့ပြီးလုပ်သင့်ပါတယ်။ အလုပ်တွေလုပ်ရပြီး ငွေမြုပ်နေတတ်တဲ့ ကိန်းမျိုးဖြစ်ပါတယ်။ ဝန်ထမ်း၊ ရာထူး၊ နိုင်ငံခြားကိစ္စတွေမှာတော့ အထူး ကောင်းပါတယ်။ အထင်လွဲစွပ်စွဲခံရတာ၊ ပြဿနာကြားညပ်တာမျိုးတွေ ကြုံရတတ်တယ်။ နေရာထိုင်ခင်း အဆောက်အဦး ကိစ္စများ မတင်မကျဖြစ်နေမယ်။ ပြည်တွင်းခရီး၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှုအလုပ်တွေမှာ အလွဲအချော်များနေမယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူ ရည်းစားများအနေနဲ့ လမ်းခွဲရမတတ်ဖြစ်တာ၊ ခွဲခွာနေရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အမှားအယွင်း၊ အထိအခိုက်မခံတဲ့ ကာလဖြစ်ပါတယ်။ အမှိုက်ကစ ပြသာဒ်မီးလောင်တတ်ပါတယ်။ အကြောအဆစ်၊ အစာမှားဆေးမှား၊ သွား၊ သွေး၊ ကျန်းမာရေး သတိထားဖို့ လိုပါတယ်။ အနက်ရောင်၊ အစိမ်းရောင်တွေ ကံကောင်းစေပါတယ်။ ထီဝါသနာပါရင်  ၁၊ ၂ ပူးနေတဲ့ဂဏန်း ရှေ့ကထားပြီးထိုးပါ။


    Read 333 times Last modified on Friday, 22 September 2017 09:20
    Rate :
    (1 Vote)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.