Wednesday, 06 September 2017 04:09

    06 toxic relationship keepingscore
    မိသားစုတစ်ခုဖြစ်လာပြီဆိုရင် ဘဏ္ဍာရေးကို ထိန်းညှိတဲ့အခါမှာ စိတ်တူကိုယ်တူ ပူးပေါင်းလုပ်ဆောင်မှုလိုအပ်ပြီး ငွေကြေးဆိုင်ရာ ရည်မှန်းချက်တစ်ခု သတ်မှတ်ဖို့လိုပါတယ်။ တကယ်မေတ္တာမျှကြတဲ့သူတွေဟာ ငွေကြေးအထူ၊ အပါးကြုံရချိန် အဆိုး၊ အကောင်းကြုံရချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် အထောက်အမ ပြုကြပါတယ်။ တစ်စုံတစ်ယောက်ကို သင့်လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ မဆုံးဖြတ်ခင်မှာ သူ့အနေနဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက် ဘယ်လိုထားတယ်၊ ဘယ်လိုအကြိုက်နဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ်ဆိုတာကို အရင်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
    အဆင်မပြေတဲ့ အိမ်ထောင်တစ်ခုရဲ့ နံပါတ်တစ်အကြောင်းရင်းက ငွေရေးကြေးရေးနဲ့ ပတ်သက်နေတာမို့ ကိုယ်လက်တွဲသွားရမယ့်လူဟာ အောက်မှာဖော်ပြထားတဲ့ သတိပေးချက်တွေနဲ့ ကိုက်ညီသလားဆိုတာ လေ့လာဆန်းစစ်ဖို့ အရမ်းအရေးကြီးတာပေါ့။

    ၁။ ငွေကြးခံယူချက် တစ်ယောက်နဲ့တစ်ယောက် မတူတာ
    ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေ၊ အကြိုက်နဲ့ ဆုံးဖြတ်ချက်တွေ တစ်ယောက်နဲ့တစ်ယောက် မတူတာကို ပြောချင်တာပါ။

    ၂။ သူ့ရဲ့ ကိုယ်ပိုင်ခန့်မှန်း အသုံးစရိတ်လျာထားချက်ကို စူးစမ်းကြည့်တဲ့အခါမှာ သတ်သတ်မှတ်မှတ် ဘာမှမရှိတာ
    ခန့်မှန်းအသုံးစရိတ်လျာထားဖို့ ကောင်းကြောင်း သင်ဆွေးနွေးအကြံပေးတဲ့အခါ စိတ်ဝင်စားပုံမပြဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း ဘာမှရှေ့ဆက်မလုပ်ဆောင်ဘူးဆိုရင် ဒီလိုလူနဲ့လက်တွဲဖို့ သေချာပြန်စဉ်းစားသင့်ပါပြီ။
    542655 inventors who made no money on their inventions
    ၃။  လစဉ်ပေးချေဖို့လိုတာတွေကို အကုန်မရှင်းနိုင်ဘဲ အကြွေးတင်နေတာ
    သူ့အနေနဲ့ လစဉ်ပေးချေမှုတွေကို နောက်ကျတာ၊ လုံးဝမရှင်းတာတွေ ရှိမယ်။ သူ့ကုန်ကျစရိတ်တွေအတွက် ငွေလုံလောက်အောင် မသုံးတတ်လို့ ဒီလိုကိစ္စတွေက မကြာခဏဆိုသလို ဖြစ်နေတယ်။

    ၄။ မကြာခဏဆိုသလို အလုပ်လက်မဲ့ဖြစ်တာ
    သူအလုပ်လက်မဲ့ဖြစ်ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ အခြားသူတွေနဲ့ နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေ တိုးပွားမှုနှုန်း (သို့) အခြားအခြေအနေတွေအပေါ် အမြဲအပြစ်ပုံချတတ်တယ်။ ဒီလို အလုပ်လက်မဲ့အခြေအနေက ခေတ္တကြုံရတာပါလို့ သူဆိုတတ်ပေမယ့် အလုပ်ရတဲ့အချိန်မှာလည်း ရေရှည်မမြဲဘူး။

    ၅။ ဝင်ငွေနဲ့မမျှအောင် အသုံးအဖြုန်းကြီးတာ
    တတ်နိုင်တာထက်ကျော်ပြီး သူ့ရဲ့လူနေမှုဘဝပုံစံအတွက် ငွေအသုံးကြမ်းနေတယ်။ တစ်ခုခုလိုချင်ပြီဆိုရင် ကုန်ကျစရိတ် (သို့) ဘယ်လိုပေးရမယ်ဆိုတာကို မစဉ်းစားဘဲ ဝယ်တတ်တယ်။

