Friday, 08 September 2017 10:59

    Volume 2 Issue 01 29
    ဆရာ မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)

    ခုနစ်ရက်သားသမီးတို့အတွက် ဗေဒင်ယတြာ
    ၂၀၁၇ စက်တင်ဘာလ ၈ ရက်မှ စက်တင်ဘာလ ၂၁ ရက်အတွင်း

    တနင်္ဂနွေသားသမီးများ
    ရည်ရွယ်ထားသမျှ ရဲရဲလုပ်ပါ။ လုပ်တာက နည်းနည်း အောင်မြင်တာများများ ဆိုတဲ့ကာလပါပဲ။ ဘာသာရေးအလုပ်၊ ပညာရေးအလုပ်၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားကိစ္စတွေ အထူးကောင်းပါတယ်။ စပ်တူရှယ်ယာကိစ္စတွေလည်း အောင်မြင်မယ်။ မြေ၊ ဖုန်း၊ ဆိုင်၊ စက် ကောင်းသောဝင်ခြင်းများ ကြုံမယ်၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ပဲ၊ ပြောင်း၊ အင်္ဂါနံ၊ ကြာသပတေးနံအလုပ်တွေ အကျိုးပေးမယ်။ ငွေကံလည်း ကောင်းနေပါတယ်။ ဘာသာရေး လုပ်လေလေ ကံကောင်းလေလေ ကိန်းမျိုးပါပဲ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ကောင်းသောခွာခွဲခြင်း ကြုံရတတ်ပါတယ်။ အဖြူရောင်၊ အဝါရောင်တွေ ကံကောင်းစေပါတယ်။ လေထိုး၊ လေအောင့်၊ နှလုံးအားနည်း၊ ဒူး၊ နား၊ သွား၊ သွေး သတိထားပါ။ ၅၊ ၃ အတွဲလိုက်စတဲ့ ထီဂဏန်းကို ရှာပြီး ထိုးသင့်ပါတယ်။

    တနင်္လာသားသမီးများ
    ဒီရက်မျိုးမှာ ခရီးထွက်နေလေ ကောင်းလေပါပဲ။ ရပ်ဝေးက အကူအညီ၊ အဆက်အသွယ်ကောင်းတွေ ပေါ်လာမယ်။ အလုပ်နေရာ၊ အိမ်နေရာနဲ့ ပတ်သက်တာတွေလည်း အောင်မြင်မယ်။ လုပ်ငန်းသစ်စတာ၊ နေရာပြောင်းတာတွေ လုပ်သင့်ပါတယ်။ အိပ်ရာပြောင်း အိပ်တာမျိုး၊ ခရီးထွက်တာနဲ့ အဝတ်အစားအသစ် ဝတ်တာမျိုးလုပ်ပါ။ ဘာသာရေးပိုလုပ်ပေးပါ။ ပြဿနာကြီးတွေ ကြုံရတတ်တယ်။ မတော်တဆ ထိခိုက်မိတာလေးတွေလည်း ကြုံရတတ်ပါတယ်။ စက်ကိစ္စ၊ စပ်တူကိစ္စ၊ ဆိုင်ကိစ္စ စာချုပ်စာတမ်းကိစ္စတွေ လုံးမဝလုပ်သင့်ပါဘူး။ အချစ်ရေးမှာ၊ အိမ်ထောင်ရေး တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင် ဖြစ်တတ်တယ်။  တည်တည်ငြိမ်ငြိမ် ဖြတ်သန်းပါ။ အနီ၊ အပြာ၊ အဝါရောင်များ ကံကောင်းစေပါတယ်။ ခြေထောက်၊ ခါး၊ ဒူး နဲ့ ပတ်သက်တဲ့ ရောဂါတွေ သတိထားပါ။ ၁၊ ၆  များများပါတဲ့ ထီလက်မှတ် ရှာထိုးပါ။