    ၆။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် နှုတ်ဆိတ်နေတတ်တာ
    အောင်မြင်တဲ့ အိမ်ထောင်ရေးတွေမှာ လက်တွဲဖော်နှစ်ဦးလုံးက အရာရာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်ကြပြီး လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ သူ့အနေနဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊  ဘဝရည်မှန်းချက်တွေကို မဖွင့်ဟချင်ဘူးဆိုရင်တော့ ဒါဟာ အိမ်ထောင်ရေးအတွက် အဆင်မပြေနိုင်ဘူးဆိုတဲ့ သတိပေးချက် အလံနီပြတဲ့သဘောပါပဲ။
    GirlfriendBroke EmptyWallet
    ၇။ သင်နဲ့စတွေ့ကတည်းကစပြီး အမြဲဆိုသလို သင့်ဆီကငွေချေးတာ
    ပြဿနာ သိပ်မရှိလှဘူးဆိုပေမယ့် ဒါက ငွေကြေးနဲ့ပတ်သက်လို့ သူ့ရဲ့တွေးခေါ်ယူဆပုံတွေကို ပိုဆန်းစစ်ဖို့ လိုနေတဲ့သဘောပါပဲ။ အထင်ကြီးခံချင်တဲ့ သူတစ်ဦးအနေနဲ့ မိမိကိုအထင်ကြီးစေလိုတဲ့ အမျိုးသမီးဆီကနေ ငွေချေးတယ်ဆိုတာ ရှားပါတယ်။

    ၈။ ရက်လွန်နေတဲ့ငွေချေမှု သတိပေးဘေလ်စာရွက်တွေကို သူ့ရဲ့ထိုင်ခုံ (သို့) မီးဖိုချောင် စားပွဲပေါ်မှာတွေ့ရတာ
    ဒါက အရမ်းဆိုးရွားတဲ့ အခြေအနေကို ဖော်ပြတာပါ။ အချိန်မီငွေချေဖို့ လျစ်လျူရှုတာက ငွေကြေးဆိုင်ရာ တည်ငြိမ်မှုမရှိတာကို ပြတာပါပဲ။

    ၉။ မိဘအိမ်မှာပဲ ခိုကပ်နေသေးတာ
    ဒီအခြေအနေအတွက် အကြောင်းပြချက်ကောင်းတွေရှိတယ် ဆိုပေမယ့် ဒါက သတိထားဖို့လိုအပ်တဲ့အချက်ပါပဲ။ သူ့မိဘတွေကို ကူညီဖို့အတွက် သူနေတာလား။ အပြင်ထွက်ပြီး တကယ့်ဝင်ငွေရှာဖို့ထက် မိဘအိမ်မှာ ထိုင်စာတာပိုလွယ်လို့ နေနေတာများလား။ ကိုယ်ပိုင်အိမ်ဝယ်ဖို့ ငွေစုတဲ့အချိန်တွင်းဖြစ်နေလို့ နေတာများလား ဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။ 

    ၁၀။ အကြွေးနှစ်နေပြီး အဲဒီအခြေအနေကနေ ရုန်းမထွက်နိုင်တာ
    ရုန်းထွက်ဖို့ မကြိုးစားပဲနေရင် သင်တို့အိမ်ထောင်ရေးက အခက်အခဲတွေနဲ့ ကြုံတွေ့စေနိုင်ပါတယ်။

    ၁၁။ မလိုအပ်ပဲ အချိန်ကုန်ခံပြီး ကောလိပ် (သို့) သင်တန်းအမျိုးမျိုး ပြောင်းတက်နေတာ
    ဒီအတွက် သူဘယ်အချိန်မှာများ ဘွဲ့ရပါတော့မလဲလို့ သင်အံ့သြစပြုလာပြီ။ အပိုသင်တန်းတွေ၊ ပညာရေးတွေကို လိုက်စားတာ ထောက်ခံသင့်ပေမယ့် နောက်ဆုံးမှာ သူ့အနေနဲ့ ဘွဲ့ရပြီး အလုပ်တစ်ခုခု ရှာနိုင်ဖို့တော့လိုပါတယ်။
    20170320171623 hoa don1
    ၁၂။ နှစ်ယောက်အတူ ညစာစားတာ၊ ရုပ်ရှင်ကြည့်တာ၊ ပွဲလမ်းသဘင်တွေ (သို့) အားကစားပွဲတစ်ခုခု သွားတဲ့အခါ  ကုန်ကျစရိတ်အကုန် သင်ပဲရှင်းနေရတာ
    ယနေ့ မျက်မှောက်ယဉ်ကျေးမှုအရ ရံဖန်ရံခါ ဆိုသလို အမျိုးသမီးတွေ ငွေရှင်းတာ သင့်တော်တယ်ဆိုပေမယ့် ဒါကအလေအကျင့်တစ်ခုလို မဖြစ်သင့်ပါဘူး။ သင်နဲ့ ချစ်ကြိုက်နေတဲ့ အမျိုးသားက ကုန်ကျစရိတ်ကို စိုက်ထုတ်ပေးဖို့ သင့်ကိုဆိုလာခဲ့ရင်တော့ ဒါဟာ အချက်ပေး အလံနီပြတာပါပဲ။ အိမ်ရောက်တဲ့အခါ ငွေကြေးနဲ့ပတ်သက်လို့ သူ့ရဲ့အစီအစဉ်တွေ၊ တွေးခေါ်ယူဆပုံတွေနဲ့ အလေ့အကျင့်တွေကို သေချာစုံစမ်းထားဖို့ လိုနေပါပြီ။

    Read More About Daily Life Articles Here


    Read 262 times Last modified on Wednesday, 06 September 2017 09:45
    Rate :
    (1 Vote)

    1 comment

    • GuyX
      Comment Link

      I have noticed that your blog needs some fresh articles.
      Writing manually takes a lot of time, but there is tool for this boring task, search for:
      Wrastain's tools for content

      Friday, 22 September 2017 05:11 posted by GuyX
      Report

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.