    အင်္ဂါသားသမီးများ
    တစ်ဇွတ်ထိုးလုပ်ပြီး အမှားကြုံတတ်ပါတယ်။ တိုင်တိုင်ပင်ပင် လုပ်သင့်တဲ့အချိန်ပါပဲ။ အလုပ်တွေ တအားလုပ်ရပြီး ငွေကျပ်နေမယ်။ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ၊ စိတ်နှစ်ခွဖြစ်စရာတွေ ကြုံလာရတတ်ပါတယ်။ နာမည်ကြီး ထမင်းငတ် ဆိုတဲ့ ကိန်းမျိုးပါပဲ။ ဘယ်လုပ်ငန်းကိုမှ ကြီးကြီးမားမား မချဲ့သင့်သေးပါဘူး။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ ဘာသာရေး၊ နိုင်ငံခြား၊ လျှပ်စစ်ပစ္စည်း၊ အထည်၊ ထီး၊ ဖိနပ် လုပ်ငန်းတွေမှာတော့ အကျိုးထူးနိုင်ပါတယ်။ ချစ်သူရည်းစားများ၊ အိမ်ထောင်ရှင်များအနေနဲ့ ကွဲကွာနေရတာ၊ ဘေးက နှောင့်ယှက်တာတွေ ကြုံရတတ်ပါတယ်။ အခြားသူများကို အကြောင်း ပြုပြီး အဆင်မပြေဖြစ်တတ်၊ စိတ်သောက ရောက်ရတတ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာမှားဆေးမှား၊ သွား၊ သွေး၊ သတိပြုသင့်ပါတယ်။ အနက်ရောင်၊ အစိမ်းရောင်တွေ ကံကောင်းစေပါတယ်။ ၅၊ ဝ အစမှာ အတွဲလိုက်ပူးနေတဲ့ ထီလက်မှတ်ကို ထိုးသင့်ပါတယ်။

    ဗုဒ္ဓဟူးသားသမီးများ
    လုပ်ငန်းဟောင်း၊ နေရာဟောင်းတွေနဲ့ ပြန်ပြီး ပတ်သက်ရတတ်ပါတယ်။ ရတနာပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အလှကုန် ပစ္စည်းတွေ ဝင်လာမယ်။ ဆွေမျိုးရင်း၊ မိတ်ဆွေရင်း တွေရဲ့ ပြဿနာ၊ ဒုက္ခတွေကိုလည်း ကူညီဖြေရှင်း ပေးရတတ်ပါတယ်။ ခရီးကိစ္စတွေ လွဲချော်နေမယ်။ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ၊ အခွင့်အရေးဟောင်းတွေလည်း ပြန်ပြီး ဝင်လာတတ်ပါတယ်။ ဘာပဲလုပ်လိုက် လုပ်လိုက် ငွေတွေဝင်လာမယ်။ အောင်မြင်နေမယ်။ ဆီး၊ မျက်စိ၊ အစာအိမ်၊ သွား၊ သွေး၊ ဒုက္ခပေးတတ်ပါတယ်။ အချစ်ရဲ့ အသီးအပွင့်တွေကို စားသုံးရမယ့်အချိန်ပါပဲ။ မျက်နှာအလွန်ပွင့်နေပါမယ်။ အစိမ်းရောင်၊ အဖြူရောင်တွေ ကံကောင်းစေပါတယ်။ အိမ်နီးပတ်ဝန်းကျင်မှာ ကလေးမွေးတဲ့ သတင်းကြားလိမ့်မယ်။ ကြားတာနဲ့ ၂ အစ ၄ အဆုံး ထီထိုးဖြစ်အောင် ထိုးလိုက်ပါ။                           

    ကြာသပတေးသားသမီးများ
    အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်တယ်။ စိတ်တိုင်းမကျစရာတွေ များနေမယ်။ အလုပ်ထွက်ချင်၊ ပြောင်းချင်တဲ့ ဆန္ဒတွေ ရှိရင် ခဏလေး စောင့်သင့်ပါတယ်။ နေရာကိစ္စ၊ အိမ်ကိစ္စများ၊ တို့လို့တန်းလန်း ဖြစ်နေတတ်ပါတယ်။ ထီး၊ ဖိနပ်၊ နာရီ လက်ဆောင်ရတတ်တယ်။ ငွေကြေးကိစ္စများ ထစ်ငေါ့လွဲချော်တတ်တယ်။ ငွေအတွက် စိတ်ပူရတတ်လို့ သူများကို ငွေမချေးသင့်ပါ။ စိတ်ညစ်ရမယ့် ဧည့်သည်များ ရောက်လာတတ်တယ်။ ဘာမှန်းမသိဘဲ အလုပ် တွေရှုပ်နေအံ့။ စိတ်မပါ ဘဲ ခရီးများသွားရတတ်တယ်။ အလုပ်အပြောင်းအလဲ၊ နေရာထိုင်ခင်း အပြောင်းအလဲနဲ့ ပတ်သက်ပြီး စကားပြောရတတ်တယ်။ နှလုံးသားရေးမှာ ဆွေမျိုးကဲ့သို့ ရင်းနှီးသူများ ဝင်ရှုပ်တတ်တယ်။ တကျက်ကျက် ဖြစ်နေတတ်တယ်။ အစိမ်း၊ အဝါ များများဝတ်ပါ။ ဦးခေါင်း၊ အကြော၊ သွားနဲ့ပက်သက်တဲ့ ရောဂါများ သတိထားပါ။ ထီထိုးလျှင် ၇၊ ဝ များများပါအောင် ထိုးပါ။

    သောကြာသားသမီးများ
    မနာလိုမှုတွေ၊ အပြိုင်အဆိုင်တွေ ပေါလာမယ်။ တမင် ရန်စခံရတတ်တယ်။ အမှုပတ်တတ်တယ်။ ပြည်တွင်း၊ ပြည်ပ ခရီးများ မရေမရာဖြစ်တတ်ပါတယ်။ အောက်လက် ငယ်သားတို့ အကျိုးပေးမယ်။ ကံတရားက ကိုယ့်ကိုမျက်နှာသာပေးတဲ့ ကိန်းဖြစ်ပါတယ်။ ငွေရွှင်မယ်၊ ရွှေ ကံကောင်းမယ်၊ အနုပညာအလုပ်၊ အလှကုန်၊ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ အလုပ်တွေမှာ အကျိုး အမြတ်များနိုင်ပါတယ်။ စပ်တူကိစ္စ၊ စာချုပ်ကိစ္စတွေတော့ သတိထားပါ။ အဖက်ဖက်က အခွင့် အလမ်းကောင်းတွေ ပေါ်လာမယ်။ အလုပ်တွေ ချဲ့သင့်၊ တိုးသင့်၊ အရှိန်မြှင့်သင့်တဲ့အချိန်ပါပဲ။ အိမ်ထောင်ရှင်များ အယူအဆကွဲလွဲပြီး အငြင်းအခုန်ဖြစ်ရတတ်တယ်။ ချစ်သူရည်းစားများ သတင်းကောင်းကြားမယ်။ ဆီး၊ မျက်စိ၊ အစာအိမ်၊ သွား၊ သွေး၊ ဒုက္ခပေးတတ်ပါတယ်။ အစိမ်းရောင်၊ အနီရောင်တွေ ကံကောင်းစေပါတယ်။ ထီဝါသနာ ပါပါ မပါပါ ၂၊ ၄ အတွဲလိုက် ပူးပြီးစတဲ့ လက်မှတ်ကို ရအောင်ရှာပြီး ထိုးသင့်ပါတယ်။

    စနေသားသမီးများ
    အနီးကပ်လူရင်းထဲက သစ္စာဖောက်သွားတတ်တယ်။ အလှူမင်္ဂလာကိစ္စ၊ မြေကိစ္စ၊ ဖုန်းကိစ္စများ အဆင်မပြေမှုများမယ်။ ဘဝနဲ့အလုပ်ကို ငြီးငွေ့စိတ်ကုန်နေတတ်တယ်။ ငွေကိစ္စ၊ ပစ္စည်းကိစ္စ၊ အရောင်းအဝယ်ကိစ္စတွေမှာလည်း တေ့လွဲလေး တွေ လွဲနေတတ်တယ်။ ဘာမဆို၊ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်သင့်တဲ့အချိန်ပါပဲ။ စပ်တူကိစ္စ စာချုပ်လုပ်ငန်းတွေ အောင်မြင် မယ်။ ဆိုင်သစ်၊ အိမ်သစ်၊ နေရာသစ်ကိစ္စတွေ အောင်မြင်မယ်။ အဖိုးတန် စက်ပစ္စည်း၊ အိမ်ထောင် ပရိဘောဂတွေ ဝင်မယ်။ မထင်မှတ်ဘဲ နိုင်ငံခြား၊ လူမျိုးခြား၊ အဆက်အသွယ် အကူအညီ ပေါ်လာတတ်ပါတယ်။ ခြေထောက်၊ ခါး၊ ဗိုက်၊ ကျန်းမာရေး ဂရုစိုက်သင့်တယ်။ အိမ်ထောင်ရှင်များ ပြေလည်မှုရပြီး အိမ်ထောင်ဖက်အတွက် ငွေကုန်တတ်တယ်။  ချစ်သူရည်းစားများကြား ဆွေမျိုး ဝင်ရှုပ်တယ်။ အနီ၊ အနက်ရောင်တွေဟာ ကံကောင်းစေပါတယ်။ ၃၊ ၉ အတွဲလိုက်စတဲ့ ဂဏန်းဟာ သင့်ကို အကျိုးပေးပါလိမ့်မယ်။

    Read More About Daily Life Articles Here


    Read 289 times Last modified on Friday, 08 September 2017 11:07
    Rate :
    (1 Vote)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.